Home » » အိချောပို နှင့် လတ်တလောစိတ်ကြိုက် ဖက်ရှင်

အိချောပို နှင့် လတ်တလောစိတ်ကြိုက် ဖက်ရှင်

Written By မောင်စေတနာ on Sunday, November 20, 2011 | 10:20:00 PM




ဆောင်း၏အငွေ့အသက်တို့ စတင်ရရှိလာစ အချိန်။ ညနေခင်း အချိန်များတွင် လေနုအေးတို့နှင့် အတူ ဆောင်း၏ အငွေ့အသက်များကို စတင်ခံစားရစ ပြုလာသည်။ ယခုတစ်ပတ် အနုပညာရှင်တို့နှင့် စိတ်ကြိုက်ဖက်ရှင်ကို ရိုက်ကူးရန် main theme ကိုလည်း ဆောင်းနှင့်နွယ်သည့် ဖက်ရှင်စိတ်ကူးကို တင်ဆက်ပေးရန် ရွေးချယ်ဖြစ်ခဲ့သည်။

ယခုတစ်ပတ် အတွက် ပါဝင်ပေးမည့် မော်ဒယ်လ်က ကြော်ငြာနှင့် ဇာတ်ကားများ ဆက်တိုက်ရိုက်ကူးခွင့်ရရှိလာသူ သရုပ်ဆောင် မော်ဒယ်လ် အိချောပိုပင် ဖြစ်သည်။ အိချောပိုရွေးချယ်သည့် ဆောင်းရာသီဖက်ရှင်စိတ်ကူးကို ဗိုလ်တထောင်ဆိပ်ကမ်း ကို နောက်ခံထားလျက် ရိုက်ကူးဖြစ်ခဲ့သည်။ အိချောပိုပြောပြခဲ့သည့် ဖက်ရှင်စိတ်ကူးမှာ “အခုက ဆောင်းရာသီရဲ့အစပေါ့ နော်။ အဲဒီအတွက် ဖက်ရှင် စိတ်ကူးကိုလည်း ဆောင်းနဲ့နွယ်တဲ့ စိတ်ကူးမျိုးလေးတွေပဲ ရွေးချယ်ထားပါတယ်။

ရိုက်မယ့် နေရာကလည်း ဗိုလ်တထောင်ဆိပ်ကမ်းဖြစ်တဲ့အတွက် ကမ်းနားနဲ့လည်း လိုက်ဖက်မယ့် ခပ်လွင့်လွင့် ပုံစံလေးတွေ ရွေးဖြစ်တယ်။ ၀တ်စုံနှစ်စုံလုံးကို ဒီဇိုင်နာမပုံ့ (MyFavourite) က ဖန်တီးပေးထားတာပါ။ ပထမ၀တ်စုံလေးက အနက်ရောင် ဆွဲသားအင်္ကျီလက်ရှည်လေးကို ပုခုံးမှာ ပန်းပွင့်ပန်းရောင် လေးတွေကပ်ပြီး အလှဆင်ထားပါတယ်။ အောက်ကစကပ်ကတော့ ပန်းရောင်ပတ် စကပ်အရှည်လေး ၀တ်ထားပါတယ်။ ဖိနပ်ကိုတော့ ပန်းရောင် ပန်းပွင့်လေးတွေ ပါတဲ့ ဒေါက်ဖိနပ်လေး စီးထားပါတယ်။ ဒီဝတ်စုံတစ်စုံလုံး ကတော့ ပန်းရောင်ကို အသားပေး ထွင်ထားတဲ့ ဆောင်းရာသီဖက်ရှင် လေးပေါ့။

ဒုတိယ၀တ်စုံ အနေနဲ့တော့ အနီရောင် ဆွဲသားအင်္ကျီ လက်ရှည်လေးပေါ်မှာ ပန်းပွင့်အစိမ်းရောင်လေးတွေ ကပ်ပြီး ပုံဖော်ထားတဲ့ ဒီဇိုင်းလေးပါ။ အောက်ကတော့ အင်္ကျီမှာပါတဲ့ ပန်းပွင့်နဲ့အရောင်တူ တဲ့ အစိမ်းရောင်ပတ်စကပ် အရှည်လေးပဲ တွဲဝတ်ထားပါတယ်။ ဖိနပ်ကိုတော့ အစိမ်းရောင်ကြိုးသိုင်း ဒေါက်ဖိနပ်လေး စီးဖြစ်ပါတယ်။ ဒီဝတ်စုံလေးကလည်း ထူးခြားတဲ့ အရောင်တွဲစပ်မှုဖြစ်တဲ့ အနီနဲ့ အစိမ်းကိုတွဲဖက်ထားပြီး ပန်းပွင့်တွေနဲ့ အလှဆင်ထားတဲ့ ဒီဇိုင်းလေးပါ။ ဒီဝတ်စုံနှစ်စုံလုံးက ဆောင်းရာသီမှာ ပေါ့ပေါ့ပါးပါးနဲ့ ၀တ်ဆင်နိုင်ပြီး ကမ်းခြေလိုနေရာမျိုးတွေနဲ့လည်း လိုက်ဖက်မယ်လို့ ယူဆပါတယ်။

မိတ်ကပ်က မတင်တင်မာ (Ever Smile) က ပြင်ပေးထားတာ။ ၀တ်စုံအရောင်တွေက ဆန်းဆန်းလေးတွေဆိုတော့ မိတ်ကပ်ကိုလည်း ၀တ်စုံတိုင်းနဲ့ လိုက်ဖက်တဲ့ ပန်းရောင်လေးပဲ ပြင်ထားပါတယ်။ ဆံပင်ကတော့ အိချော နဂိုဆံပင်အရှည်အတိုင်းပဲ ချထားဖြစ်ပါတယ်။ ၀တ်စုံတွေက အရှည်တွေပဲ ဖြစ်နေတာကြောင့် accessories တွေလည်း အများကြီး မ၀တ်ဖြစ်ပါဘူး” ဟု အိချောပိုကရှင်းပြခဲ့သည်။

ယခုတစ်ပတ် လတ်တလော စိတ်ကြိုက် ဖက်ရှင်ကဏ္ဍအတွက် ဆောင်းရာသီအကြို ဖက်ရှင်စိတ်ကူးများကို ဆန်းသစ်သည့် အရောင်တွဲစပ်မှုတို့နှင့် တွဲဖက်ဝတ်ဆင်ကာ ဆိပ်ကမ်း တစ်ခု၏ နောက်ခံရှုခင်းနှင့် ပါဝင်ပေးခဲ့သည့် အိချောပို၏စိတ်ကြိုက်ဖက်ရှင်ကို တင်ပြပေးလိုက်ရပါသည်။ နောက်တစ်ပတ်များတွင်တော့ မည်သည့်ဖက်ရှင် စိတ်ကူးများနှင့် တင်ပြပေးမည်ကို စောင့်မျှော်ပါဟု . . .

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။