Home » , » မလေး အာရက္ခ လူမှုထောက်ပံ့ရေး ဂီတ ဖြေဖျော်ပွဲ ရခိုင်အဆိုတော်များ လာရောက် ဖြေဖျော်မည်

မလေး အာရက္ခ လူမှုထောက်ပံ့ရေး ဂီတ ဖြေဖျော်ပွဲ ရခိုင်အဆိုတော်များ လာရောက် ဖြေဖျော်မည်

Written By မောင်စေတနာ on Thursday, December 15, 2011 | 10:29:00 PM



မလေးရှားနိုင်ငံတွင် ပြုလုပ်မည့် အာရက္ခ ရံပုံငွေ ရှာဖွေရေး ဂီတ ဖြေဖျော်ပွဲတွင် ပြည်တွင်းမှ နာမည်ရ ရခိုင် အဆိုတော်များ လာရောက် ဖြေဖျော်ကြမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ဂီတဖျော်ဖြေပွဲကို မလေးရှားနိုင်ငံရှိ အာရက္ခ လူမှုထောက်ပံ့ ကူညီးရေး အဖွဲ့မှ ဦးဆောင်ပြီး တခြား မလေးရောက် ရခိုင်သူ/သား များဖြင့် စုပေါင်း ပြုလုပ်ကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖျော်ဖြေပွဲကို လာမည့် ၂၀၁၂ ဇန်နဝါရီ ၂၆ရက် (တရုတ်နှစ်သစ်ကူးအခါသမယ) နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ တရုတ်တန်းခန်းမတွင် နေ့လည် ၁၂နာရီမှ ညနေ ၆နာရီအထိ ပြုလုပ်မည်ဖြစ်သည်။

အာရက္ခ လူမှုထောက်ပံ့ကူညီရေးအဖွဲ့နှင့် ဦးဆောင် စီစဉ်ရာ ပါဝင်သူ ကိုတူးဝမ်းက ပွဲအစီ အစဉ်နှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြောသည်။

"အဓိကကတော့ မလေးမှာက ရခိုင်လူမျိုးတွေက အများကြီးရှိပါတယ်။ ဒါပေမယ့် စုစည်းမှု တခုအနေနဲ့ ပွဲတွေကျင်းပ ဖြစ်တာက သိပ်မရှိပါဘူး။ ဥပမာ ရခိုင် စတိတ်ရှိုး အစီအစဉ်တွေနဲ့ပေါ့။ ပြီးတော့ ဒီမှာက တခြားလူမျိုးတွေ အများကြီး ရှိကြပါတယ်။ ဒီတော့ ငါတို့မှာလည်း ကိုယ့်အဆိုတော်တွေနဲ့ ဒီလိုမျိုးတွေ ရှိတယ်ဆိုတာကို ထုတ်ပြ ချင်တာလည်းပါပါတယ်။ နောက်တခုက ဒီပွဲကရလာတဲ့ ရံပုံငွေနဲ့ လိုအပ်ချက်တွေရှိတဲ့ ရခိုင်သူ/သားတွေကို အတတ်ဆုံး ကူညီထောက်ပံ့ပေးသွားဖို့ရယ်။ ပြီးတော့ ပညာရေး ရံပုံငွေအဖြစ် ဒီမှာရှိတဲ့ ရခိုင်ကျောင်းသားလေး တွေကို အထောက်အကူပြုနိုင်အောင်ရယ်။ နောက် သာရေးနာရေးတွေမှာ အတတ်နိုင်ဆုံး ကျနော်တို့ ကူညီဆောင်ရွက်သွားမယ်ဆိုတဲ့ ရွယ်ရည်ချက်တွေနဲ့ လုပ်ရတာဖြစ်ပါတယ်။"

၎င်းဖျော်ဖြေပွဲတွင် နာမည်ရ ရခိုင်အဆိုတော်များဖြစ်ကြသော ဝင်းကိုခိုင်၊ ညီမင်းခိုင်၊ မညှာစိမ်းခိုင်၊ မစောနှင်းနွယ်တို့ လာရောက်ဖျော်ဖြေကြ မည်ဖြစ်ကြောင်း သိရသည်။

ယခုပွဲစဉ်အတွက် ငွေကြေးအကုန်ကျများပြီး အနည်းဆုံး လက်မှတ် စောင်ရေ ၈၀၀ ခန့် ရောင်းချနိုင်ပါမှ တွက်ခြေကိုက်မည် ဖြစ်ကြောင်း သိရသည်။

