အနုပညာပန်းခင်းအတွင်း လှပလန်းဆန်းသည့် ပန်းလေးများစွာ ဖူးပွင့်နေကြသည့်အနက် ကချင်တိုင်းရင်းသူ ဆယ်ကျော်သက် မော်ဒယ်လ်လေး Mဆိုင်းလူ လည်း အပါအ၀င်ဖြစ်သည်။ Mဆိုင်းလူ ပြောပြခဲ့သည့် စိတ်ကြိုက်ဖက်ရှင်မှာ “ဆိုင်းလူက ဖက်ရှင်စိတ်ကူးတွေ စဉ်းစားရတာ ငယ်ငယ်ကတည်းက ၀ါသနာပါ တာ။ ကချင်ပြည်နယ်မှာ နေကတည်းကလည်း ဖက်ရှင်နဲ့ ပတ်သက်လို့ လက်လှမ်းမီသလောက် လေ့လာဖြစ်တယ်။
ဒါကြောင့် ဒီကဏ္ဍအတွက် ဖက်ရှင်စိတ်ကူးကိုလည်း ကိုယ်တိုင်ပဲ ဖန်တီးဖြစ်တာပါ။ အခုတလော ဆိုင်းလူက ကလေးဆန်တဲ့ဂါဝန်အတိုလေးတွေ ကြိုက်နေတယ်။ အခုက ဆောင်းရာသီ ဆိုပေမယ့် အရမ်းကြီး မအေးသေးတဲ့အတွက် ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ဂါဝန်လေးတွေ ၀တ်ဖြစ်နေတယ်လေ။ ပထမ၀တ်စုံလေးက ဂါဝန်အဖြူ ရောင်လေးပါ။ ဆိုင်းလူက ချည်သားလေးတွေ သဘောကျတာကြောင့် ချည်သားဂါဝန် အဖြူရောင်လေးကို ရွေးဖြစ်တာ။ ဂါဝန်ဒီဇီုင်းက ရိုးရိုးလေးကိုမှ ခါးမှာဇာကို ခါးပတ်ပြားပုံစံလေး ထည့်ထားတာပါ။
ဖိနပ်ကိုတော့ အဖြူရောင်လေဒီရှူးလေးပဲ စီးထားပါတယ်။ တခြား accessories တွေကိုတော့ သီးခြား ဘာမှမ၀တ်ဖြစ်ဘူး။ ဒီဝတ်စုံလေးကို ခြုံပြီးပြောရရင် ပေါ့ပါးလွတ်လပ်တဲ့ ဖက်ရှင်ဒီဇိုင်းလေးပါပဲ။ ဒုတိယ၀တ်စုံလေးကလည်း ချည်သားဂါဝန်လေးပါပဲ။ လိမ္မော်ရောင် ဂါဝန် လေးပေါ်မှာ နက်ပြာရောင် အတွန့်ဖတ်လေးတွေ ထည့်ပြီး အလှဆင်ထားတာပါ။
ဖိနပ်ကိုတော့ အဖြူပေါ်မှာ အနီရောင်အစင်းလေးတွေ ပါတဲ့ ရှူးဖိနပ်လေးစီး ဖြစ်ပါတယ်။ မိတ်ကပ်ကတော့ ကိုယ်တိုင်ပဲ လိမ်းဖြစ်တယ်။ ဆိုင်းလူက မိတ်ကပ်တွေ အများကြီးလိမ်းရတာ သိပ်မကြိုက်ဘူး။ ဒါကြောင့် မိတ်ကပ်ခပ်ပါးပါးပဲလိမ်းပြီး ပန်းရောင်သန်းတဲ့ မိတ်ကပ်ပုံစံလေး လိမ်းထားပါတယ်။ ဆံပင်ကအတိုဆိုတော့ ဘာမှထွေထွေထူးထူး မလုပ်ဖြစ်ဘဲ ဒုတိယ၀တ်စုံမှာ ဖဲပြားကလစ်လေး တပ်ဆင်ဖြစ်ပါတယ်”ဟု ပြောပြခဲ့သည်။
ဖက်ရှင်စိတ်ကူးများနှင့် ပတ်သက်၍ “ဆိုင်းလူက ဖက်ရှင်နဲ့ ပတ်သက်လို့ ငယ်ငယ်ကတည်းက စိတ်ဝင်စားတာ။ အင်္ကျီအသစ်တစ်ထည် ၀ယ်ရင်တောင် သူ့ပုံစံ အတိုင်း ၀တ်တာမျိုးထက် ဘယ်လိုလေးပြန်ထွင်ရင် ရမလဲဆိုတာ အမြဲစဉ်းစားဖြစ် တယ်။
ဖက်ရှင်နဲ့ပတ်သက်တဲ့ နိုင်ငံခြား ကက်တလောက်တွေ၊ ၀က်ဘ်ဆိုက်တွေ၊ channel တွေ အမြဲလေ့လာဖြစ်ပါတယ်။ ဖက်ရှင်ဆိုတာက အရမ်းဆန်းသစ်တယ် ဆိုတာမျိုးထက် ကိုယ်နဲ့လိုက်ဖက်တဲ့ ၀တ်စားဆင်ယင်မှုမျိုးကို ကိုယ်ပိုင် စိတ်ကူးလေးနဲ့ဝတ်တာ အကောင်းဆုံးလို့တော့ ထင်ပါတယ်” ဟု Mဆိုင်းလူက ဆက်လက်ရှင်းပြခဲ့သည်။
Source by :http://www.news-eleven.com/

0 comments:
Post a Comment