Home » » ယူရိုပါလိဂ်တွင် ကစားရန် မစောင့်နိုင်အောင် ဖြစ်ရသည် ဆိုတဲ့ မန်ယူတိုက်စစ်မှူး ၀ိန်းရွန်းနေ

ယူရိုပါလိဂ်တွင် ကစားရန် မစောင့်နိုင်အောင် ဖြစ်ရသည် ဆိုတဲ့ မန်ယူတိုက်စစ်မှူး ၀ိန်းရွန်းနေ

Written By မောင်စေတနာ on Saturday, December 17, 2011 | 2:30:00 PM



ချန်ပီယံလိဂ်မှ ထွက်ရသည့် အသင်းကို ယူရိုပါလိဂ်တွင် ဆက်လက် ကစားစေခြင်းသည် ပြစ်ဒဏ်ပေးခြင်း တစ်မျိုးပင် ဖြစ်သည်ဟု ဝေဖန်ခဲ့သော ဖါဂူဆန်၏ စကားနှင့် ဆန့်ကျင်လျှက် မန်ယူတိုက်စစ်မှူး ၀ိန်းရွန်းနေက ယူရိုပါလိဂ်တွင် ကစားရန် မစောင့်နိုင်အောင် ဖြစ်ရသည်ဟု ပြောကြားခဲ့သည်။

မန်ချက်စတာ ယူနိုက်တက်အသင်းသည် ၂-၁ ဖြင့် ဘေဆယ်လ် အသင်းကို ရှုံးနိမ့်ခဲ့ရပြီးနောက် ချန်ပီယံလိဂ် အုပ်စုအဆင့်မှပင် ထွက်ခဲ့ရကာ ယူရိုပါလိဂ် တွင် ၀င်ရောက်ကစားရန် အခြေအနေ ဖြစ်လာခဲ့သည်။

အသက် ၂၆ နှစ်ရှိ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ရွန်းနေကမူ ဖလားရရေး အခွင့်အရေး ကျန်နေသေးသည့် ယူရိုပါလိဂ်ကစားရန် မျှော်လင့်သည်မှာ လက်ရှိအခြေအနေအပေါ်ကိုသာ အလေးထားခြင်း ဖြစ်သည်ဟု မန်ချက်စတာ ယူနိုက်တက်အသင်း၏ တရားဝင် ၀ဘ်ဆိုဒ် ManUtd.com မှ ကျင်းပသော ပရိသတ်များ၏ အမေးဖြေဆိုခြင်း ကဏ္ဍတွင် ပြောဆိုခဲ့သလို သူ့အနေဖြင့် မြို့ခံပြိုင်ဖက် မန်ချက်စတာ စီးတီးအသင်းနှင့် ကစားရမည့် အက်ဖ်အေဖလား ပြိုင်ပွဲကိုလည်း အလားတူပင် သဘောထားသည်ဟု ဆိုသည်။

အဆိုပါ အမေးအဖြေထဲမှာ အကောင်းဆုံး မေးခွန်းများကို ကောက်နုတ်ဖေါ်ပြ အပ်ပါသည်။

ခင်ဗျားအနေနဲ့ ယူရိုပါလိဂ်မှာ ကစားဖို့ ဆန္ဒရှိပါသလား

ရွန်းနေ - သေချာတာပေါ့ဗျာ. ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတာဟာ ရှက်ဖွယ်ပါ။ တကယ့်ကို ချန်ပီယံလိဂ်မှာ ကစားချင်ပါတယ်။ ကံမကောင်း အကြောင်းမလှစွာနဲ့ ကျွန်တော်တို့ ထွက်ခဲ့ရပါပြီ။ အခုအချိန်မှာ ကျွန်တော်တို့ အာရုံထားရတော့မှာက ပရီးမီးယားလိဂ် နဲ့ ယူရိုပါလိဂ် ပဲ ဖြစ်ပါတယ်။ ကျွန်တော့် အထင်တော့ မန်နေဂျာကြီးဟာ ယူရိုပါလိဂ်ဖလား မရဖူးဘူး ထင်ပါတယ်။ ဒါပေမယ့် သူ အနိုင်လိုချင်နေမှာပဲ ဆိုတာတော့ ကျွန်တော်သေချာပေါက် ပြောရဲပါတယ်။ ကစားတဲ့ ပွဲတိုင်း အားလုံးကို ကျွန်တော်တို့ အနိုင်လိုချင်ကြပါတယ်။ အဲ့ဒီပြိုင်ပွဲမှာ အသင်းကောင်းတွေရှိပါတယ်။ ဒါပေမယ့်ဗျာ ကျွန်တော်တို့ကတော့ အလုပ်ကောင်းကောင်းသာ လုပ်မယ်ဆိုရင် လိုချင်တာ ရတယ်ဆိုတာကို ယုံကြည်မှု အပြည့်ရှိပါတယ်။ ကျွန်တော်တို့ အနိုင်ယူဖို့ ကစားသွားမှာပါ။

ရွန်းနေ - ခင်ဗျားတို့ အသင်းအပေါ် ဖလက်ချာ (အူသိမ်တွင် ရောဂါပိုးအဆန်း မိနေသဖြင့် ရာသီကုန်အထိ ကစားနိုင်ခြင်း မရှိ) နဲ့ ဗီဒစ် (ဒူးအရွတ်ခွဲစိတ်ကုသမှုခံရသဖြင့် တစ်နှစ်နီးပါး စကားနိုင်မည့်အခြေအနေမရှိ) တို့ မကစားနိုင်တဲ့ အပေါ် ဒီရာသီအတွက် ထိခိုက်မှုရှိနိုင်လား..

