Home » » မြန်မာ အလုပ်သမား (၂၅)ဦး ၀န်ဆောင်စရိတ် ပိုပေးရ

မြန်မာ အလုပ်သမား (၂၅)ဦး ၀န်ဆောင်စရိတ် ပိုပေးရ

Written By မောင်စေတနာ on Friday, September 2, 2011 | 6:55:00 PM



မြန်မာနိုင်ငံ တောင်ပိုင်း၊ ကော့သောင်းမြို့ရှိ ယာယီ ပတ်စ်ပို့ ထုတ်ပေးရေးရုံးနှင့် ထိုင်းကုမ္ပဏီက စီစဉ် ပို့ဆောင်ပေးလိုက်သည့် မြန်မာ အလုပ်သမား(၂၅)ဦးသည် မူလသဘောတူ သတ်မှတ် ငွေကြေးထက် ၀န်ဆောင်စရိတ် ပိုမိုပေးရမည် ဖြစ်ကြောင်း အလုပ်သမားများ ပြောပြချက်အရ သိရသည်။

အဆိုပါ အလုပ်သမားများကို ယာယီ ပတ်စ်ပို့ ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူ တချို့နှင့် ထိုင်းနိုင်ငံမှ PMP sup construction ထိပ်တန်း ပန်းရန် လုပ်ငန်း ကုမ္ပဏီတို့က စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးပြီး ထိုင်းနိုင်ငံသို့ တရားဝင် ပို့ဆောင် ပေးခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် အလုပ် ရရှိရေးအတွက် ၀န်ဆောင်စရိတ်ကို အလုပ်သမား တဦးလျှင် ဘတ်ငွေ (၁၀၀၀၀)ဟု မူလက သတ်မှတ် ထားသော်လည်း ယခုအခါ (၁၈၅၈၀)ပေးရမည် ဖြစ်ကြောင်း၊ ယင်းငွေကို ပြန်လည် ပေးဆပ်ရန် တစ်လလျှင် ဘတ် (၁၀၀၀)နှုန်း ဖြတ်ယူမည်ဟု မူလက သတ်မှတ် ထားသော်လည်း ယခုအခါ (၂၀၀၀)ဖြတ်ရန် ပြောင်းလဲ လိုက်ကြောင်း အလုပ်သမား (၂၅)ဦးထဲမှ ကိုမျိုးသီဟထွန်းက ပြောပြသည်။

ဝန်ဆောင်ခငွေ ပေးဆပ်နေရသည့် ကာလအတွင်း အလုပ်သမားများ၏ ယာယီ ပတ်စ်ပို့ စာအုပ်များကို အလုပ်ရှင်က သိမ်းဆည်း ထားမည်ဖြစ်ပြီး ပေးဆပ်ငွေကြေမှ စာအုပ်ပြန်ရမည်ဟု သိရသည်။

ကော့သောင်းမြို့ အလုပ်သမား ၀န်ကြီးဌာနမှ ၀န်ထမ်း တစ်ဦးက “ပတ်စ်ပို့ စာအုပ်ကိုတော့ အကြွေးကြေမှ ထုတ်ပေးမှာပါ။ ပိုက်ဆံနဲ့ ရွေးလည်း မရဘူး။ စာချုပ် ချုပ်ထားတာပါ။ အလုပ်သမားတွေ နားမလည်တာပါ။ အခြား စရိတ်တွေ ရှိသေးတယ်လေ’’ဟု ပြောသည်။

ကိုမျိုးသီဟထွန်းကမူ သတ်မှတ်ချက်များနှင့် လက်တွေ့ ကြုံရသည်များမှာ ကွာခြားနေသည်ဟု ဆက်လက်ပြောသည်။

“ကျနော်တို့ကို ကော့သောင်း မြန်မာ အလုပ်သမား ၀န်ကြီးဌာန ဦးစီးမှူး ဒေါ်ခင်အေးက ထိုင်းဘက်က PMP ပန်းရံ လုပ်ငန်း ကုမ္ပဏီ ပိုင်ရှင် စံစူဝံ ဆိုသူရှေ့မှာ ကျနော်တို့ လိုက်နာရမယ့် စည်းကမ်းတွေ၊ ကျနော်တို့ ပေးဆပ်ရမယ့် ငွေတွေကို ဖတ်ပြတယ်။ ဒါပေမယ့် ဒီဘက်ကို ရောက်တဲ့အခါ တခြားစီ ဖြစ်နေတယ်’’ဟု ကိုမျိုးသီဟထွန်းက ပြောသည်။

ထို အလုပ်သမားများထဲမှ ကိုစိုးမိုးအောင်ကလည်း ၎င်းတို့အား တစ်နေ့ လုပ်အားခ ဘတ်ငွေ (၃၀၀) ရရှိမည်ဟု ကုမ္ပဏီက ပြောဆို ခဲ့သော်လည်း လက်တွေ့တွင် (၂၁၅)ဘတ်သာ ရရှိကြောင်း၊ တစ်ပတ် တစ်ရက် နားခွင့် သတ်မှတ် ထားသည်ကိုလည်း နှစ်ပတ်မှ တစ်ရက် နားခွင့် ရရှိကြောင်း ပြောသည်။ သြဂုတ်လဆန်းမှ စ၍ အလုပ်သမားများ အားလုံး လုပ်ငန်းခွင် ၀င်ရောက် နေကြပြီ ဖြစ်သည်။

၎င်းတို့ကို ကော့သောင်းမြို့ အေးရိပ်ငြိမ် ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ရွှေပင်လယ် ကုမ္ပဏီမှ တစ်ဆင့် ကော့သောင်း ယာယီပတ်စ်ပို့ ထုတ်ပေးရေးရုံးသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ကိုစိုးမိုးအောင်က ပြောပြသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။