Home » , » SOHO Network အကြောင်း သိကောင်းစရာများ

SOHO Network အကြောင်း သိကောင်းစရာများ

Written By မောင်စေတနာ on Friday, December 2, 2011 | 2:30:00 PM


SOHO ဆိုတာ Small office/ Home office ကို ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ရုံးအသးစားလေးတွေကို ရည်ညွှန်းထားတာပေါ့ဗျာ။ ဒီလိုဗျ။ယခု နောက်ပိုင်းမှာ ကုမ္ပဏီအများစုဟာ သေးငယ်သည်ဖြစ်စေ၊ ကြီးမားတဲ့ကုမ္ပဏီဖြစ်စေ ကွန်ပျူတာတွေလိုအပ်လာပါပြီ။ အရင်လိုမည်သည့် ကိစ္စကိုမဆို paper base နဲ့ အလုပ်မလုပ်ကြတော့ပါဘူး။

IT ခေတ်ကိုဗျ။ ခေတ်ရဲ့ပြောင်းလဲလာတာနှင့်အညီ မည်သည့်ကုမ္ပဏီမဆို ကွန်ပျူတာ အနည်းနှင့်အများ ရှိကြမှာပဲလေ။ ဒါကလည်း ကုမ္ပဏီတစ်ခုရဲ့ အင်အားပေါ်လည်း မူတည်သကိုး။ ကြီးမားတဲ့ကုမ္ပဏီများဆိုရင် ကွန်ပျူတာတွေ များလာမယ်။

နောက်ပြီးတော့ များလာတဲ့ကွန်ပျူတာတွေ အချင်းချင်း ချိတ်ဆက်လာကြတော့ ကြီးမားတဲ့ Network ကြီးဖြစ်လာပြီကိုး။ ဟုတ်ပါပြီ။ အဲဒီ Network အတွင်းမှာ ကွန်ပျူတာတွေပါမယ်၊ ပရင်တာတွေပါမယ်။ ပြီးတော့ Network ချိတ်ရာမှာ အသုံးပြုမယ့် switch တွေ၊Hubတွေပါမယ် ပေါ့ဗျာ။

နောက်ဆုံး မှာတော့ တစ်ရုံးလုံးအတွက် Internet connection ကိုအသုံးပြုမယ့် Modemတွေ၊ Routerတွေ သုံးလာကြပြီပေါ့ဗျာ။ အဲဒါက ကြီးမားတဲ့ ကုမ္ပဏီကြီးတွေဆိုရင်ပေါ့လေ။ အဲလိုမျိုး ကွန်ပျူတာတွေများ လားလေလေ၊ Network ကကြီးလာလေလေ၊ IT Department အတွက် ပညာရှင်တွေ လိုအပ်လာလေပေါ့ဗျာ။ ဟုတ်ပါပြီ ဒါက ကြီးမားတဲ့ကုမ္ပဏီကြီးတွေ၊ အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေပေါ့ဗျာ။

အဲဒီလိုမျိုး ကုမ္ပဏီအကြီးစား ကြီးမားတဲ့အဖွဲ့အစည်းတွေလိုမဟုတ်ဘဲ သေးငယ်တဲ့ ကုမ္ပဏီမျိုးဆိုကြပါစို့။ ၄င်းလိုမျိုးကိုတော့ Small office/ Home office လို့ ခေါ်တယ်ဗျ။ သေးငယ်တဲ့အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် သေးငယ်တဲ့ရုံးခန်းလိုမျိုးပေါ့ဗျာ။

အဲဒီလိုမျိုးကိုတော့ SOHO Network လို့ခေါ်တယ်။ ဒါဆို ၄င်း SOHO Network မှာ ဘာတွေပါမလဲ။ ဘယ်လိုကွန်ပျူတာတွေပါမလဲ။ တခြားဘယ်လို Deviceတွေပါမလဲ။ အသုံးပြုတဲ့ ကွန်ပျူတာတွေဘယ်လို ချိတ်ထားလဲ။ အများကြီးပဲနော်၊ စိတ်မပျက်ပါနဲ့။

