Home » » မဟာချိုင် ယာယီ ကယ်ဆယ်ရေးစခန်း ဆက်လက်ဖွင့်လှစ်ခွင့် ရရှိ

မဟာချိုင် ယာယီ ကယ်ဆယ်ရေးစခန်း ဆက်လက်ဖွင့်လှစ်ခွင့် ရရှိ

Written By မောင်စေတနာ on Sunday, November 20, 2011 | 12:30:00 AM



ထိုင်းအာဏာပိုင်များနှင့် မြန်မာသံမှူးတို့ ညှိနှိုင်းခဲ့ကြသဖြင့် (၄)ရက်ကြာ တင်မာမှု ရှိနေခဲ့သော မဟာချိုင် ရေဘေး ကူညီရေး ယာယီစခန်းအား မဟာချိုင်နယ်မြေ ရေမနစ်မြုပ်ခင်အထိ ဆက်လက် ဖွင့်လှစ်ခွင့် ရရှိခဲ့ပြီ ဖြစ်သည်။

ထိုင်းအာဏာပိုင်များက ၎င်းတို့ဖွင့်လှစ်ထားသော ဘန်ကောက်မြို့နှင့် ကီလိုမီတာ တစ်ရာကျော် ဝေးသည့် ရာ့ခ်ျဘူရီ ကယ်ဆယ်ရေး စခန်းသို့ ရေဘေးဒုက္ခသည်များအား ပြောင်းရွှေ့ခိုင်းရာ ဝေလံသောကြောင့် သွားရောက်ရန် အခက်အခဲရှိသဖြင့် ဒုက္ခသည်များက ငြင်းဆန်ခဲ့ကြခြင်း ဖြစ်သည်။

မဟာချိုင်နယ်မြေ အလုပ်အကိုင် ရှာဖွေရေး အရာရှိနှင့် မြန်မာသံမှူးတို့အပြင် ကယ်ဆယ်ရေးစခန်းကို ဦးဆောင်သည့် အသျှင်ဝါယမ၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (BAT)နှင့် မြန်မာအလုပ်သမားများက အကျေအလည် ဆွေးနွေးခဲ့ကြပြီး ပြေလည်ခဲ့ခြင်း ဖြစ်သည်။

ဦးဝါယမက “မနေ့က စိတ်မချမ်းမသာ ဖြစ်နေခဲ့ရတာတွေ ပြေလည် သွားခဲ့ပြီးဖြစ်တယ်။ မနိုင်မနင်း မဖြစ်အောင်တော့ ဦးဇင်းတို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့တော့ လိုတာပေါ့။ ဘာဖြစ်ဖြစ် အားလုံးစိတ်အေး သွားကြရတယ်’’ ဟု မိန့်တော်မူသည်။



ယမန်နေ့က စိတ်ဆင်းရဲ နေခဲ့ကြသည့် အလုပ်သမားများလည်း ၀မ်းသာ သွားကြသည့်အပြင် အလုပ်အသစ် ရရှိသွားသည့် အလုပ်သမား (၄၀)ကျော်တို့ စခန်းမှ ထွက်ခွာသွားသည်။ ယနေ့ ညနေပိုင်းတွင် မြန်မာသံရုံး အစီအစဉ်ဖြင့် အလုပ်သမား (၅၀)ဦးကိုလည်း နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင် ပေးမည်ဖြစ်သည်။

ရေဘေးသင့် နေကြသည့် မြန်မာ အလုပ်သမားအနေဖြင့် ဖုန်းနံပတ် ၀၈၀-၄၅၈၅-၁၂၈၊ ၀၈၄-၆၇၀၅-၇၂၇၊ ၀၈၅-၁၅၈၈-၃၆၇၊ ၀၈၉-၄၁၃၃-၁၇၉၊ ၀၈၁-၀၈၇၁-၅၃၅၊ ၀၈၇-၇၅၅၀-၉၇၅၊ ၀၈၀-၅၅၂၂-၀၆၂ များသို့ ဆက်သွယ်ပြီး အကူညီ တောင်းခံနိုင်ကြောင်း သိရသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။