Home » , , » မလေးရှားနိုင်ငံ ပီနန်မြို့သို့ ခရီးသွား မှတ်တမ်း ဓာတ်ပုံများ (၂)

မလေးရှားနိုင်ငံ ပီနန်မြို့သို့ ခရီးသွား မှတ်တမ်း ဓာတ်ပုံများ (၂)

Written By မောင်စေတနာ on Tuesday, March 27, 2012 | 4:58:00 AM



မလေးရှားနိုင်ငံ ပီနန်မြို့သို့ ခရီးသွား မှတ်တမ်း အပိုင်း (၂) ဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင် လေ့လာခရီး အဖြစ် အွန်လိုင်းမှ မိတ်ဆွေ သူငယ်ချင်းများကို တင်ပြနိုင်ဖို့ အတွက် အလည်သွားဖြစ်တဲ့ ခရီးစဉ် တစ်ခုလည်း ဖြစ်တယ်။ ဒီပုံလေးက သင်္ဘောနဲ့ ရေလည် တစ်နေရာကို ရောက်နေတဲ့ အချိန်မှာ ရိုက်ကူးတဲ့ ပုံလေး ဖြစ်ပါတယ်။



ရေလည် တစ်နေရာကို ရောက်တော့ လေတွေက တစ်ဝူးဝူး နဲ့ တိုက်ခတ်နေတာ သင်္ဘောပေါ်ကနေ ပီနန်မြို့ရဲ့ လှပတဲ့ နေရာလေးတွေ အဝေးကနေ ကြည့်ရှုနိုင်ပါတယ်။



ဒါက သဘောင်္ပေါ်မှာ လူတွေ ကားတွေနဲ့ တင်ဆောင်လာတဲ့ ပုံလေး ဖြစ်ပါတယ်။ လူတွေက သိပ်မများတော့ သဘောင်္လေး စီးပြီး တစ်ဖက်ကမ်းကို ကူးရတာ ပျော်ဖို့ကောင်းပါတယ် ခင်ဗျာ။ ပီနန်မှာ သင်္ကြန်ဆို ကြိတ်ကြိတ်ထိုး စီးရတယ် လို့ သိရပါတယ်။ ပုံထဲက မလေး တစ်ရောက်က သူလည်း ပါချင်တယ်တဲ့ .. ဒါနဲ့ အမှတ်တရ ရိုက်ပေးလိုက်တာ .... မျက်လုံးက ဟိုဖက် ကြည့်နေတာဂျာ .... ဟီး .........



ရေဆန်ဖြတ်ကူး နေတဲ့ သင်္ဘောနဘေးက ရေလှိုင်းလေးတွေ ဖြစ်ပါတယ်။ ကျွန်တော့်ကို လိုက်ပို့တဲ့ ကိုလတ်က ကင်မရာ ရေထဲ ပြုတ်ကျမှာ စိုးလို့ သတိပေးလို့ တစ်ပုံပဲ ရိုက်ဖြစ်ပါတယ်။



ဒီပုံလေးကတော့ ကုန်သဘောင်္တွေ ကုန်ပစ္စည်းတင်တဲ့ အချိန်မှာ ရေနက် နေရာတွေမှာ ခဏ ရပ်နားပြီး ပစ္စည်းတွေ တင်တဲ့ နေရာလေး ဖြစ်ပါတယ်။



ဒါကတော့ အားလုံးသိမယ် ထင်ပါတယ်ဗျာ။ ပီနန် တံတားကြီး ဖြစ်ပါတယ်။ အရှည်ကြီးပါပဲ ။ သဘောင်္နဲ့ မကူးချင်တဲ့ သူတွေအတွက် တံတားကနေ ကူးပြီး တစ်ဖက်ကမ်းကို သွားရောက်နိုင်ပါတယ် ခင်ဗျာ။



ပီနန်မြို့ တစ်ဖက်ကမ်းမှာ ရှိတဲ့ လှပတဲ့ ရှခင်းလေးကို ရေလည်တစ်နေရာမှ ဒီလို တွေ့ရပါတယ်။



ဒါလေးကတော့ ပီနန် ဘာတာဝပ်ဖက်မှာ ရှိတဲ့ ကွန်တိန်နာ ပစ္စည်းတွေ တင်ဆောင်တဲ့ နေရာလေး ဖြစ်ပါတယ်။



ဒီပုံလေးက ကြည့်ကောင်းတယ်ဗျာ။ သင်္ဘောရပ်နားထားတဲ့ နေရာလေးက စနပ်ကျလို့ ကောက်ရိုက်ထားတာပါ။



ဒါက သဘောင်္အကြီးပဲ အွန်လိုင်းက သူငယ်ချင်းတွေကို ပြလို့ရအောင် ရိုက်ထားတာဗျာ။ စီးလို့ကောင်းမယ် ကြီးကြီးပဲဂျာ .... ဟီးးးး .........



ဒီဖက်ကမ်းကို ရောက်ခါနီးနေပီဗျာ။ ဆိပ်ကမ်းနဲ့ နီးနေပီ။



ပီနန်မြို့ တစ်ဖက်ကမ်း အလှလေးကို အဝေးကနေ ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။



ဒီသင်္ဘောတွေပဲ ဟိုဖက်ဒီဖက် ၄ စီးလောက် ပြေးဆွဲနေတာပဲ နှစ်ထပ် သင်္ဘောတွေဗျာ။ သူငယ်ချင်းတို့ စီးဆင်ချင်ရင် ပီနန်ကို ရောက်မှ စီးကြပါနော် ... ဒီတစ်ပတ်တော့ ဒီလောက်ပါပဲဗျာ။ အပိုင်းဆက်တွေ ကျန်ပါသေးတယ်။ ဆက်လက် အားပေးကြပါ ခင်ဂျာ ...


မလေးရှားနိုင်ငံ ပီနန်မြို့သို့ ခရီးသွား မှတ်တမ်း ဓာတ်ပုံများ (၃) ကို ဆက်လက်စောင့်မျှော် ဖတ်ပေးပါနော် ... ကျွန်တော် အလုပ်များနေလို့ အထုမှ ဘလော့တင်ဖြစ်တာပါ။ နားလည်ပေးကြပါဂျာ ...



Malaysia News Information & Online Radio Blogger
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။