Home » » မလေးရှားရောက် မြန်မာလုပ်သား ထွက်ပြေးပြောင်း ရွှေ့မှုကြောင့် လျော်ကြေးပေးဆောင် ရခြင်းများလာ

မလေးရှားရောက် မြန်မာလုပ်သား ထွက်ပြေးပြောင်း ရွှေ့မှုကြောင့် လျော်ကြေးပေးဆောင် ရခြင်းများလာ

Written By မောင်စေတနာ on Sunday, October 2, 2011 | 11:30:00 AM



မလေးရှားနိုင်ငံသို့ရောက် သွားသော မြန်မာအလုပ်သမားများ မူလအ လုပ်ထက်ငွေကြေးပိုရသော အလုပ်သို့ ခိုးထွက် ပြောင်းရွှေ့မှုများ ကြောင့်လျော်ကြေးပေး ဆောင်နေရ ခြင်းများနဂိုထက်ပိုမို များပြားလာ ကြောင်းတရားဝင် အေဂျင်စီများထံမှ သိရသည်။

”ဒီကနေပြီးတော့ သူတို့လုပ် ချင်တဲ့အလုပ်ကို ပို့ပေးလိုက်တယ်။ ဟိုရောက်တော့ သတ်မှတ်ထားတဲ့ အချိန်ကာလတောင် မရောက်သေးဘူး။ အလုပ်ပြောင်းပေးပါဆိုပြီး ပြောလာတော့ ကျွန်တော်တို့က ဒီအချိန်ထိခဏ စောင့်ပေးပါဆိုပြီး ပြောနေရင်းကြားကကို ထွက်ပြေးကြလို့ လျော်ကြေးပေးရတာရှိတယ်” ဟု တော်ဝင်ရွှေတံခါးပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ အုပ်ချုပ်မှုဒါရိုက်တာက ပြောသည်။

မလေးရှားတွင် လုပ်သက်ရင့်နေသော မြန်မာလူမျိုးများကပင်၎င်းတို့အလုပ်တွင် ငွေပိုရကြောင်း ပြောကာလာရောက်လုပ်ကိုင်ရန်
မြှူဆွယ်သောကြောင့်ယင်းသို့ထွက် ပြေး ပြောင်းရွှေ့လုပ်ကိုင်နေခြင်းများ ဖြစ်သည်ဟု ၄င်းကဆိုသည်။

ထိုသို့ထွက်ပြေးမှုကြောင့် မလေးရှားလုပ်ငန်းရှင်များမှာ အစိုးရသို့အာမခံငွေများ၊ ခေါ်ယူသည့် ခရီးစရိတ်များအတွက် နစ်နာရကာ ၄င်းနစ်နာမှုများအတွက် မြန်မာ အေဂျင်စီများထံမှ ပြန်လည်လျော်ကြေး တောင်းခံနေရခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။

ယင်းအလုပ်သမားများ ရွှေ့ပြောင်းသောအလုပ် ရသည့်အခါတွင် အလုပ်လာလုပ်ရန် ခေါ်ဆိုသောသူများက ရရှိသောလခထဲမှ အချို့တစ်ဝက်ကို ပြန်လည်တောင်းခံယူ ကြကြောင်း သိရသည်။

”ကျွန်တော်လုပ်တဲ့ အလုပ်ထက်သူတို့ အလုပ်က ပိုကောင်းတယ်ဆိုပြီး ကျွန်တော့်ကိုခေါ်တော့ အလုပ်ကရတဲ့ပထမလစာထဲက ၂ဝ ရာခိုင်နှုန်းကို သူ့ကိုပေးရတယ်။ လခ ထုတ်တော့ သူကယူထားပြီးပြီ။ သူရှာပေးတာဆိုတော့ မပေးလို့လည်းမရဘူး”ဟု မလေးတွင် အလုပ်လုပ်နေသော စက်ရုံအလုပ်သမား တစ်ဦးကပြောပြသည်။

မလေးရှားနိုင်ငံသို့ သွားရောက် လုပ်ကိုင်ရာတွင်အပိုင်း ၂ ပိုင်းရှိကြောင်း၊ ကျေးလက်ဒေသများမှ သွားရောက်သူများမှာ မူလတန်းအဆင့်နှင့် အလယ်တန်း အဆင့် အောင်လျှင်ပင် သွားရောက် အလုပ်လုပ်ကိုင်နေသူများ ရှိကြောင်း သိရသည်။

”ကျေးလက်ဒေသက လူတွေကအတန်းပညာမရှိဘူး။ တစ်နေ့မှ ၁၅ဝဝ၊ ၂ဝဝဝ နဲ့ကျတော့ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေဘူးဆိုပြီး သွားကြတာများတယ်။ ရန်ကုန်၊ မန္တလေး၊ ပဲခူးကလူတွေကျတော့ အနိမ့်ဆုံး ၈ တန်း၊ ၁ဝ တန်းတွေ ပို့ရတာများတယ်”ဟု ဆူးလေအနီးရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတစ်ခုမှ ပြော သည်။

မလေးရှားတွင် သွားရောက်လုပ်ကိုင် နေကြသူများအနက် အမျိုးသားများမှာ တရားဝင်အေဂျင်စီများမှ ချိတ်ဆက် ပေးခြင်းဖြင့် သွားရောက် လုပ်ကိုင်နေကြသူများပြီး အမျိုးသမီးများကိုမူ တရားဝင်မှတ်ပုံတင် မရှိသောအေဂျင်စီများထံမှ ပို့ပေးလျက်ရှိကြောင်း သိရသည်။

Source by :Popular News
မေမြန်မာ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။