Home » , , » လူငယ်တွေ သေနတ်မကိုင်ဘဲ လပ်တော့ကိုင်စေလိုသည်ဟု သမ္မတဦးသိန်းစိန်ပြောကြား

လူငယ်တွေ သေနတ်မကိုင်ဘဲ လပ်တော့ကိုင်စေလိုသည်ဟု သမ္မတဦးသိန်းစိန်ပြောကြား

Written By မောင်စေတနာ on Friday, March 2, 2012 | 1:42:00 PM



မြန်မာအစိုးရအဖွဲ့သစ် တာဝန်ယူခြင်း သက်တမ်း တစ်နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အနေဖြင့် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ နံနက် ၁၀ နာရီတွင် မိန့်ခွန်းပြောကြားခဲ့သည်။ မြန်မာ့ရုပ်သံ MRTV လိုင်းများနှင့် Skynet ရုပ်သံလိုင်းများမှ တိုက်ရိုက် လွှင့်တင်ခဲ့သည်။

လူငယ်များ၊ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်လူငယ်များ၊ ပြည်တွင်း ငြိမ်းချမ်းရေးတို့နှင့် ပတ်သက်၍ ပြောကြားရာတွင် " တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးပြောသည့် စကားကို ပြန်လည် မျှဝေလိုကြောင်း၊ တိုင်းရင်းသား လူငယ်များအနေဖြင့် သေနတ်မကိုင်လိုပဲ လပ်တော့ ကိုသာ ကိုင်လိုသည်ဟု ပြောဆိုခဲ့ကြောင်း ထိုစကားရပ်ကို မိမိအနေဖြင့် ခံစားရပါကြောင်း၊ တိုင်းရင်းသား လူငယ်များ သေနတ်မကိုင်ဘဲ လပ်တော့ ကိုင်နိုင်ရန် ဖြည့်ဆည့်းပေးဖို့ တာဝန်ရှိကြောင်း၊ ပြည်တွင်းငြိမ်း ချမ်းရေးနှင့် တိုင်းရင်းသားများ ဆန္ဒပြည့်ဝရေးမှာ သမိုင်းပေး တာဝန်ပင်ဖြစ်ကြောင်း၊

မိမိတို့အစိုးရ လက်ထက်တွင် အောင်မြင်အောင် ဖော်ဆောင်ဖို့ ယုံကြည်ချက်ခိုင်မာအောင် ထားရှိပါကြောင်း၊ အမျိုးသားပြန် လည်စည်းလုံးညီညွတ်ရေးတွင် ယုံကြည်မှုက အရေးကြီးကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပရိယာယ်မရှိဘဲ ပင်လုံစိတ်ဓါတ်ကို အခြေခံကာ ယုံကြည်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။

တိုင်းရင်းသားဒေသများရှိ လူငယ်များ၊ ကလေးငယ်များ၏ ပညာရေး အခွင့်အလမ်းများမှာ လွန်စွာနိမ့်ပါးနေဆဲပင်ဖြစ်သည်။ ကျောင်း မနေနိုင်သေးသည့် ကလေးငယ်ဦးရေမှာလည်း မြင့်မားနေပါသည်။ တစ်နိုင်ငံလုံးတွင် ကျောင်းထွက်နှုန်းလည်း လွန်စွာမြင့်မားနေဆဲဖြစ်ပြီး ကျောင်း၊ စာသင်ခန်းပြင်ပ ကလေး ငယ်ဦးရေမှာ သုံးပုံတစ်ပုံခန့် ရှိနိုင်သည်ဟု သုတေသနများ အရ ခန့်မှန်းထားကြသည်။

ထို့အပြင် ကျန်းမာရေးနှင့် ပညာရေး အသုံးစရိတ်တိုးမြှင့်ထားခြင်းကိုလည်း သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

ကျန်းမာရေး အသုံးစရိတ်ကို ယခင်နှစ်ကထက် လေးဆတိုးမြင့်ထားကြောင်း၊ ပညာရေး အသုံးစရိတ်ကို ယခင်နှစ်ကထက် နှစ်ဆတိုးမြင့်ထားကြောင်း၊ ပြုပြင်ပြောင်းလဲမှုကို အခြေခံပြီး ကဏ္ဍ အသီးသီးကို မြင့်မားအောင် ဆောင်ရွက်နိုင်မှသာလျှင် ရေမြင့်ကြာတင့် ဖြစ်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မက ပြောကြားခဲ့ပါသည်။

မကြာသေးမီက အင်တာဗျူးတစ်ခုတွင် ပြည်နယ်ပညာရေးမှူးတာဝန်ယူခဲ့သူ၊ မွန်အမျိုးသားဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိမ်းက ပညာရေးဘတ်ဂျက်ကို အဆ ၂၀ ခန့်အထိတိုးမြှင့်ရန် လိုအပ်ကြောင်းထောက်ပြခဲ့သည်။ အထူးသဖြင့် ပညာရေး အရည်အသွေးနှင့် အရေအတွက်ပါ မြင့်မားလာစေရန် များစွာ လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း သုတေသီ များက ထောက်ပြထားကြသည်။

လက် ရှိပြောင်းလဲ မှုများမှာ နောက်ကြောင်းပြန်မ လှည့်နိုင်ဟုလည်း သမ္မတဦးသိန်းစိန်က က တိေ ပးပြောကြားခဲ့သည်။

Source by :မောက္ခပြည်တွင်းသတင်း
Share this article :

1 comments:

မဒမ်ကိုး said...

တဂ်ပိုစ့်လေးရေးပေးပါဦး မောင်လေးရေ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။