ထိုင်းနိုင်ငံဘုရင်မင်းမြတ်ဘူမိဘောအဒူယာဒက် ၏ ၈၄ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်ပွဲ တော်တရပ်ကို ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ်မဲဆောက် မြို့တွင်ကျင်းပမည်ဖြစ်ရာ ပွဲတော်ကျင်းပရေး ကော်မတီက ဒေသတွင်းရောက်မြန်မာများအတွက် ပျော်ပွဲရွှင်ပွဲများအဖြစ် မြန်မာနိုင်ငံမှ နာမည်ရ အဆိုတော်များ၏ ဂီတဖျော်ဖြေပွဲများနှင့် ထိုင်း-မြန်မာ ချစ်ကြည်ရေး လက်ဝှေ့ပွဲများကိုလည်း ထည့်သွင်း ကျင်းပမည်ဖြစ်သည်။
ဒီဇင်ဘာလ ၁ ရက်မှ ၄ ရက်နေ့အထိ ညဘက်တွင်ကျင်းပမည့် ထိုင်း-မြန်မာချစ်ကြည်ရေး လက်ဝှေ့ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ထိုးသတ်လိုသည့် မြန်မာလက်ဝှေ့ဝါသနာရှင်များ ပွဲကျင်း ပရာလက်ဝှေ့ကြိုးဝိုင်းအနီးတွင် စာရင်ပေးသွင်းနိုင်သည်ဟုသိရသည်။
Source by :http://www.irrawaddyblog.com
0 comments:
Post a Comment