Home » , » ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ဗီဇာသက်တမ်းတိုးရန် နှင့် သိကောင်းစရာများ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ဗီဇာသက်တမ်းတိုးရန် နှင့် သိကောင်းစရာများ

Written By မောင်စေတနာ on Friday, December 2, 2011 | 4:30:00 AM



ထိုင်းရောက်မြန်မာ အလုပ်သမားများ (ယာယီနိုင်ငံကူးလက်မှတ်ရှိသူများ) အနေဖြင့် ထိုင်းအစိုးရမှ ပေးထားသော ဗီဇာ သက်တမ်း (၂) ပြည့်ရန် (၁) လအလိုတွင် မိမိတို.နေထိုင်ရာ လူဝင်မှု.ကြီးကြပ်ရေး ရဲစခန်းများသို့ သွားရောက် အကြောင်းကြားကာ ဗီဇာသက်တမ်း တိုးရန် သတိပေးလိုပါတယ်။

လိုအပ်သည့်အချက်အလက်များ

၁။ Passport မူရင်း(သက်တမ်း တိုးပြီးဖြစ်ရပါမယ်)
၂။ Work permit မူရင်း
၃။ ဆေးစစ်လက်မှတ်
၎။ အလုပ်၇ှင်ဧ။် အိမ်လိပ်စာ တို.ပဲဖြစ်ပါတယ်။

မှတ်ချက်(၁) Work Permit မရှိသူများအနေနှင့် ဗီဇာ သက်တမ်း တိုးပေးမည်မဟုတ်ပါ။ မှတ်ချက်(၂) ဗီဇာသက်တမ်း ကုန်လွန်ပြီး (၇) အတွင်း ဒဏ်ငွေပေးရန်မလိုပဲ (၇)ရက်ကျော်ပါက (၁)ရက်ဒဏ်ငွေ (၅၀၀) ဘတ့်ဖြင့် ရက်ကျော်သလောက် ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်ပါတယ်။

မှတ်ချက်(၃) (၁) လနှင့်အထက်ကျော်သူများမှာ ဒဏ်ငွေ (၂၀၀၀၀) ဘတ် ပေးဆောင်ရမည်ဖြစ်ပါတယ်။ မှတ်ချက်(၄) ပါတ်စပို. သက်တမ်း (၃) နှစ်သမားများအနေနှင့် နောက်တစ်ကြိမ် သက်တမ်း (၃) နှစ်တိုးပြီးဖြစ်ရပါမယ်။

မှတ်ချက်(၅) ဗီဇာ သက်တမ်း တိုးကြေး ပေးဆောင်ရန်မှာ (၃၀၀၀) ဘတ် ဖြစ်ပါတယ်။ (နယ်မြေအလိုက်ကွာခြားနိုင်သလို ပွဲစားများ နှင့်လုပ်ပါက ဈေးကွားဟနိုင်ပါတယ်) ။ မှတ်ချက်(၆) ဗီဇာ သက်တမ်းတိုးပြီးပါက အလုပ်လုပ်ကိုင်ခွင့်  Work Permit ကိုလဲ သက်တမ်း ထပ်မံတိုးရမည် ဖြစ်ပါတယ်...။

ထိုင်းနိုင်ငံ ရောက်မြန်မာ အလုပ်သမားများ အနေနှင့် မိမိတို.ဧ။် ယာယီနိုင်ငံကူးလက်မှတ်များအား အထူးဂ ရုစိုက်စွာ လုပ်သင့်သည်များကို အချိန်နောက်မကျစေပဲ လုပ်ကိုင်နိုင်ရန်အတွက် အသိပေး အပ်ပါတယ်ဗျာ။

Source by : မင်းလွမ်းနောင်(ပန်းတနော်)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။