Home » , , , » Window က File တွေ Folder တွေကို Shred လုပ်ရအောင်

Window က File တွေ Folder တွေကို Shred လုပ်ရအောင်

Written By မောင်စေတနာ on Tuesday, February 21, 2012 | 2:00:00 AM


ကွန်ပျူတာ က File တွေ Folder တွေကို ဖျက်တာကတော့ ရှိးရှင်းပီး လွယ်ကူစွာ ပီးမြောက်နိုင်တဲ့ အရာပါနော်။အဲဒါက File တစ်ခုကို အပီးပိုင် ဖျက်ချင်တာလား ဒါမဟုတ် လက်ရှိနေရာကနေပဲ ဖျက်လိုက်ပီး နောက်ပြန်ပီးသုံးနိုင်စေဖို့ Recycle Bin ထဲမှာပဲ ထားမှာလားဆိုတာကတော့ သုံးတဲ့ User ပေါ်မှာပဲ မူတည်ပါတယ်။ပထမ အခြေအနေမှာ ပြောချင်တာက User က File သို့ Folder တစ်ခုခုကို အသုံးမလိုတော့လို့ အပီးပိုင် ဖျက်ချင်လို့ Shift + Delete ကို ရွေးလိုက်မယ် ဆိုပါစို့။

ကဲ သူတို့တွေ ဟာတကယ်ပဲ အပီးပိုင် ပျက်သွားပါတယ်လို့ ကျွန်တော်တို့ပြောလို့ မသေချာနိုင်ပါဘူး။ ကျွန်တော်တို့တွေ Trace လုပ်လို့ ရသလို Recover ပြန်လုပ်လို့ ရနိုင်တဲ့ အတွက်ကြောင့်ပါ။ကဲ ဒီလို အခြေ အနေလေးတွေကလည်း တစ်ချို့ ကိစ္စ လေးတွေကို အန္တာရာယ်များ ရှိနေစေမလားဗျာ။အဲဒီ အတွက် File Shredding လေးကိုပြောမလို့ပါ။ သူ့ကို အခြေခံ အားဖြင့်တော့ File တစ်ခုကို လုံးဝကို ဖယ်ရှားပစ်ဖို့နဲ့ ပြန်ပီး Recover လုပ်ခွင့်မရှိအောင် လုပ်ချင်ရင် သုံးမှာပါ။

ဒီလိုဖြစ်စဉ်အတွက် Shredders တွေဟာ System တွေပေါ်ကနေ တိကျတဲ့ Context တစ်ခုကို ဖယ်ရှားဖို့ အတွက် များစွာသော Mechanisms ကိုသုံးပါတယ်။Moo0 File Shredder ဆိုတာကတော့ ဆိုက်လေးသေးတယ်၊ အသုံးလည်းတဲ့တယ်၊နောက်ပီး Free လည်းဖြစ်ပီး လိုအပ်တဲ့ File တွေ Folder တွေကို မြန်မြန်ဆန်ဆန် ဖယ်ရှားဖို့အတွက် Drag and Drop ကိုလည်း Support လုပ်ထားပါတယ် File Shredder လုပ်တဲ့ နေရာမှာ အရမ်းကို လွယ်ကူစေပါတယ်။

ကျွန်တော် တို့တွေ သူ့ရဲ့ အတွင်းပိုင်းကို ကြည့်မယ်ဆိုရင်လည်း ကွဲပြားတဲ့ algorithms ကိုလုပ်ဆောင်ဖို့ အတွက် အခြေခံအားဖြင့် သုံးတဲ့ list of different file shredding methods ကိုလည်းတွေ့ရမှာပါ။ရရှိနိုင်တဲ့ Methods တွေထဲက ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ အညီ သုံးနိုင်မှာပါ။ဒီ Methods တွေထဲမှ တစ်ခုစီတိုင်းဟာ ကွဲပြားတဲ့ Hard-core Deletion Methods တွေကို User တွေ Specified လုပ်တဲ့ အတိုင်း များစွာသော လုပ်ဆောင်ချက်တွေကို ဆောင်ရွက်နိုင်ပါတယ်။ကဲ ပြောခဲ့တဲ့ အတိုင်းပဲ ကျွန်တော်လိုအပ်တဲ့ Shredding Method တစ်ခုကို ရွေးပီး တာနဲ့ File ကို System ထဲမှာ ဖယ်ရှားဖို့ အတွက် Application ထဲကို Drag လုပ်ရမှာပါ။

ကို Drag လုပ်လိုက်တဲ့ File ကို Permanent deletion အတွက် Tool ဟာချက်ချင်းတုံ့ပြန်ပီး Shredding Action အတွက် Confirm လုပ်ခိုင်းမှာပါ။ Yes နှိပ်လိုက်တာနဲ့ လုပ်ငန်းစတင်မှာပါ။ ဒီလို လုပ်ခြင်းဟာ Normal Way နဲ့ မတူတဲ့ အတွက် ရွေးချယ်ခဲ့တဲ့ Method နဲ့ File Size ပေါ်မူတည်ပီး အချိန်အနည်းငယ် ယူကောင်းယူနေမှာပါ။စမ်းကြည့်ချင်ရင်တော့ ယူလိုက်ပါ ။


Download Here

အားလုံးအဆင်ပြေကြပါစေ
မျိုးကိုကို


freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။