Home » , , » ရွေးချယ်စရာ Network Card များ

ရွေးချယ်စရာ Network Card များ

Written By မောင်စေတနာ on Monday, November 21, 2011 | 4:30:00 AM

Network Card ဆိုတာကတော့ ကျွန်တော်တို့ Computer တစ်လုံးနဲ့ တစ်လုံး Network ချိတ်ဆက်ရာမှာ အသုံးပြုရမယ့် Device ဖြစ်ပါတယ်။ Network Card ရဲ့လုပ်ဆောင်ချက်က ဘာကို လုပ်ဆောင်တာလဲဆိုရင် Computer တွေ တစ်လုံးနှင့် တစ်လုံး Data တွေ ပို့ရာမှာ Signal တွေကို Network ပေါ်မှာ ပို့ဆောင်ပေးခြင်း၊ လက်ခံပေးခြင်းတို့ကို ပြုလုပ်ပေးပါတယ်။
Network Card တွေမှာ အမျိုးအစားအများကြီး ရှိပါတယ်။ Network Card တွေမှာ အမျိုးအစားအများကြီးရှိသလို Computer တွေဟာလဲ တစ်ခုနှင့်တစ်ခု မတူညီကြပါဘူး။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်-
-RJ-45 Connector
-BNC Connector စတဲ့ Connector တို့ပဲ ဖြစ်ပါတယ်။
Network Card တွေမှာ ရှိတဲ့ Connector တွေဟာ တစ်ခုနှင့်တစ်ခု မတူညီသလို အလုပ်လုပ်တဲ့ပုံစံလဲ မတူညီပါဘူး။
Network Card တွေဟာ တစ်ခုနှင့်တစ်ခု မတူညီတဲ့ အကြောင်းရင်းကတော့-
-Network Topology
-Bandwidth
-Network Card Type စတဲ့ အချက်တွေကြောင့်ပဲ ဖြစ်တယ်။
အခုဆိုရင် ကျွန်တော်တို့ မြန်မာပြည်မှာ ရေပန်းအစားဆုံး အသုံးအများဆုံးကတော့ RJ-45 Connector ပါတဲ့ Network Card ပဲ ဖြစ်ပါတယ်။ ကျွန်တော် အခုရွေးချယ်စရာ Network Card များ ဆိုတဲ့အတိုင်း မိမိကြိုက်နှစ်သက်တဲ့ Network Card ကို ရွေးချယ်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
ဒါပေမယ့် ကျွန်တော် ဖော်ပြပေးမယ့် Network Card တွေကတော့ RJ-45 Connector ပါတဲ့ Network Card အကြောင်းကိုပဲ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ Network Card ကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ အများကြီးပဲ ရှိတယ်။ အဲ့ဒီထဲကမှ Popular အဖြစ်ဆုံး Network Card တွေကတော့ Prolink နှင့် D-Link တို့ပဲ ဖြစ်ပါတယ်။

အဲ့ဒီ Network Card တွေက ဈေးနှုန်းလည်း ချိုသာတယ်။ လူကြိုက်လဲများတယ်။ နောက်ပြီး အဲ့ဒီ Network Card တွေကို အသုံးပြုရတာ အဆင်လည်းပြေတယ်။ ဒါပေမယ့် မိမိက Network Card တစ်ခုကို ၀ယ်တော့မယ်ဆိုရင် Network Card Speed နှင့် PCI or USB Card စတဲ့ အချက်တွေကို စဉ်းစားဖို့တော့လိုအပ်တယ်။
Network Card Speed ဆိုတာ Network ပေါ်မှာ မိမိရဲ့ Data ကို Transfer လုပ်ပေးနိုင်တဲ့ Speed ကိုပြောတာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ပြောရရင် 10 Mbps, 100 Mbps, 1Gbps လား ဆိုတာကို စဉ်းစားရမယ်။ 1Gbps ဆိုရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ။
PCI or USB Card ဆိုတာက Network Card မှာ PCI Slot မှာ စိုက်ပြီးအသုံးပြုရတဲ့ Network Card ရှိသလို USB နှင့်လာတဲ့ Network Card လဲ ရှိပါတယ်။ ဒီနေရာမှာ ကျွန်တော် ပြောချင်တာက USB နှင့်ဆိုရင်တော့ မိမိ Network Card ရဲ့ Data Transfer Rate က နှေးနေပါလိမ့်မယ်။ PCI ဆိုရင်တော့ မိမိ Network Card ရဲ့ Data Transfer Rate က မြန်နေပါလိမ့်မယ်။

သို့သော် USB Network Card သည် အလွယ်တကူ Network ချိတ်ဆက် အသုံးပြုနိုင်ပြီး PCI Network Card ကတော့ ကွန်ပျူတာရဲ့ System Unit ထဲက Motherboard ပေါ်မှာရှိတဲ့ PCI Slot ထဲမှာ ထိုးစိုက်ထားရတာဖြစ်လို့ အလွယ်တကူ Network ချိတ် အသုံးပြုမယ်ဆိုရင် မလွယ်ကူပါဘူး။
ကောင်းပြီ အဲ့ဒီတော့ မိမိက Network Card တစ်ခုကို ရွေးချယ် ၀ယ်ယူတော့မယ်ဆိုရင် Network Card, Connector Type နှင့် Network Card သည် အလွယ်တကူ ဖြုတ်တပ် အသုံးပြုမှာလား စတဲ့ အချက်တွေကို စဉ်းစားပြီး ရွေးချယ်ဝယ်ယူကြပေါ့နော်။ ဒါဆိုရင် မိမိက ဘယ်လို Network Card မျိုးကို ရွေးချယ်ဝယ်ယူသင့်သလဲဆိုတာကို နားလည်လောက်ပြီလို့ ထင်ပါတယ်။
ကျွန်တော့်ရဲ့ ရွေးချယ်စရာ Network Card များ အကြောင်းကိုလည်း ဒီနားမှာပဲ ရပ်နားလိုက်ပါတော့မယ်။

Source by :http://www.onlineictreader.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။