Home » , » အကျဉ်းကျ မြန်မာ အလုပ်သမားများအား သွားရောက်တွေ့ဆုံ

အကျဉ်းကျ မြန်မာ အလုပ်သမားများအား သွားရောက်တွေ့ဆုံ

Written By မောင်စေတနာ on Friday, January 27, 2012 | 12:00:00 AM



ဇန်န၀ါရီလ (၁၉)ရက်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)သည် ဖန်ငခရိုင်၊ တကွာပါမြို့ရှိ အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအား သွားရောက် တွေ့ဆုံခဲ့သည်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အလုပ်သမား ဖွံ့ဖြိုးရေးဌာန တာဝန်ခံ ကိုမိုးဝေက “ကျနော်တို့ အဖွဲ့အနေနဲ့ ၂၀၁၂ ခုနှစ်မှာ တကွာပါနဲ့ ဖန်ငထောင်တွေမှာရှိတဲ့ အကျဉ်းကျ မြန်မာ အလုပ်သမားတွေကို တစ်လတစ်ကြိမ် သွားတွေ့မှာ ဖြစ်တယ်။

ကျနော်တို့က သာမန် ထောင်ဝင်စာတွေ့တဲ့ ပုံစံမျိုး မဟုတ်ဘူး။ ထောင်ထဲအထိဝင်ပြီး သူတို့ နေထိုင် စားသောက်ပုံကို အသေးစိတ် လေ့လာခွင့်ရသလို အကျဉ်းသားတွေနဲ့လည်း ရင်းရင်းနှီးနှီး စကားပြောခွင့်ရပြီး၊ သူတို့ရဲ့ လိုအပ်ချက် အခက်အခဲတွေကို ဆွေးနွေးခွင့် ရခဲ့တယ်”ဟု ပြောပြသွားသည်။

အကျဉ်းသားများအတွက် ငပိကြော်၊ ဘာလချောင်ကြော်များ ပေးအပ်ခဲ့ပြီး မဂ္ဂဇင်း၊ ဆောင်းပါးနှင့် အလုပ်သမား အခွင့်အရေးဆိုင်ရာ စာအုပ်၊ စာစောင်များ၊ အစားအသောက်၊ ဆေးဝါးများနှင့် အားကစား ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကာ အားပေးစကားများ ပြောကြားခဲ့သည်။ (FED) ကျန်းမာရေးဌာနကလည်း ကျန်းမာရေးပညာပေးခြင်းနှင့် လိုအပ် သည့် ဆေးဝါးများ ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။



တကွာပါ အကျဉ်းထောင်တွင် (၂၀၁၁) နိုဝင်ဘာလတွင် အကျဉ်းကျ ခံနေရသော ရွှေ့ပြောင်းမြန်မာ အလုပ်သမား (၃၂)ဦး ရှိခဲ့ရာ ဒီဇင်ဘာလ ထိုင်းဘုရင်မင်းမြတ်ကြီး မွေးနေ့တွင် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် (၂၇)ယောက် လွတ်မြောက်ခဲ့ပြီး ယခုအချိန်တွင် ( ၅)ယောက်သာ ကျန်ရှိတော့ကြောင်း သိရသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။