Home » » မလေးသွားတဲ့ ခိုးလှေနစ်၊ လူအများအပြား သေဆုံးဖွယ်ရှိ

မလေးသွားတဲ့ ခိုးလှေနစ်၊ လူအများအပြား သေဆုံးဖွယ်ရှိ

Written By မောင်စေတနာ on Sunday, December 18, 2011 | 5:47:00 PM



ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကော့ဘဇား ကမ်းခြေမှ မလေးကို ခိုးထွက်သော စက်လှေ တစီး မြန်မာ နယ်စပ် အနီးတွင် နစ်သွား သဖြင့် လူအများအပြား ပျောက်ဆုံးနေကြောင်း သိရသည်။ မလေးသို့ ခိုးထွက်သော ဘုတ်များမှာ ယခုငါးဖမ်းဘုတ်လောက် အဆင့်မှီ မကောင်းပါ။

" အခု သေတာက ၅ ယောက်ရှိတယ်။ ၂၅ ဦးက ပျောက်ဆုံးနေတယ်။ ၉ ဦးကိုတော့ ငါးဖမ်း စက်လှေ တစ်စီးက ကယ်တင်ခဲ့ရတယ်။ တခြားလူတွေလည်း ကမ်းကို ကူးပြီး ပြန်လာကြတယ်" ဟု ဆင်မဖြူကျွန်းပေါ်မှ မြန်မာ နိုင်ငံသား တစ်ဦးက ပြောသည်။

စက်လှေသည် လူပေါင်း ၁၃၁ ဦးကို တင်ဆောင်ပြီး ကော့စ်ဘဇားကမ်းခြေမှ တဆင့် အင်္ဂါနေ့ ညဉ့်အချိန်က ထွက်ခွာလာရာ ဗုဒ္ဓဟူးနေ့ နံနက် အစောပိုင်း ၂ နာရီခွဲခန့်တွင် နတ်မြစ်ဝရှိ ဆင်မဖြူကျွန်း အနောက်ဘက် (၁၀) မိုင်အကွာတွင် နစ်မြုပ်သွားခြင်း ဖြစ်သည်။

" စက်လှေ နစ်တာက လူများတဲ့ အတွက် ဖြစ်ပါတယ်။ တိမ်းမှောက်ပြီး နစ်သွားတာ ဖြစ်ပါတယ်။ စက်လှေထဲမှာလည်း တချို့ပါသွားတယ်လို့ သိရပါတယ်" ဟု သူက ဆက်ပြောသည်။

ယခု စက်လှေဖြင့် မလေးရှားသို့ ခိုးသွားသူများတွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံများသာမက မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မှ မွတ်ဆလင် တချို့လည်း ပါဝင်ပြီး သေဆုံးသူများမှာ မည်သူ မည်ဝါ ဖြစ်ကြောင်း မသိရသေးကြောင်း သတင်းများက ဖေါ်ပြသည်။

မလေးရှားသို့ စက်လှေဖြင့် ခိုးထွက်သူများ အနေဖြင့် ပွဲစားများကို တာကာငွေ ၂ သောင်းမှ ၃ သောင်းထိ ပေးရကြောင်း၊ လမ်းခရီးတွင် လှေနစ်သွားပါက ပွဲစားများမှ တာဝန် မယူကြောင်းနှင့် ငွေများကိုလည်း ပြန်အမ်းခြင်း မရှိကြောင်း သိရသည်။

ယခု မလေးရှားသို့ သွားသည့် စက်လှေ နစ်မြုပ်မူသည် ဒုတိယ အကြိမ်မြောက် ဖြစ်ပြီး နိုဝင်္ဘာလ ၂၂ ရက်နေ့ကလည်း မြန်မာ နယ်စပ် အနီး နာခေါင်တိုမြစ်အတွင်း တစ်စီးနစ်မြုပ်ခဲ့သည်။ အဆိုပါ နစ်မြုပ်မူတွင် လူပေါင်း (၆၀) ခန့်သေဆုံးခဲ့သည်။

Source by :နိရဉ္စရာမှ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။