Home » » ထိုင်းဘုရင် ကို အကြည်အညို ပျက်စေမှု နဲ့  အမေရိကန် ဘလောက်ဂါ တစ်ဦး ကို ထောင်ချ

ထိုင်းဘုရင် ကို အကြည်အညို ပျက်စေမှု နဲ့  အမေရိကန် ဘလောက်ဂါ တစ်ဦး ကို ထောင်ချ

Written By မောင်စေတနာ on Saturday, December 10, 2011 | 9:30:00 PM

အသက် ၈၄ နှစ် အရွယ်ရှိ ပြီ ဖြစ်တဲ့ ထိုင်းဘုရင် ကို အကြည်အညိုပျက်စေမှု နဲ့  ထိုင်း နိုင်ငံ မှာမွေးဖွား ခဲ့ တဲ့ အမေရိကန် နိုင်ငံ သား တစ်ဦး ကို ထိုင်း တရားရုံး က ဒီနေ့ ထောင်ဒဏ် နှစ် နှစ်ခွဲ ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။

ဂျိုးဝီချိုင်း ကော်မတ် ဂေါ်ဒွန် ဆိုတဲ့ ကော်လိုယာဒို ပြည်နယ် က ဘလောက်ဂါ နဲ့  ကားဟောင်းရောင်းဝယ် သူတစ်ဦးဟာ ထိုင်း နိုင်ငံ မှာ ပိတ်ပင် ထား တဲ့ Paul Handley ရေးတဲ့ The King Never Smiles ဆိုတဲ့ စာအုပ် ကို ဘာသာပြန် ဆို ပြီး သူရဲ့  အင်တာ နက် စာ မျက်နှာ မှာ ဖော်ပြ ခဲ့ တဲ့ အတွက်ထောင်ဒဏ်အပြစ်ပေးခံရတာ ဖြစ်ပါတယ်။ သူ ဟာ ဒီစာ အုပ် ကို သူအမေရိကန် မှာ နေစဉ် ဘာသာ ပြန်ပြီး အင်တာနက် စာမျက် နှာ မှာ တင်ထား ခဲ့ တာ ဖြစ်ပြီး မေလက ထိုင်း နိုင်ငံ ကိုပြန်ပြီး ဆေးကုသ မှု ခံယူစဉ် သူ့  ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၅ နှစ်ရှိ ပြီ ဖြစ်တဲ့ ဂေါ်ဒွန် က သူဟာ လွတ်လပ် ပြောဆို ခွင့် ကို ပဲ လုပ်ဆောင်တာ ဖြစ်တာကြောင့် သူ့  ကို မတရား တဲ့ ပြစ်ဒဏ် ပေး တာ ကို အမေရိကန် အစိုးရက ကူညီ မယ် လို့  မျှော်လင့် ကြောင်း ပြောပါတယ်။သူ ဟာ ထိုင်း မဟုတ် ဘူး ။ သူက အမေရိကန် ဖြစ်တယ်။ သူ ဟာ အမေရိကန် နိုင်ငံ ကူး လက်မှတ် ကို ကိုင်ဆောင် ထား တာ ဖြစ်ပြီး ၊ ထိုင်း နိုင်ငံ ဟာ အမေရိကန် လို မျိုးလွတ်လပ် စွာ ပြောဆို ပိုင် ခွင့် ရှိတဲ့ နိုင်ငံ မဟုတ် ဘူး လို့  သူ က ပြောပါတယ်။

ဘန်ကောက် မြို့  ရှိ အမေရိကန် သံရုံး က ကောင်းစစ်ဝန်ချုပ် အဲလိဇဘက် ပရက် ကတော့ ပြစ်ဒဏ်ဟာ ကြီး လေး လွန်းတယ် လို့  ဝေဖန်ပါတယ်။ ထိုင်း နိုင်ငံ မှာ ပြည်သူတွေ အနေနဲ့  ဘုရင် စနစ် ကို ဝေဖန်ရင် ထောင်ဒဏ် နှစ်ရှည် ချမှတ် ခံရပြီး ထိုင်း ဘုရင် ကို အကြည်အညို ပျက် စေတဲ့ ဖုန်း မက်ဆေ့ခ်ျ ပို့ မှု နဲ့  ထိုင်း တစ်ဦး ကို ထောင်ဒဏ်နှစ် ၂၀ ချမှတ် ခဲ့ ပါတယ်။

Source by :http://freedomnewsgroup.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။