Home » » ထိုင်းရေကြီးမှုတွင် သက်ဆင်က ခပ်လျှိုလျှို နေခဲ့ကြောင်း လေ့လာသူများ ပြောကြား

ထိုင်းရေကြီးမှုတွင် သက်ဆင်က ခပ်လျှိုလျှို နေခဲ့ကြောင်း လေ့လာသူများ ပြောကြား

Written By မောင်စေတနာ on Friday, November 18, 2011 | 11:30:00 AM



ထိုင်းနိုင်ငံတွင် ရေကြီးမှုဆိုးဆိုးရွားရွား ရင်ဆိုင်နေရချိန်၌ လက်ရှိဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်ထရာ၏ အစ်ကိုဖြစ်သူ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် လူလုံးထွက်မပြဘဲ နောက်ကွယ်တွင်သာ နေကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။

ပုံမှန်ဆိုလျှင် သဘောထားမှတ်ချက်များ ပေးလေ့ပေးထရှိသော သက်ဆင်သည် လူ ၅၀၀ ကျော်သေဆုံးစေခဲ့ပြီဖြစ်သည့် ထိုင်းရေကြီးမှုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောကြားမှုများကို မပြုလုပ်ခဲ့ပေ။

ထောင်ဒဏ်ချမှတ်ခံရမှုကို ရှောင်လွှဲရန်အတွက် ပြည်ပတွင်တိမ်းရှောင်နေသော အသက် ၆၂ နှစ်ရှိ ဆက်သွယ်ရေးလုပ်ငန်းရှင်ဟောင်း သက်ဆင်သည် ရေလွှမ်းမိုးမှုတွင် သေဆုံးထိခိုက်ခဲ့ရသူများအတွက် ၀မ်းနည်းမိကြောင်း Facebook နှင့် Twitter တွင် ရေးသားခဲ့သည်။ ထို့ပြင် ကယ်ဆယ်ရေးပစ္စည်းများပေါ်တွင် ''သက်ဆင်ရှင်နာဝပ်ထရာမှ စိုးရိမ်ကြီးစွာ၊ ချစ်ချင်စွာဖြင့်'' စာတမ်းများကို သက်ဆင်ကိုယ်တိုင် သိရှိခြင်းမရှိဘဲ ရေးသားထား ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

''သက်ဆင်ဟာ လူတွေထင်ထားသလို လူလုံးထွက်ပြတာမျိုး သိပ်မလုပ်ဘူး'' ဟု ချင်းမိုင်ရှိ Payap တက္ကသိုလ်မှ အရှေ့တောင်အာရှဒေသဆိုင်ရာ အင်စတီကျု့စ်မှ သုတေသနဆိုင်ရာညွှန်ကြားရေးမှူး ပေါလ်ချမ်ဘာစ်က ပြောကြားခဲ့သည်။

အဆိုးရွားဆုံး ရေလွှမ်းမိုးမှုပြဿနာကို ယင်လက်ခ်အစိုးရအား ကိုယ်တိုင်ဖြေရှင်းခွင့်ပေးခြင်းသည်သာ သက်ဆင်နှင့် ဖြူထိုင်းပါတီနိုင်ငံရေးသမားများအတွက် အကောင်းဆုံးဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ဇွန်လရွေး ကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သော စီးပွား ရေးလုပ်ငန်းရှင်ဟောင်း အသက် ၄၄ နှစ်ရှိ ယင်လက်ခ်အစိုးရသည် ရေလွှမ်းမိုးမှုပြဿနာဖြေရှင်းရာတွင် အလွန်နှေးကွေးပြီး ခေါင်းဆောင်မှု ပျောက်ဆုံးနေသည်ဟု ဝေဖန်ခံနေရသည်။

ထိုင်းတွင် အသုံးပြုပြီးစွန့်ပစ်မည့် ပစ္စည်းများကို ကြက်ဥ၊ ဆန်တို့ဖြင့် လဲလှယ်ခွင့်ပေး