"ကျနော်တို့ အာရက္ခ လူမှုထောက်ပံ့ရေးအဖွဲ့နဲ့ တခြား လူတွေဆီက ငွေတွေ စုပေါင်း ကောက်ခံ ပြီးတော့ လုပ်ရတာပါ။ အကုန်အကျတွေကလည်း များပါတယ်။ အနည်းဆုံးကတော့ လက်မှတ် ၈၀၀ လောက် ရောင်းရမှ ကုန်ကျမယ့် အရင်းအနှီး အတိုင်းအတာတခု ကာမိမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခုလို နိုင်ငံခြားတိုင်းပြည် တစ်ခုမှာ ကိုယ့်အမျိုးသား အဆိုတော်တွေနဲ့ ရံပုံငွေ ဖြေဖျော်ပွဲ တစ်ခု ပြုလုပ်ရမှာ ဖြစ်တဲ့ ၀မ်းသာ ဂုဏ်ယူ မိပါတယ်။ စည်စည်ကားကား ဖြစ်မယ်လို့လည်း မျှော်လင့်ထား ပါတယ်" ဟု ဆက်ပြောသည်။

အဆိုပါ ပွဲတော်အတွက် လက်မှတ်တစောင်ကို မလေးရင်းဂစ် RM – 60 သတ်မှတ်ထားပြီး တခြား ရခိုင်အစားအစာများ ရောင်းချပွဲနှင့် ကံစမ်းမဲ အစီစဉ်များလည်း ထည့်သွင်းထားသည်ဟု သိရသည်။

တရုတ်နှစ်သစ်ကူးချိန် အခါသမယတွင် ပြုလုပ်ရန် စီစဉ်ထားရခြင်းနှင့် ပတ်သက်၍လည်း သူက ဆက်ပြောသည်။

"တကယ်တမ်းပြောရရင် ကျနော်တို့ လုပ်ချင်တာက ရခိုင်သင်္ကြန်လိုမျိုး ကိုယ့်ရိုးရာပွဲ နေ့မျိုးတွေမှာ လုပ်ချင်.ပါတယ်။ ဒါပေမယ့် မလေးရှားအတိုင်းအတာနဲ့ဆိုရင်တော့ ဒီလို တရုတ် နှစ်သစ်ကူး လိုနေ့မျိုးတွေမှာမှ အလုပ်တွေအားပြီးတော့ လူတွေက ဆုံဖြစ်ကြပါတယ်။ ပြီးတော့ ကျနော်တို့ ရခိုင်တွေကလည်း ဒီလိုနေ့ မျိုးဆိုရင် အားလပ်ကြပါတယ်။ ဒါကြောင့် ဒီ တရုတ်နှစ်သစ်ကူးရက်ကို ရွေးလိုက်ရတာ ဖြစ်ပါတယ်။"

ပထမ အကြိမ် ပြုလုပ်ခဲ့သော ရခိုင်အဆိုတော်များနှင့် ဖြေဖျော်ပွဲတွင်လည်း တခြား တိုင်းရင်းသား များကပါ လာရောက် အားပေးခဲ့ကြ သဖြင့် အောင်မြင်မူ ရရှိခဲ့သည်။

ယခုကဲ့သို့ ရခိုင် စင်တင် ဂီတ ဖြေဖျော် ပွဲတော် တစ်ခု မလေးရှားတွင် ဒုတိယ အကြိမ် ကျင်းပခွင့် ရခြင်းမှာ ရခိုင် အမျိုးသားများ အတွက် ဂုဏ်ယူစရာဖြစ်ကြောင်း မလေးရှားနိုင်ငံရောက် ရခိုင်လူငယ် တစ်ဦး ဖြစ်သူ ကိုခိုင်မောင်ဦးက ပြောသည်။

လက်မှတ်ဝယ်ယူ အားပေးလိုသူများအနေဖြင့် မိဘမေတ္တာစားသောက်ဆိုင် (ကေအယ်လ်)၊ မြန်မာ့ဥယျဉ်စတိုး (ကေအယ်လ်)၊ ရိုးမရိပ်စားသောက်ဆိုင် (ကေအယ်လ်)၊ ရွှေလမင်းစားသောက်ဆိုင် (ပူဒူး)၊ မလေးရှားရှိ ရခိုင်အဖွဲ့အစည်းများနှင့် တခြားနယ်များရှိ ရခိုင်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

Source by : နိရဉ္စရာ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။