Home » » မြန်မာနိုင်ငံသားများ စင်ကာပူမှ အိမ်ဝယ်ယူမှု ၂၀၁၁ ခုနှစ် တစ်နှစ်တာ ကာလအတွင်း စင်ကာပူဒေါ်လာ သန်း ၈၀ ခန့်ရှိကြောင်း သိရ

မြန်မာနိုင်ငံသားများ စင်ကာပူမှ အိမ်ဝယ်ယူမှု ၂၀၁၁ ခုနှစ် တစ်နှစ်တာ ကာလအတွင်း စင်ကာပူဒေါ်လာ သန်း ၈၀ ခန့်ရှိကြောင်း သိရ

Written By မောင်စေတနာ on Saturday, December 17, 2011 | 6:30:00 PM



စင်ကာပူနိုင်ငံရှိ လူနေအဆောက်အအုံများကို နိုဝင်ဘာလက တွေ့ရစဉ်

မြန်မာနိုင်ငံသားများ စင်ကာပူမှ အိမ်ဝယ်ယူမှုသည် ၂၀၁၁ ခုနှစ် တစ်နှစ်တာ ကာလအတွင်း စင်ကာပူ ဒေါ်လာသန်း ၈၀ ခန့်ရှိကြောင်း စင်ကာပူ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း Far East Organization မှ မြန်မာနိုင်ငံသားများဆိုင်ရာ အိမ်ခြံမြေ အကျိုးဆောင်အရာရှိ မကလျာသင်း၏ ပြောကြားချက်အရ သိရှိရသည်။ ''မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုဟာ ၂၀၁၁ ခုနှစ် တစ်နှစ်အတွင်းမှာ စင်ကာပူဒေါ်လာ သန်း ၈၀ ခန့် ရှိခဲ့ပါတယ်''ဟု ၎င်းက ပြောပြခဲ့သည်။

ယခုနှစ်များအတွင်း မြန်မာနိုင်ငံသားများ စင်ကာပူရှိ ကွန်ဒို၊ တိုက်ခန်းဝယ်ယူမှုများ သိသိသာသာ မြင့်တက်လာခဲ့ကာ မြန်မာနိုင်ငံသားများအနေဖြင့် တည်ဆောက်ပြီးဖြစ်သည့် ကွန်ဒိုတိုက်ခန်းများအား ပိုမို ၀ယ်ယူကြ ကြောင်း သိရှိရသည်။

''စင်ကာပူမှာ အိမ်ဝယ်ယူတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ တည်ဆောက်ပြီးဖြစ်တဲ့ အခန်းသုံးခန်းကနေ ငါးခန်းအထိပါတဲ့ ကွန်ဒိုတိုက်ခန်းတွေကို ပိုမိုဝယ်ယူကြပါတယ်။ သူတို့အနေနဲ့ ပြန်ငှားစားကြတာများတော့ စီးပွားရေး အရ တွက်ခြေကိုက်လို့ အသင့်ဆောက်ပြီးအခန်းတွေကို ၀ယ်ယူကြတာဖြစ်ပါတယ်'' ဟု စင်ကာပူအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း Far East Organization မှ မြန်မာနိုင်ငံသားများဆိုင်ရာ အိမ်ခြံမြေအကျိုးဆောင်အရာရှိ ကိုကျော်မိုးဇင်က ပြောပြခဲ့ပါသည်။

စင်ကာပူ၏ အမြဲတမ်း နေထိုင်ခွင့်ရပြီးသူ မြန်မာများတွင် HDB(Housing Development Board)မှ အိမ်ရာများ၊ Private Apartment များဝယ်ယူခြင်းရှိကြသကဲ့သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များကလည်း စင်ကာပူကွန်ဒိုများဝယ်ယူရန် ငါးနှစ်အတွင်း သိသာစွာ စိတ်ဝင်စားမှု မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

''စင်ကာပူနိုင်ငံသား မဟုတ်တဲ့ မြန်မာပတ်စ်ပို့ကိုင်ထားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ စိတ်ဝင်စားတာ ကွန်ဒိုတွေပါ။ ဟိုကကွန်ဒိုတွေကို ၀ယ်ဖို့ ဘဏ်မှာအတိုးနှုန်းသက်သာစွာ ရင်းနှီးမြှုပ်နိုင်တဲ့အချက်ကြောင့်လည်း ပါတယ်''ဟု ၎င်းက ရှင်းပြခဲ့သည်။ စင်ကာပူနိုင်ငံသားမဟုတ်တဲ့ မြန်မာပတ်စ်ပို့ကိုင်ထားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ စိတ်ဝင်စားတာ ကွန်ဒိုတွေပါ။ ဟိုကကွန်ဒိုတွေကိုဝယ်ဖို့ ဘဏ်မှာအတိုးနှုန်းသက်သာစွာ ရင်းနှီးမြှုပ်နိုင်တဲ့ အချက်ကြောင့်လည်း ပါတယ်

