ပြေတီဦးဖောင်ဒေးရှင်း၏ ရန်ပုံငွေဖျော်ဖြေပွဲကို နိုဝင်ဘာလအတွင်း ကျင်းပနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ပြေတီဦးက ဆိုပါသည်။
ယင်းဖျော်ဖြေပွဲတွင် ပြဇာတ်တင်ဆက်မှုများနှင့် တေးသီချင်း သီဆိုမှုနှင့် အခြားသော အနုပညာ တင်ဆက်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ''ဒီဖောင်ဒေးရှင်း ဆက်လက်ရပ်တည်ဖို့ကလည်း ရန်ပုံငွေ လိုအပ်တဲ့အတွက် အခုလိုပွဲ ကျင်းပဖို့စီစဉ်တာပါ။
ဒီပွဲမှာကလည်း ကျွန်တော် အပါအ၀င် ကျွန်တော့်ပတ်ဝန်းကျင်က မိတ်ဆွေတွေနဲ့ ပရိသတ်တွေအတူ ပူးပေါင်းပြီးအလှူလုပ်ကြတဲ့ သဘောပါပဲ။ အောက်တိုဘာထဲမှာလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ပွဲတိုက်နေတာကြောင့် နိုဝင်ဘာလ ၂၅ ရက်ဝန်းကျင်လောက်မှ လုပ်ဖြစ်မှာပါ'' ဟု ပြေတီဦးက ရှင်းပြခဲ့သည်။
ပြေတီဦး ဖောင်ဒေးရှင်းနှင့်အတူ ပါဝင်ကြသည့် အလှူရှင်များအနေဖြင့် ဆေးကျောင်းသူ၊ ကျောင်းသား ၅၀ ကို ပညာရေးထောက်ပံ့မှုများ ပြုလုပ်ပေးနေကြောင်းလည်း သိရှိရပါသည်။
Photo :mm-photos-share.blogspot.com
Source by :http://www.news-eleven.com/

0 comments:
Post a Comment