Home » , , » USB Mixer ဆိုတာ သင်သိပြီးပြီလား?

USB Mixer ဆိုတာ သင်သိပြီးပြီလား?

Written By မောင်စေတနာ on Sunday, December 11, 2011 | 10:29:00 AM

ဒီသင်ခန်းစာကို ဖတ်တဲ့အခါ Mixer ဆိုတာဘာလဲ နဂိုကတည်းကသင်သိထားရမှာဖြစ်ပါတယ်။ USB Mixer ဆိုတာကတော့ - ကွန်ပျူတာနဲ့ တွဲသုံးလေ့ရှိတဲ့ Mixer ဖြစ်ပါတယ်။ ကွန်ပျူတာနှင့် ချိတ်ဆက်တဲ့ အခါ USB Connection ကို အသုံးပြုပြီး ချိတ်ဆက်ရပါတယ်။

ဒါကြောင့်လည်း သူ့ကို USB Mixer ရယ်လို့ခေါ်ပါတယ်။ အခုတင်ပြမယ့် သင်ခန်းစာမှာ တော့ သင်တို့လည်း USB Mixer ဆိုတာ သိလာအောင်၊ မြင်ဖူး လာအောင်ရယ် ဘယ်လို အမျိုးအစားတွေ ဈေးကွက်မှာ ၀ယ်လို့ရတယ် ဆိုတာရယ်ကိုပါသိသွားအောင် ပြောပြပေးမှာဖြစ်ပါတယ်။

သင်တို့ကို ပြောပြ ဖို့ရာ ကျွန်တော်ကတော့ Alesis ကထုတ်လုပ်တဲ့ Multimix 8 USB Mixer ကိုတင်ပြချင်ပါတယ်။ ၄င်းကတော့ ဈေးအားဖြင့် ၁၅၉ ဒေါ်လာလောက်ရှိပါတယ်။ ကဲ အခုပြောပြမယ့် အောက်က အကြောင်းအရာများကတော့ Alesis ကထုတ်တဲ့ USB Mixer နဲ့ ပတ်သက်တဲ့ အကြောင်းတွေပဲဖြစ်ပါတယ်။

၎င်းကို Studio-quality ရှိတဲ့ အစိတ်အပိုင်းများနှင့် Processing Effects များကို ပေါင်းစပ်ထားပြီး အကောင်းဆုံး ပြုလုပ်ထားပါတယ်။ MultiMix Mixer တွေမှာ Standard Recording Software ကို အသုံးပြု၍ 16-bit Simultaneous Stereo Input and Output အတွက် Direct-to-Computer Audio Interfacing ပြုလုပ်ရန် USB Audio ပါဝင်ပါတယ်။ ဖတ်လိုက်တာ ရှုပ်သွားမယ်ထင်တယ်။

ဆိုလိုတာက ကွန်ပျူတာနဲ့ Mixer ဟာ USB နှင့် တိုက်ရိုက်ဆက်သွယ်ထားပါတယ်။ ပုံမှန် အသံဖမ်းတဲ့ Software တစ်ခုနဲ့ အသံဖမ်းတဲ့အခါမှာ အ၀င် အထွက် နှစ်ခု စလုံးကို Stereo ဖြင့် ၀င်စေထွက်စေနိုင်ပြီး Dithering bit ကတော့ 16 bit ဖြစ်ပါတယ်။

သူ့ရဲ့ Specification ကိုဖော်ပြရမယ်ဆိုရင် -

၁။ Mic နှင့် Line က ၄ ပေါက် ပါပါတယ်။ မိုက်ကတော့ XLR Connection ဖြစ်ပြီးတော့ Line ကတော့ Quarter inch တွေဖြစ်ပါတယ်။ Mic ကို ကျွေး (ပေး) ရတဲ့ Phantom Power 48 V လည်း ပါဝင်ပါတယ်။

၂။ အခြားသော Line Input နဲ့ Aux Send တွေလည်း ပါဝင်ပါတယ်။ ၄င်းတို့ကို အခြားသော External Effect တွေကို Send လုပ်လို့ရတဲ့အပြင် ဒီ Mixer ထဲကိုလည်း ပြန် Send လို့ ရပါတယ်။

၃။ 28 bit ရှိတဲ့ အသင့်ပြုလုပ်ထားသော Effect ပေါင်း အခု ၁၀၀ ပါဝင်ပါတယ်။ အဲ့ဒါတွေကဘာတွေလည်းဆိုရင် Reverb တို့ Delay, Chorus, Flanger, Pitch စသဖြင့် အများကြီးပါဝင်မှာဖြစ်ပါတယ်။

၎။ Mixer ရဲ့ Channel တစ်ခုချင်းစီမှာ High, Low, Mid စသဖြင့် Band ၃ ခုပါဝင်တဲ့ Shelving EQ ပါဝင်ပါတယ်။

၅။ Quarter inch ရှိတဲ့ Main က အထွက် တစ်ပေါက်၊ Monitor (Speaker) အတွက် အထွက် တစ်ပေါက်၊ Headphone နားကြပ်အတွက် အထွက် တစ်ပေါက် သီးခြား ပါရှိပါသေးတယ်။

၆။ ကွန်ပျူတာနဲ့ ဆက်သွယ်ဖို့ USB ပေါက် ပါရှိပါတယ်။

၇။ ၄င်း USB Mixer အတွက် Drivers တင်ပေးစရာမလိုပါဘူး။

၈။ Windows Operating System မှာပဲဖြစ်စေ၊ Mac မှာပဲဖြစ်စေ ၄င်းဟာ Plug and Play အလုပ်လုပ်ပေးနိုင်ပါတယ်။ အဲ့ တစ်ခုတော့ ရှိပါတယ်။ ၄င်း ဟာ Windows XP Home Version နှင့် XP Professional Version တွေမှာပဲ အလုပ်လုပ်ပါတယ်။

၉။ ၄င်း နှင့် Cubase LE Version ပါဝင်ပါသေးတယ်။

ကဲ ဒါတွေကတော့ Alesis ကထုတ်လုပ်တဲ့ Multimix 8 USB Mixer မှာပါဝင်တဲ့အကြောင်းတွေပဲဖြစ်ပါတယ်။ အခုဆိုရင် သင်တို့လည်း Mixer မှာပါတဲ့ အကြောင်းအရာတွေကို ဒီသင်ခန်းစာဖတ်ရင်း ရင်းနှီးသွား လောက်ပြီပေါ့။

Source by :http://www.onlineictreader.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။