Home » , » ၀ိုင်ပီအိုင် သတင်းထောက် ခြိမ်းခြောက်ခံရ

ဝိုင်ပီအိုင် သတင်းထောက် ခြိမ်းခြောက်ခံရ

Written By မောင်စေတနာ on Tuesday, March 27, 2012 | 3:35:00 AM


သတင်းသမားများ၏ လွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရ
မတ်လ ၂၆ ရက်၊ ၂၀၁၂ ခုနှစ် (YPI)

ယုံကြည်အပ်နှံ အလွဲသုံးစားမှု ပုဒ်မ ၄၀၆ ဖြင့်စွဲဆိုခံရသည့် အမှုတစ်မှုနှင့် ပတ်သက်၍ စသုံးလုံး (အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့) တွင် ခေါ်ယူစစ်ဆေးခံနေရစဉ် မိန်းကလေး တဦး သေဆုံးသွားသည့် ကိစ္စကို သတင်းသွားရောက်စုံစမ်းစဉ် စသုံးလုံး ၀န်ထမ်းများက သတင်းထောက်အား ယခုအမှုကို ဆက်လက်စုံစမ်းပါက ညီလေး အန္တရာယ် ရှိသည်ဟု ခြိမ်းခြောက်ခံနေရသည်။

သေဆုံးသူ မိန်းကလေး၏ မိသားစုဝင်များအနေဖြင့် ရုတ်တရက် သေဆုံးရသည့်အကြောင်းအရင်း သိရှိလိုသဖြင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံသို့ သွားရောက်ခဲ့သည်။

ထိုသို့ သွားရောက်နေစဉ် သတင်းထောက်က မိသားစုဝင်များနှင့် မေးမြန်းရန် ကြိုးစားသည့် သတင်းထောက်ကို စသုံးလုံး ၀န်ထမ်းများက ခြိမ်းခြောက်ခြင်း ဖြစ်သည်။

ယခုကိစ္စလို လူတယောက် အသက်ဆုံးရှုံးသွားရသည့် အဖြစ်ကို မိသားစုဝင်များ အနေဖြင့် အဖြစ်မှန်အတိုင်း သိရှိလိုမည်ဖြစ်ပါသည်။ ထိုသို့ သောကိစ္စတွင် သတင်းမီဒီယာက တနည်းတလမ်းဖြင့် အမှန်တရား ပေါ်ထွက်လာအောင် မီးမောင်းထိုးပြပေးရန် တာဝန်ရှိသည်ဟု ယူဆပါသည်။

နိုင်ငံတော် လျို့ဝှက်ချက် မဟုတ်သော၊ တိုင်းပြည်လုံးခြုံရေး နှင့် မပတ်သက်သည့် သတင်း အချက်အလက်များကို သတင်းမီဒီယာမှ ရှာဖွေဖေါ်ထုတ်ခွင့် ရှိသည်ဟု ယုံကြည်ပါသည်။

သမ္မတ ဦးသိန်းစိန်က စနစ်ပြောင်း၍ ခေတ်ပြောင်းနေပြီဟု မိန့်ခွန်းထဲတွင် မကြာခဏ အလေးပေးပြောဆိုနေချိန် ၊ ပွင့်လင်းမြင်သာမှုရှိဖို့ တာဝန်ယူမှုရှိဖို့ ပြောဆိုထားချိန်၊ စတုတ္ထမဏ္ဍိုင်သည် လည်း တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွင် အရေးပါသည့် ထောင့်တထောင့်မှ လုပ်ဆောင်လျှက်ရှိနေချိန်တွင် ယခင်ထောက်လှမ်းရေး ကြီးစိုးသည့် ခေတ်ကဲ့သို့ ခြိမ်းခြောက်ခြင်းမျိုးသည် သတင်းမီဒီယာ အား အင်အားချည့်နဲ့အောင် လုပ်ဆောင်သကဲ့သို့ ရှိပါသည်။

စတုတ္ထမဏ္ဍိုင် အားကောင်းစေရန် ယခုကိစ္စလို ကိစ္စတွင် မီဒီယာ အားလုံး ၀ိုင်းဝန်းရပ်တည်ရန် လိုအပ်သည်ဟု YPI အနေဖြင့် ယုံကြည်ပါသည်။

ညွှန်း -
Yangon Press International - http://www.facebook.com/ygnpress/posts/341395405907088

Source by :http://www.irrawaddyblog.com/
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။