Home » » စင်ကာပူနိုင်ငံနေ မြန်မာအမျိုးသမီးငယ်တစ်ဦး တိုက်ပေါ်မှ ခုန်ချသတ်သေ

စင်ကာပူနိုင်ငံနေ မြန်မာအမျိုးသမီးငယ်တစ်ဦး တိုက်ပေါ်မှ ခုန်ချသတ်သေ

Written By မောင်စေတနာ on Friday, November 18, 2011 | 3:30:00 AM



ကွယ်လွန်သူ မရင်ငြိမ်းပွင့်၏ ဖေ့စ်ဘုတ် စာမျက်နှာ "http://www.facebook.com/lonelysonata" တွင် မိတ်ဆွေများက ၀မ်းနည်းစကား ရေးသားနေကြသည်

စင်ကာပူနိုင်ငံ၊ Serangoon Central, Block 420 နေ မရင်ငြိမ်းပွင့်သည် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် သူမနေထိုင်ရာ တိုက်ခန်းမှ ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တုန်လှုပ်ဖွယ်သတင်းသည် Facebook အပါအဝင် လူမှုရေးကွန်ယက်များမှတဆင့် အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး လူအများ အနေဖြင့် အကြီးအကျယ် အံ့အားသင့်သွားခဲ့ရသည်။

သူမ၏ Facebook ပေါ်တွင်လည်း "I Miss Being Happy" ဆိုသည့် စကားလုံးအား ပုံဖော်ရေးသားထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။

သူမအနေဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ရခြင်းမှာ သူမ၏ချစ်သူဖြစ်သူနှင့် ပြတ်သွားခဲ့ရခြင်းကြောင့်ဟု ယူဆရပြီး သေဆုံးချိန် တွင် သူမ၏ချစ်သူဟောင်းဖြစ်သူ၏ နာမည်အား ရင်ဘတ်ပေါ်တွင် tattoo ထိုးထားသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

ထိုနည်းတူ ရဲတပ်ဖွဲ့အနေဖြင့် “Dear, why are you so cruel?” ဟု ရေးသားထားသည့် သူမနှင့် သူမ၏ချစ်သူဟောင်းတို့ အတူတွဲရိုက် ထားသော ဓာတ်ပုံအားလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

မရင်ငြိမ်းပွင့်သည် မိမိကိုယ်ကို အဆုံးမစီရင်မီ facebook ပေါ်၌ “Please take care of my boyfriend” ဟု အမည်ပေးထား သည့် နောက်ဆုံးမှတ်တမ်း တစ်ခုအားလည်း ရေးသားထားခဲ့သည်။ အဆိုပါ မှတ်တမ်းသည် သူမချစ်သူဟောင်း၏ ရည်းစားသစ်ဖြစ် ဖွယ်ရှိသော မိန်းကလေးတစ်ဦးအား ရည်ညွှန်းပြီး ရေးသားထားခြင်း ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။

မရင်ငြိမ်းပွင့်သည် အဆိုပါတိုက်ခန်း၏ ၄ လွှာတွင် အခြားမြန်မာအမျိုးသမီး ၇ ဦးနှင့်အတူ နေထိုင်ကြောင်းနှင့် တစ်ဦးတည်း သီးသန့် နေထိုင်တတ်သူ၊ သူမ၏အခန်းတွင်း၌သာ ကွန်ပြူတာနှင့် အချိန်ကုန်ဆုံးစေသူဟု အခန်းဖော်များ၏ အဆိုအရ သိရှိရသည်။ Facebook ပေါ်၌ပင် သူငယ်ချင်း အနည်းငယ်သာရှိပြီး လတ်တလောကာလတွင်း သူမ၏လုပ်ငန်းခွင်နှင့် လူမှုဆက်ဆံရေး ကိစ္စများ တွင် အခက်အခဲများရှိနေခဲ့ကြောင်း သိရှိရသည်။

သူမ၏ချစ်သူဟောင်းသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နေထိုင်လျက်ရှိသည်ဟု ယူဆရပြီး သူမထံသို့လည်း မည်သည့်​ယောင်္ကျားလေး တစ်ဦးတစ်ယောက်ကမျှ လာရောက်တွေ့ဆုံဖူးခြင်း မရှိကြောင်း အခန်းဖော်များက ပြောပြခဲ့သည်။

မရင်ငြိမ်းပွင့်သည် စင်ကာပူနိုင်ငံ နန်ယန်ပိုလီတက္ကနစ်မှ သူနာပြု ဒီပလိုမာဘွဲ့ရရှိခဲ့ပြီး Kandang Kerbau အမျိုးသမီးနှင့် ကလေး သူငယ်ဆေးရုံတွင် အလုပ်လုပ်ကိုင်ခဲ့ကြောင်း သိရှိရသည်။