SOHO Network အတွက် ဘယ်လိုအသုံးပြုပြီး ချိတ်ဆက်မလဲဆိုတာ ပျော်စရာကောင်းပါတယ်။ SOHO LANS ကို 1983 ခုနှစ်မှာ PC ကွန်ပျူတာတွေ၊ Ethernet ၊Disk တွေနဲ့ Printerတွေကို ဝေမျှသုံးစွဲပြီးကတည်းကစတင်ခဲ့ပါတယ်။ SOHO Network မှာ အသုံးပြုမယ့် ကွန်ပျူတာတွေဟာ နှစ်လုံးထက်မကပါဝင်မယ်။ နောက်ပြီး ကွန်ပျူတာတွေအပြင် Diskတွေ၊ Printer တွေ ပါဝင်မယ်။

ချိတ်ဆက်မယ့်ကွန်ပျူတာတွေအတွက် Cable တွေ လိုအပ်မယ်။ ဒါတွေက SOHO Network အတွက် လိုအပ်တဲ့အချက်လေးတွေပေါ့ဗျာ။ နောက်ပြီး ၄င်း cable တွေနဲ့ ကွန်ပျူတာတွေ၊ printer တွေ၊ Diskကို ဘယ်လိုချိတ်ဆက်အသုံးပြုမလဲ။ ဆိုလိုတာက Network ရဲ့ Tology ကို ပြောတာပါ။ Network Topology ဆိုတာ ၄င်းကို

Technical View Point ကကြည့်တာပါ။ Network Topology (4) ခုရှိပါတယ်။ Star Topology, Ring Topology, Bus Topology နဲ့ Mesh Topology တို့ပေါ့ဗျာ။ ပုံမှန်အားဖြင့် SOHO Network (LAN)ကို Star Topologyနဲ့ချိတ်ဆက်အသုံးပြုကြ ပါတယ်။ ၄င်း Topology ဟာ Central Device ဖြစ်တဲ့ Hub(သို့) Switchမှ တစ်ဆင့်ကွန်ပျူတာတွေ၊printerတွေ၊ Disk တွေကို ဝေမျှသုံးစွဲခွင့်ကို ဖန်တီးပေးတာဖြစ်ပါတယ်။

မည်သည့် SOHO Network မျိုးမဆိုပါ။ အောက်ပါအချက်အလက်နှင့်အညီ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ၄င်းမှာ

(1)Hardware (2)Channel (3)Software တို့ဖြစ်ပါတယ်။

(1)ံ့Hardware

ဒီလိုဗျ။ ၄င်း SOHO Network ဖြစ်ဖြစ်၊ မည်သည့် Network ဖြစ်ဖြစ်ပါ။ Hardware Device တွေကတော့ လိုအပ်ကြတာချည်းပါပဲ။ ၄င်း Hardware မှာ PC Computer တွေပါမယ်။ ကွန်ပျူတာတွေ နှစ်လုံးထက်မကပါမယ်။ ၄င်းနောက်ပိုင်းမှာ ကွန်ပျူတာတွေအချင်းချင်းချိတ်ဆက်ဖို့ ဆိုရင် NIC ဆိုတဲ့ Network Interface Card တွေလိုမယ်။

နောက်ပြီး ချိတ်ဆက်ဖို့ရန်အတွက် Network Cable တွေလိုအပ်မယ်ပေါ့ဗျာ။ များလှချည် လားဗျ။ဒီလိုလည်းမဟုတ်ပါဘူး။

ဒါကလိုအပ်တဲ့ SOHO Network အတွက် Hardware Guideလေးတွေပါ။ အဲနောက်ပြီး printer တွေနဲ့Disk တွေ ပါဝင်လာမယ်။ နောက်ဆုံးတော့ ကွန်ပျူတာတွေ ချိတ်ဆက်မယ့် Device တွေဖြစ်တဲ့Switchတွေ Hubတွေပါလာပြီပေါ့ဗျာ။ဒါတွေက SOHO Network (LAN) အတွက် လိုအပ်တဲ့Hardware Guide လေးတွေပါ။