ထိုင်းနိုင်ငံတွင် အမှိုက်သရိုက် စုပုံမှုလျော့နည်းစေရန် အသုံးပြုပြီး စားစရာဘူးများ၊ ပလတ်စတစ် ပုလင်းလွတ်များကို ကြက်ဥ၊ ဆန်တို့ဖြင့် လဲလှယ်သည့်အစီအစဉ် စတင်ခဲ့ကြောင်း သိရသည်။ စားစရာဘူး ၂၀ ဘူး ဆိုလျှင် ကြက်ဥတစ်လုံး၊ ပလတ် စလတ်ပုလင်းလွတ် ၂၀ လုံးဆိုလျှင် ဆန် နှစ်ကီလိုဖြင့် လဲလှယ်ပေးသည့် အစီအစဉ်ကို ထိုင်းလူဦးရေ ထိန်းချုပ်ရေးဌာန(PCD) က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒွန်မောင်းတွင် နိုဝင်ဘာလ ၁၃ ရက်က စားစရာလဲလှယ်သူများနှင့် ပြည့်နှက်နေကြောင်း သိရသည်။ (PCD) ဌာနချုပ်တွင် နိုဝင်ဘာလ ၃၀ ရက်အထိ လဲလှယ်ပေးမည်ဖြစ်ကြောင်း ယင်းဌာနမှ အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း စနစ်တကျစွန့်ပစ်ရေး စင်တာမှ အကြီးအကဲ ရန်ဆန်ပင်သောင်က ဆိုသည်။

Ref: The Nation

ဘန်ကောက်တွင် ၂၀၁၂ ခုနှစ်အထိ ရေလွှမ်းမှုဖြစ်နိုင်သေးကြောင်း ထိုင်းဝန်ကြီးချုပ်ပြောကြား

ဘန်ကောက်ရှိ နေရာအချို့တွင် ရေလွှမ်းမှုများမှာ သိသိသာသာကျဆင်း သွားသော်လည်း နေရာအတော်များ များတွင်မူ လာမည့် ၂၀၁၂ ခုနှစ်အထိ ရေလွှမ်းမှုဖြစ်နိုင်သေးကြောင်း ထိုင်း ၀န်ကြီးချုပ်ယင်လက်ခ်က နိုဝင်ဘာ ၁၄ ရက်နေ့က ပြောကြားခဲ့သည်။ မုတ်သုံမိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံတွင် ရာစုနှစ်ဝက်အတွင်း အဆိုးရွားဆုံး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ နိုင်ငံတစ်ဝန်းတွင် ရေကြီးမှုများကြောင့် လူ ၅၆၂ ဦးထက် မနည်းသေဆုံးခဲ့ပြီး ဖြစ်သည်။

ဘန်ကောက်မြို့လယ်တွင် ခြောက်သွေ့နေသော်ငြားလည်း ဘန်ကောက်တစ်မြို့လုံး ရေလွှမ်းမှုကင်းစင်ရန်အတွက် သီတင်းပတ်ပေါင်းများစွာ ကြာနိုင်ကြောင်းဝန်ကြီးချုပ် ယင်လက်ခ်ရှင်နာ ၀ပ်က ပြောကြားခဲ့သည်။

''ကျွန်မ သဘောအရဆိုရင် နှစ်သစ်မှာ လူထုပျော်ရွှင်တာကို မြင်တွေ့ချင်ပါတယ်။ ဒါပေမဲ့ ရေစီးဆင်းဖို့ခက်ခဲတဲ့ အနောက်ဘက်အပိုင်းတွေနဲ့ပတ်သက်ပြီး ကျွန်မစိတ်ချမှုမရှိပါဘူး'' ဟု ၂၀၁၂ အထိရေကြီးမှု ဆက်ဖြစ်နိုင်မည် လားဆိုသည့် သတင်းထောက်များ၏ မေးမြန်းမှုကို ၀န်ကြီးချုပ်က ဖြေကြားခဲ့သည်။

ဘန်ကောက်မြို့လယ်တွင် ခြောက်သွေ့နေပြီး အခြားနေရာများတွင် ရေကြီးမှု ဆိုးရွားစွာခံစားရခြင်းများကို စိတ်ပျက်မှုကြောင့် ဒေါသဖြစ်နေသည့် ဘန်ကောက်မြို့ အနောက်တွင် နေထိုင်သူများသည် အဓိက အဝေးပြေးလမ်းမကြီးတစ်ခုကို နိုဝင်ဘာ ၁၄ ရက်နေ့က ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြသည်။

Source by :Ref:AFP
http://first-11.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။