Home » , » ကိုယ်တိုင်ရေးပိုစ့်များ သီးသန့်ဖတ်နိုင်ရန် အတွက် www.nayzawlin1.net ကိုထပ်မံ ဖွင့်လှစ်ပြီ

ကိုယ်တိုင်ရေးပိုစ့်များ သီးသန့်ဖတ်နိုင်ရန် အတွက် www.nayzawlin1.net ကိုထပ်မံ ဖွင့်လှစ်ပြီ

Written By မောင်စေတနာ on Thursday, September 1, 2011 | 9:37:00 PM



အားလုံးသော စာဖတ်သူ မိတ်ဆွေများ သူငယ်ချင်းများ မင်္ဂလာပါခင်ဗျာ

ဒီနေ့ 1.9.2011 ရက်နေ့မှာ ကျွန်တော်ရဲ့ ဘလော့ဝက်ဆိုက်လေး တစ်ခုဖြစ်တဲ့ www.nayzawlin1.net ကိုထပ်မံ ဖွင့်လှစ်ပြီ ဖြစ်ပါတယ်။ ဒီဆိုက်လေးမှာက ကျွန်တော်ရဲ့ ကိုယ်တိုင်ရေးထားသော စာပေ သုတ ရသများ နည်းပညာများကို အမှတ်တရ အနေနဲ့ သီးသန့် ဒီဆိုက်လေးမှာရေးသား တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော် စာပေကို ချစ်မြတ်နိုးသူ တစ်ယောက်ပါ။ အထူးသဖြင့် သုတ ရသ စာပေတွေကို ကျွန်တော် ပိုနှစ်သက်ပါတယ်။ ကျွန်တော်ကိုယ်ပိုင်ရေးတဲ့ စာတွေ မရေးရတာလည်း တော်တော်ကြာနေပြီ ဖြစ်ပါတယ်။

အလုပ်ကတစ်ဖက်ဆိုတော့ သိပ်ပြီး အချိန်မပေးနိုင်ဘူး ဖြစ်နေပါတယ်။ စိတ်ကူးထဲမှာက ရေးစရာ ပိုစ့်တွေ ပြည့်နှက်နေပေမဲ့ အပြင်ချရေးဖို့ အချိန်မရဘူး ဖြစ်နေပါတယ်။ ကျွန်တော်အားတဲ့ အချိန်လေးမှာwww.nayzawlin1.com ဆိုက်လေး ကိုပဲ အမြဲပိုစ့်အသစ်တွေကို တင်ပေးခဲ့ပါတယ်။

ကျွန်တော်အတွက် ကျွန်တော်ဘာမှ အရေးမထားပါဘူး ၊ သူတစ်ပါးအတွက် ကျွန်တော် အချိန်ကို တန်ဖိုးရှိရှိ အသုံးချပေးတာပါ။ ဒါကြောင့် ကျွန်တော်ရဲ့ ကိုယ်ပိုင်စာတွေတောင် မရေးဖြစ်တာပါ။ အခုလို ဒီဆိုက်လေးကို စတင်ဖွင့်ရတဲ့ ရည်ရွှယ်ချက်လေးက ကျွန်တော်စာတွေ ရေးဖြစ်အောင် လုပ်ထားတာပါ။

ဝက်ဆိုက်နာမည်လေးကို My Notes လို့နာမည် ပေးထားပြီး ကိုယ်ပိုင်စာလေးတွေကို My Notes တစ်ခုအဖြစ်နဲ့ အမှတ်တရ သိမ်းထားနိုင်အောင် ပြုလုပ်ထားတဲ့ ဆိုက်လေးတစ်ခု အဖြစ်ရေးသား တင်ပြသွားမှာပါ။

ဒီဆိုက်လေးကို လှူထားတဲ့ ဒိုမိန်း အလှူရှင်ကတော့ အစ်မ (မလေးလေး - မလေးရှားက) ဖြစ်ပါတယ်။ သူက ကျွန်တော်အခုလို အများအတွက် မျှဝေပေးနေတာ သိရတော့ မောင်လေးရဲ့ကိုယ်တိုင်ရေး ဆိုက်လေး တစ်ခု ထပ်လုပ်ပါလား လို့ အကြံပေးလာတဲ့ အတွက် အခုလိုဖွင့်လိုက်တာပါ။

ဘာလော့ကာကောင်း တစ်ယောက်ဖြစ်ဖို့ စာဖတ်သူများအတွက် အသုံးဝင်သော လူငယ်လေးတစ်ယောက် ဖြစ်အောင် ကျွန်တော်ကြိုးစားပေးနေပါတယ် ခင်ဗျာ အဖက်ဖက်က လိုအပ်တာလေးတွေကို ကျွန်တော့်ကို ဆုံးမ ပြောပြပေးပါနော် ...

အခုလို ဒီနေ့လေးမှာ အောင်မြင်စွာ ပြုလုပ်ဖွင့်လှစ်နိုင်တဲ့ အတွက် အလှူရှင် အစ်မ မလေးလေး နဲ့ လာရောက်အားပေးဖတ်ရှုကြသော စာပေဝါသနာရှင် မိတ်ဆွေ သူငယ်ချင်းကို ကျွန်တော်က အမှတ်တရ အထူးလေးစား ကျေးဇူးတင်ရှိကြောင်း ပြောကြားပါရစေ ခင်ဗျာ။

စာပေဝါသနာရှင် မိတ်ဆွေ သူငယ်ချင်းကို ကြိုဆိုပါတယ်။ ကျွန်တော်ရဲ့ တတိယ ဆိုက်လေးကို ဝင်ရောက်လေ့လာ အားပေးကြဦးနော်

လိပ်စာလေးက www.nayzawlin1.net ပါ။

www.nayzawlin1.com
www.nayzawlin1.org
www.nayzawlin1.net

www.nayzawlin1.tk/
www.nayzawlin1.net.tc/
www.nayzawlin1.blogspot.com

admin@nayzawlin1.org
nayzawlin1@gmail.com
nayzawlin1@blumail.org
nayzawlin@nayzawlin1.com
nayzawlin@nayzawlin1.net

www.nayzawlin3.blogspot.com
www.nayzawlin4.blogspot.com
www.nayzawlin5.blogspot.com

ဆက်လက်ဖွင့်မည့် ဆိုက်လိပ်စာများ ဖြစ်ပါတယ်။

www.nayzawlin6.blogspot.com
www.nayzawlin7.blogspot.com
www.nayzawlin8.blogspot.com
www.nayzawlin9.blogspot.com
www.nayzawlin10.blogspot.com

စာဖတ်သူများကို ချစ်ခင်လေးစွာဖြင့်

နေဇော်လင်း

1.9.2011
11.30 PM



Share this article :

1 comments:

Angelhlaing(May everybody be happy and healthy! said...

ဆိုဒ်အသစ်အလန်းလေးအတွက် ဂုဏ်ယူပါတယ်မောင်လေးရေ :)
မိုက်တယ် မိုက်တယ် Cheer ....go on !

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။