Home » , » အန်ဒရိုက်ဖုန်းနဲ့ မြန်မာစာဖတ်နိုင်မယ့် မြန်မာဘရောက်ဇာ ထွက်ပြီ

အန်ဒရိုက်ဖုန်းနဲ့ မြန်မာစာဖတ်နိုင်မယ့် မြန်မာဘရောက်ဇာ ထွက်ပြီ

Written By မောင်စေတနာ on Monday, January 16, 2012 | 6:30:00 AM



Root လုပ်စရာမလို ၊ မြန်မာဖောင့်သွင်းစရာမလိုဘဲ Website တွေကို မြန်မာစာနဲ့မြင်ချင်သူများအတွက် 1st Myanamr Browser v0.2 for Android ထွက်ပေါ်လာပြီလို့ ရေးထားပါတယ်။

အဲသည် မိုဘိုင်း အက်ပ်အမည်က 1st Myanamr Browser ဖြစ်ပြီး ထုတ်လုပ်မျှဝေသူက Developer Name-ကိုထင်အောင် (NUS) ဖြစ်ပါတယ်။

iPhone/iPad တွေမှာ Jailbreak လုပ်စရာမလိုဘဲ မြန်မာစာမြင်ရစေတဲ့ မြန်မာ Browser တွေအများကြီးရှိပေမယ့် Android အတွက်တော့ ဒီ application လေးက ပထမဆုံးဖြစ်ပါတယ်။ ဒီ Browser လေးက ဇော်ဂျီဖောင့်နဲ့ Win-Innwa ဖောင့်နှစ်မျိုးကို Support လုပ်ပါတယ်။

အခု Update Version 0.2 မှာပြင်ဆင်ပေးထားတဲ့အချက်တွေကို Developer ကိုထင်အောင်က အောက်ပါ အတိုင်းပြောပြခဲ့ပါတယ်။

“အရင် version မှာ javascript ကြောင့် တစ်ခါတစ်လေ Crash ဖြစ်သွားတာကို ပြန်လည်ပြင်ပေးထားပါတယ်။။ နောက်တစ်ခုက Multi Tab ဖွင့်ပြီး Loading လုပ်နေရင်း တခြား Tab တစ်ခုကိုပြောင်းလိုက်ရင် ပထမ Tab မှာ Font မပေါ်တော့တာကိုလည်း ပြင်ဆင်ပေးထားပါတယ်။ Forum တွေကို Login ၀င်တဲ့အခါမှာ Cache ကြောင့် Login ၀င်ထား သော်လည်း Sign-in စာမျက်နှာကိုပဲပြန်ရောက်နေတဲ့ error များကို ပြန်လည်ပြင်ဆင်ပေး ထားတာပါတယ်။ “

ဒီ Browser လေးနဲ့Facebook သုံးရာမှာလည်း Root လုပ်စရာမလို ၊ဘာမြန်မာဖောင့်မှသွင်းစရာမလိုဘဲ မြန်မာလိုမြင်နိုင်တာကိုတွေ့ရမှာပါ။

Website တွေကိုကြည့်ရာမှာလည်း မြန်မာစာကိုအဆင်ပြေပြေမြင်နိုင်တာကိုတွေ့ရပါတယ်။

Flash ကိုအထောက်အပံပေးနိုင်ခြင်း နဲ့ တခြား browser နဲ့ကြည့်ရှုထားတဲ့ Browser Bookmarks တွေကို ဒီ Browser ထဲမှာ import လုပ်ပြီးကြည့်နိုင်ခြင်းဟာလည်း တော်တော် ကောင်းမွန်တဲ့အချက်တွေပဲဖြစ်ပါတယ်။ Android OS ဖုန်း/Tablet တွေကိုအသုံးပြုနေကြတဲ့ မြန်မာ Android User များအတွက် သတင်းကောင်းတစ်ခုပါပဲ။ 1st Myanmar Browser ကိုလိုချင်တယ်ဆိုရင်တော့ အောက်မှာရယူနိုင်ပါတယ်။

1st Myanmar Browser v0.2 for Android အားရယူရန်

1st Myanmar Browser v0.2 for Android အားရယူရန် (MediaFire Link)

1st Myanmar Browser v0.2 for Android အားရယူရန် (Ziddu Link)

1st Myanmar Browser v0.2 for Android အားရယူရန် (iFile Link)

1st Myanmar Browser v0.2 for Android အားရယူရန် (ZShare Link)


Source by : http://www.myanmarmobileapp.com/?p=4739

သက်နိုင်စိုး၊ မြန်မာမိုဘိုင်းအက်ပ် ဘလော့ဂ်က ကောက်နုတ်ဖော်ပြသည်။
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။