Home » » ခိုးဝင်တဲ့ မြန်မာ ၄၀ ထိုင်းမှာ အဖမ်းခံရပြန်

ခိုးဝင်တဲ့ မြန်မာ ၄၀ ထိုင်းမှာ အဖမ်းခံရပြန်

Written By မောင်စေတနာ on Sunday, December 18, 2011 | 11:06:00 AM

ထိုင်းနိုင်ငံ ကန်ချနဘူရီနဲ့ စံခလဘူရီ ခရိုင်တို့ကနေ ဘန်ကောက်မြို့ကို အလုပ်သွားလုပ်ဖို့ ကြိုးစားတဲ့ တရားမ၀င် မြန်မာနိုင်ငံသား အယောက် ၄၀ ကို ထိုင်း အာဏာပိုင်တွေက ဒီကနေ့ မနက် ၉ နာရီခွဲမှာ ဖမ်းဆီးလိုက်ပါတယ်။

သတင်းပေးမှုကြောင့် မြန်မာနိုင်ငံသားတွေကို နယ်မြေခံ စစ်တပ်နဲ့ အာဏာပိုင်တွေက အလုပ်သမားတွေ ပုန်းနေတဲ့ နေရာအထိ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဖမ်းခံရတဲ့ လူတွေထဲမှာလည်း အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးငယ်တွေ ပါတယ်လို့လည်း အဲဒီ ထိုင်းသတင်းထဲမှာ ရေးသား ဖော်ပြထားပါတယ်။

သူတို့ကို အခု လတ်တလော စံခလဘူရီခရိုင်မှာ အခြေစိုက်တဲ့ ထိုင်းစစ်တပ်ထဲမှာ ယာယီ ထိန်းသိမ်း စစ်ဆေးမေးမြန်းပြီး နယ်ရဲတွေကို ပြန်လွှဲပေးမယ်လို့ သတင်းက ဆိုပါတယ်။ ထိုင်းတရား ဥပဒေအရတော့ အဖမ်းခံရသူတွေ အရေးယူ ခံရနိုင်ပါတယ်။

မြန်မာနိုင်ငံသားတွေကို စစ်တပ်က စစ်ဆေးမေးမြန်းထားချက်နဲ့ ပတ်သက်ပြီးတော့ ဘာတွေပြောကြားထားလဲ ဆိုတော့ အားလုံးဟာ အယုဒ္ဓယမြို့နယ်နဲ့ တခြားမြို့နယ်က ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်သွားလုပ်ကြဖို့ လာကြတာ၊ ပွဲစားနဲ့ တယောက် ကို ဘတ် ၆၀၀၀ (ကျပ် တသိန်းခွဲခန့်) ပေးပြီးတော့ ဘုရားသုံးဆူမြို့ နယ်စပ်ကနေ ၀င်လာတာလို့ ပြောပြကြပါတယ်။

Source by :သန်းထိုက်ဦး
http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။