Home » » ဘယ်လာမီအတွက် ကျေးဇူးပါလို့ မန်စီးတီးကို ပြောလိုက်တဲ့ လီဗာပူးလ် နည်းပြ ကန်နီဒဲလ်ဂလစ်ခ်ျ

ဘယ်လာမီအတွက် ကျေးဇူးပါလို့ မန်စီးတီးကို ပြောလိုက်တဲ့ လီဗာပူးလ် နည်းပြ ကန်နီဒဲလ်ဂလစ်ခ်ျ

Written By မောင်စေတနာ on Thursday, January 26, 2012 | 9:30:00 PM



လီဗာပူးလ် အသင်းအား ကာလင်းဖလား ဖိုင်နယ်သို့ တက်ရောက်ခွင့် ရရှိရန် အဖိုးတန်ခြေပဂိုး သွင်းယူပေးခဲ့သူ ဘယ်လာမီအား လီဗာပူးလ် နည်းပြ ကန်နီဒဲဂလစ်ခ်ျက ထုတ်ဖေါ်ချီးကျူးလိုက်သည်။

အဆိုပါ ဝေးလ်တိုက်စစ်မှူးသည် ၎င်းပွဲစဉ်တွင် အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့သလို အိမ်ရှင် အသင်းအနေဖြင့် မန်စီးတီး အသင်းအား နှစ်ကျော့ပေါင်း (၃-၂)ဖြင့် အနိုင်ရရှိစေမည့် ဂိုးကိုလည်း ပွဲချိန်(၇၄)မိနစ်တွင် သွင်းယူပေးခဲ့သည်။

ဒဲဂလစ်ခ်ျက "သူ ပြင်းပြင်းထန်ထန် အလုပ်လုပ်သလို သူ့ရဲ့ အရည်အသွေးကလည်း ထက်မြတ်ပါတယ်၊ ဒုတိယဂိုးကို သူသွင်းယူခဲ့ပုံကတော့ တစ်ကယ့်ကို ထူးခြားကောင်းမွန်လှပါတယ်။"

"ကျွန်တော်တို့ သူ့အတွက် ကျေနပ်ဝမ်းသာနေကြပြီး သူနဲ့အတူ ပျော်ရွှင်ကျေနပ်နေကြပါတယ်။"

"တစ်ကယ်လို့ သူ့လို ကစားသမားမျိုး နောက်တစ်ယောက်သာ မန်စီးတီးက ရောင်းချင်တဲ့ ဆန္ဒရှိသေးရင်၊ ကျွန်တော်တို့ East Lancs Road ကိုသွားရောက် ၀ယ်ယူခဲ့မှာ ဖြစ်ပါတယ်။"

"ကျွန်တော်တို့ သူ့အကြောင်းကို အရင်တုန်းကလည်း အကြိမ်ပေါင်းများစွာ ပြောခဲ့ကြပါတယ်၊ သူ့ရဲ့ တောက်ပမှုအကြောင်း ချီးကျူး ခဲ့ကြပါတယ်။"

"ဒီညကတော့ ကျွန်တော်တို့အတွက် သိပ်ကို ကြီးကျယ်လှပါတယ်၊ ဒါပေမယ့် သူတို့ထဲက ကစားသမားတိုင်းလည်း သိပ်ကို ကောင်းခဲ့ကြပါတယ်။" ဟုပြောကြားခဲ့သည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။