သူတို့ နှစ်ယောက်စလုံးဟာ ကျွန်တော်တို့ အတွက်တော့သိပ်ကို အရေးကြီးတဲ့ ကစားသမား တွေဖြစ်ကြပါတယ်။ ဗီဒစ်ဟာ ကျွန်တော်တို့ရဲ့ နောက်တန်း ခံစစ်မှူးကြီး ဖြစ်သလို အသင်းခေါင်းဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ကို ကျွန်တော်တို့ ဆုံးရှုံးရပါတော့မယ်။

ဒါပေမယ့် ကျွန်တော်တို့မှာ ပါရမီရှင် လူငယ် ကစားသမားတွေနဲ့ အားဖြည့်နိုင်ပါလိမ့်မယ်။ ဒီလိုပါပဲ ဒါရင်း (ဖလက်ချာ) ဟာလည်း ကြီးကျယ်တဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ မကြာခင် သူပြန်ကျန်းမာလာမယ်လို့ မျှော်လင့်ထားပါတယ်။ သူသာပြန်ကျန်းမာလာမယ်ဆိုရင် ကျွန်တော်တို့အသင်း ပိုမိုတောင့်တင်းသွားမှာတော့ သေချာပါတယ်။

ရွန်းနေ -မန်ချက်စတာ စီးတီးအသင်းနဲ့ အက်ဖ်အေဖလား တတိယ အဆင့်မှာ ကစားရဖို့ မဲကျတဲ့အပေါ် ခင်ဗျား ဘယ်လို ခံစားရပါသလဲ..

မဲခွဲတဲ့ အချိန်မှာ ကျွန်တော်က ကိုယ့်ကားပေါ်မှာ ကိုယ်ရှိနေပါတယ်။ အခု ကျွန်တော့်အိမ်ကနေ လီဗာပူးလ်ကို ကားမောင်းနေတာပါ။ ကျွန်တော့်ဘေးမှာ မေမေ နဲ့ ဖေဖေတို့ အတူလိုက်ပါလာပါတယ်။ အဲ့ဒီသတင်းကြားတော့ ကျွန်တော် တီဗွီကိုလှမ်းကြည့်လိုက်ပါတယ်။ ထိပ်သီးခြင်း တွေ့ရတဲ့ပွဲပါပဲ။ ခင်ဗျားအနေနဲ့ ရှုံးထွက်ပွဲတွေမှာ အနိုင်ရလိုတယ် ဆိုရင် ဘယ်အသင်းကိုမဆို အနိုင်ရနိုင်တဲ့ အခြေအနေ ရှိဖို့လိုအပ်ပါတယ်။...
............ ....................... ................ ............. အမေးအဖြေထဲမှ အချို့ကိုသာ တင်ပြထားခြင်း ဖြစ်ပါသည်. .....................

ယခုအခါ ယူရိုပါလိဂ်များ မခွဲပြီး ဖြစ်ကာ မန်ချက်စတာ ယူနိုက်တက်အသင်းက အေဂျက် အသင်းနှင့် ကစား၇မည် ဖြစ်သလို မန်ချက်စတာ စီးတီးအသင်းက ပေါ်တို အသင်းနှင့် ကစားရန် မဲကျခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

Porto v Manchester City | Ajax v Manchester United | Lokomotiv Moscow v Athletic Bilbao | Salzburg v Metallist Kharkiv | Stoke v Valencia | Rubin Kazan v Olympiakos | AZ Alkmaar v Anderlecht | Steaua Bucharest v Twente | Viktoria Plzen v Schalke | Wisla Krakow v Standard Liege | Braga v Besiktas | dinese v PAOK Salonika | Trabzonspor v PSV Eindhoven | Hannover v Brugge | Legia Warsaw v Sporting Lisbon |

(၁၆) သင်းရှုံးထွက်အဆင့်အတွက်ပါ မဲခွဲဆုံးဖြတ်ခဲ့ကြရာ၊ ကွာတားဖိုင်နယ်လ် အဆင့်အတွက် ထွက်ပေါ်လာသော လမ်းကြောင်းများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

(Salzburg or Metallist Kharkiv) Vs (Rubin Kazan or Olympiakos) | (Legia Warsaw or Sporting Lisbon) Vs (Porto or Manchester City) | (Steaua Bucharest or Twente) Vs (Viktoria Plzen or Schalke) | (Wisla Krakow or Standard Liege) Vs (Hannover or Brugge) | (Stoke or Valencia) Vs (Trabzonspor or PSV Eindhoven) | (AZ Alkmaar or Anderlecht) Vs (Udinese or PAOK Salonika) | (Lazio or Atletico Madrid) Vs (Braga or Besiktas) | (Ajax or Manchester United) Vs (Lokomotiv Moscow or Athletic Bilbao)

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။