ကွန်ဒိုများကို ၀ယ်ယူကြသည့် မြန်မာနိုင်ငံသားများမှာ စင်ကာပူဒေါ်လာ တစ်သန်းတန်ဝယ်ယူမည်ဆိုလျှင် လက်ငင်းငွေကြေးကိုတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းသာ ပေးဆောင်ကြရပြီး ကျန်ရှိသည့်ငွေပမာဏထဲမှ အများဆုံး ၈၀ ရာခိုင်နှုန်းကို ဘဏ်မှ တစ်နှစ်လျှင် အတိုးနှုန်း ၁ ရာခိုင်နှုန်းခန့်သာ ပေးဆောင်ရသည့်အတွက် မြန်မာစီးပွားရေးလုပ်ငန်းရှင်အများစု စင်ကာပူအိမ်ခြံမြေဈေးကွက် ၀ယ်ယူရန် ဦးတည်လာခဲ့ကြသည်။

စင်ကာပူတွင် မြန်မာနိုင်ငံသားများအနေဖြင့် အိမ်ဝယ်ယူမည်ဆိုပါ ကစင်ကာပူ၏ အမြဲတမ်းနေထိုင်ခွင့် နိုင်ငံသား၊ နေထိုင်ခွင့်ပတ်စ် တစ်ခုခုရရှိထားရန် မလိုသည့်အပြင် စင်ကာပူ၏ဘဏ်များမှ ယခုကဲ့သို့ အတိုးနှုန်း သက်သာစွာဖြင့် ရင်းနှီးမြှုပ်နှံလိုသော မြန်မာများအတွက် ယခုကဲ့သို့ မြန်မာဈေးကွက်ကို ခေါ်ယူလာရခြင်းဖြစ်သည်ဟု သိရသည်။''စင်ကာပူမှာ နိုင်ငံခြားသားတွေရဲ့ တိုက်ခန်း၊ ကွန်ဒိုတွေ ပိုင်ဆိုင်မှုအပေါ်မှာ ဥပဒေ တင်းကျပ်မှု မရှိဘူး။ ဒါကြောင့်မို့ မြန်မာအများစု စိတ်ဝင်စားလာကြပါတယ်။ ကျွန်တော်တို့ စင်ကာပူအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း Far East Organization အနေနဲ့လည်း မြန်မာနိုင်ငံမှာ ပြပွဲလာလုပ်တာ အခုအကြိမ်နဲ့ ဆို သုံးကြိမ်ရှိပါပြီ။ နောက်လည်း အခုလို အရောင်းပြပွဲတွေ ဆက်လက်ပြုလုပ်သွားဖို့ ရှိပါတယ်'' ဟု ကိုကျော်မိုးဇင်က ဆက်လက်ပြောပြခဲ့သည်။ မြန်မာစီးပွားရေး လုပ်ငန်းရှင်များ ၀ယ်ယူနိုင်သည့် ကွန်ဒိုဈေးများမှာ စင်ကာပူဒေါ်လာခြောက်သိန်းနှင့် တစ်သန်းအထက်တွင်ရှိပြီး နှစ်စဉ် Property Tax နှင့်ကွန်ဒိုပြုပြင် ထိန်းသိမ်းမှုစရိတ်များအား နှစ်စဉ်စင်ကာ ပူဒေါ်လာ နှစ်ထောင်ဝန်းကျင်မျှ ပေးဆောင်ရသည်ဟု သိရသည်။

စင်ကာပူ အိမ်ခြံမြေဈေးကွက်၌ ၀ယ်လက်အများဆုံးမှာ တရုတ်၊ အင်ဒိုနီးရှားတို့ဖြစ်ပြီး မြန်မာနိုင်ငံမှာ အာရှနိုင်ငံများထဲတွင် ၀ယ်လိုအားများသည့် နိုင်ငံတစ်ခုအဖြစ် ငါးနှစ်အတွင်း ပါဝင်လာခဲ့ပြီဖြစ်ကာ စင်ကာပူအိမ်ခြံမြေ အကျိုးဆောင်လုပ် ငန်းများသည်လည်း မြန်မာနိုင်ငံတွင် အရောင်းပြပွဲများပြုလုပ်၍ အရောင်းမြှင့်တင်ခြင်းများအား ပိုမိုပြုလုပ်လာကြောင်း သိရသည်။

Source by :http://www.first-11.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။