(2)Channel

ဒီ channel ကဏ္ဍမှာတော့ဖြင့် Networkအတွင်းမှာ အသုံးပြုမယ့် cable အကြောင်းလေးတွေပါ။ Network cableတွေက Hardware Guide မှာပါဝင်ပြီးပြီလေ။ ဒီလိုလည်းမဟုတ်ပါဘူး။ အခုပြောချင်တဲ့အကြောင်းက ၄င်း SOHO Network အတွင်းမှာ Bandwidthဘယ်လောက်နှုန်းနဲ့ Dataတွေ၊ Informationတွေကို အသုံးပြုမှာလဲဆိုတာပါ။ ပုံမှန်အားဖြင့် Dataတွေ၊ Informationတွေကို Tansfer လုပ်ရမှာ killo bits per second (Kbps), Megabits per second (Mbps) နှင့် Giga bits per second(Gbps) ဆိုပြီး တိုင်းတာကြပါတယ်။

Bits per second (bps)ဆိုတာ အသုံးပြု တဲ့Network media (or) Channel ပေါ်မှာ တစ်စက္ကန့်အတွင်း သွားနိုင်တဲ့ bits အရေအတွက်ပမာဏကို ပြောတာပါ။ ပုံမှန်အားဖြင့် SOHO Network (LAN)တွေဟာ(100Mbps) ကို အသုံးပြုကာ ချိတ်ဆက်ကြပါတယ်။ ဒါပေမယ့် တစ်ချို့ SOHO Network(LAN)တွေမှာ(10Mbps) ကိုပဲ အသုံးပြုပြီး ချိတ်ဆက်လျက်ရှိပါသေးတယ်။

ယခုဒီအချက်အလက်တွေက SOHO Network (LAN) အတွင်းမှာ အသုံးပြုမယ့် (Channel) တွေရဲ့ အကြောင်း ဖြစ်ပါတယ်။

(3)Software

အခုနောက်ဆုံးSoftware ကဏ္ဍဖြစ်တဲ့နေရာမှာတော့ ပုံမှန်အားဖြင့် အသုံးပြုမယ့် ကွန်ပျူတာတွေဟာ ဘယ်လို
Operating system(OS) တွေ အသုံးပြုမှာလဲ။ OS မှာ ပုံမှန်အားဖြင့် Microsoft ရဲ့ Window OS နဲ့ Appleရဲ့ Machintoash OS တို့ပဲဖြစ်ပါတယ်။Microsoft Window OS ကိုပဲ အသုံးများကြပါတယ်။ ဒါက OS အကြောင်းပါ။

နောက်ပိုင်း user တွေရဲ့ လိုအပ်တဲ့ Software တွေကို install လုပ်နိုင်ပါတယ်။ အဓိက ၄င်း Software ကဏ္ဍမှာ ဘယ်OSကို အသုံးပြုမလဲဆိုတာပါပဲ။ ဒီအချက်အလက်တွေဟာ SOHO Network (LAN) မှာ အသုံးပြုမယ့် (Software)တွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။

ယခုအခါ SOHO Network(LAN) မှာပါဝင်မယ့် အဓိကအကြောင်းအရာလေးတွေကို ဖော်ပြပေးခဲ့ပါတယ်။ ဒါ့အပြင် SOHONetwork (LAN) တွေမှာ အသုံးပြုမယ့် အချက်အလက်တွေပါ။ နောက်ပိုင်းကျန်ရှိနေတဲ့ SOHO Network (LAN) အကြောင်းတွေကို အလျဉ်းသင့်သလို ဖော်ပြပေးသွားပါ့မယ်။

Source by :http://www.onlineictreader.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။