ဤဖြစ်ရပ်သည် နိုင်ငံတကာတွင် နေထိုင်သော မြန်မာလူမျိုးများအတွက် တုန်လှုပ်ချောက်ခြားဖွယ်၊ သင်ခန်းစာယူဖွယ် သတင်းတစ်ခုပင် ဖြစ်ပေတော့သည်။

Source by : (မှတ်ချက် - www.shwelone.com တွင် ဖော်ပြထားသော သတင်းကို ကူးယူ ဖော်ပြခြင်းဖြစ်သည်)
Share this article :

1 comments:

Ricky said...

သွားလေသူ မိန်းကလေးဖက်က တစ်ခုတော့ ကူဖြေရှင်းပေးပါရစေဗျာ.. သူမက ပြန်ဖြေရှင်းနိုင်စွမ်း မရှိတော့လို့ပါ။

ရင်ငြိမ်းပွင့်မှာ သူငယ်ချင်းမိတ်ဆွေတွေ ရှိပါတယ်..သတင်းထောက် အမေးခံရတဲ့သူတစ်ယောက်နှစ်ယောက်က သူဖြစ်စေချင်တာ ဖိပြောလိုက်ရုံနဲ့ ဒါကို သတင်းလို့ စင်ကာပူသတင်းစာက အတည်ယူရေးမိတာပါ..တချှို့က ကိုယ့်စိတ်နေကို မကြိုက်လို့ ကိုယ့်ကိုမပေါင်းတဲ့သူဆို ဒီလူဟာ အပေါင်းအသင်း မရှိဘူး..ဘယ်သူနဲ့မှလဲ မပေါင်းဘူး..အထီးကျန်သမားပါလို့ သတင်းလွှင့်တတ်တာ ကြုံဖူးကြမှာပါ.. ရင်ငြိမ်းပွင့်လေးလဲ သေမှ ဒီလိုအလွှင့်ခံရတာပါ..

သူ့ပုံစံက ပျော်ပျော်ပါးပါးနဲ့ ကလေးလို နေတတ်တဲ့ ပုံစံပါ..လူငယ်ဆန်ဆန်ပဲ ၀တ်စားသွားလာနေထိုင်ပါတယ်... သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ရိုက်ထားတဲ့ ဓာတ်ပုံတွေလဲ သက်သေရှိပါတယ်...

သူ ရည်းစားနဲ့ ကွဲတာကို ဘယ်သူ့မှ ရင်မဖွင့်တာကတော့ နိုင်ငံခြားနေရတဲ့ မိန်းကလေးတစ်ယောက်အတွက် ကိုယ့်အတွင်းရေးကို အနားရှိသမျှလူ ရင်မဖွင့်တာ သူမှန်တယ်လို့ မြင်ပါတယ်... မိသားစုအတွင်းရေးတွေ. အသည်းကွဲတာတွေ ရင်ဖွင့်မိလို့ အတင်းလည်အပြောခံရတဲ့ အဖြစ်တွေ ကြားဖူးကြမှာပါ..
စကားစပ်မိလို့ ပြောရရင် နိုင်ငံခြားရောက် မိန်းကလေးတွေကိုရော ယောင်္ကျားလေးတွေကိုရော အနားရှိသမျှလူကို ကိုယ့်အကြောင်း စိတ်မချရရင် ရင်မဖွင့်မိဖို့ သတိပေးချင်တယ်...ကိုယ့်အတင်း လူတကာကြား ပြန့်နေတာ ကိုယ်တော်တော်နဲ့ မသိတဲ့အဖြစ်မျိုး ကြုံရလိမ့်မယ်..

သူ့အခန်း ဘယ်ယောင်္ကျားလေးမှ လာတာမတွေ့ဘူး ဆိုတာကလဲ အပြစ်မဟုတ်ပါဘူး..အိနြေ္ဒရှိတဲ့ မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ ဒီလိုပဲ နေမှာပဲ...သူ့ရုပ်ရည်လေးနဲ့ နိုင်ငံခြားမှာ တစ်ယောက်ကွဲရင် ၁၀ ယောက် တွဲလို့ ရပါတယ်..သေတဲ့အထိ ဒီလိုမနေခဲ့တာ ချီးမွမ်းစရာပါ..

မရင်ငြိမ်းပွင့် ကောင်းရာသုဂတိလားပါစေ..

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။