Home » , » ကိုရီးယားတွင် အလုပ်လုပ်ကိုင်ရန် လျှောက်လွှာတင်သူ ၃၆၈၃ ဦးရှိ

ကိုရီးယားတွင် အလုပ်လုပ်ကိုင်ရန် လျှောက်လွှာတင်သူ ၃၆၈၃ ဦးရှိ

Written By မောင်စေတနာ on Friday, December 16, 2011 | 12:30:00 AM



အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီ၌ ကိုရီးယားသို့ သွားရောက်အလုပ်လုပ်ရန် အလုပ်လျှောက်လွှာ တင်သွင်းနေမှုကို ဒီဇင်ဘာလ ၁ ရက်နေ့ကတွေ့ရစဉ်

တတိယအကြိမ် မြောက်ပြုလုပ်ခဲ့သည့် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ(EPS-TOPIK)၌ အောင်မြင်သူ ၃၈၉၇ ဦး ရှိသည့်အနက် ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် အလုပ်လျှောက်လွှာတင်သူ အရေအတွက်မှာ ၃၆၈၃ ဦး ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ သတင်းရရှိပါသည်။

တတိယအကြိမ်မြောက် ကိုရီး ယားဘာသာအရည်အချင်းစစ် စာမေးပွဲကိုအောက်တိုဘာလ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် အနောက်ပိုင်းနည်းပညာတက္ကသိုလ်တို့၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖြေဆိုခွင့်လျှောက်လွှာတင်သူ ၁၂၅၂၉ ဦးရှိသည့် အနက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူ ၁၂၄၉၁ ဦးသာ ဖြေဆိုခွင့်ရရှိခဲ့ကာ ၁၁၈၃၃ ဦးသာ ၀င်ရောက်ဖြေဆိုခဲ့ကြာင်း သိရသည်။

သို့ရာတွင် ကိုရီးယားနိုင်ငံမှ ယင်းစာမေးပွဲ ဖြေဆိုသူများ၏ ရမှတ်အနည်းအများအလိုက် လုပ်သား ဦးရေ ၃၅၀၀ ကိုသာ ရွေးချယ်၍ ကိုရီးယားနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများ၌ အခြေခံလုပ်သားအဖြစ် ခန့်အပ်ရန် စီစဉ်ထားမှုကြောင့် အောင်စာရင်းထုတ်ပြန်သည့်အခါ ၃၈၉၇ ဦးကိုသာ စာမေးပွဲ အောင်မြင်မှုပေးခဲ့ကြောင်း သိရသည်။

''ဒီဇင်ဘာလ ၉ ရက်နေ့အထိ အလုပ်လျှောက်လွှာလာတင်တဲ့သူ ၃၆၈၃ ဦးရှိခဲ့ပြီး ဒုတိယအကြိမ်မြောက် (EPS-TOPIK) စာမေးပွဲတုန်းက အောင်မြင်ခဲ့သူတွေထဲက အကြောင်းအမျိုးမျိုးနဲ့ အလုပ်လျှောက်လွှာ မတင်ခဲ့ရတဲ့သူ ၃၃ ဦးကိုလည်း အခုအသုတ်မှာ တင်ခွင့်ပြုခဲ့ပါတယ်''ဟု အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။