Home » » ချန်ပီယံ ပြေးလမ်းကြောင်း ပေါ်ကနေ ကျွန်တော်တို့ ထွက်ခွာ သွားပြီလို့ ပြောဖို့ စောပါသေးတယ် ဆိုတဲ့ အာဆင်ဝင်းဂါး

ချန်ပီယံ ပြေးလမ်းကြောင်း ပေါ်ကနေ ကျွန်တော်တို့ ထွက်ခွာ သွားပြီလို့ ပြောဖို့ စောပါသေးတယ် ဆိုတဲ့ အာဆင်ဝင်းဂါး

Written By မောင်စေတနာ on Saturday, September 24, 2011 | 1:46:00 PM


ချန်ပီယံပြေးလမ်းကြောင်းပေါ်ကနေ ကျွန်တော်တို့ ထွက်ခွာသွားပြီလို့ ပြောဖို့စောပါသေးတယ်ဆိုတဲ့ အာဆင်ဝင်းဂါး

မန်ယူအသင်းအား ဂိုးပြတ်ရှုံးနိမ့်မှု အပါအ၀င် နောက်ဆုံး ၅၈ နှစ်အတွင်း အဆိုးရွားဆုံး ရာသီစတင်မှု တစ်ခုဖြစ်နေသော်လည်း မိမိတို့ အာဆင်နယ်အသင်းမှာ ချန်ပီယံပြေးလမ်းကြောင်းပေါ်မှ ထွက်ခွာသွားရပြီဟု ပြောရန်မှာ စောလွန်းသေးသည်ဟု နည်းပြဖြစ်သူ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။ အာဆင်နယ် အသင်းအနေဖြင့် ပရီမီးယားလိဂ်ဖလား ရဖို့ အခွင့်အရေး ရှိပါသေးသလားဟူသော မေးခွန်းအပေါ်တွင် ၀င်းဂါးက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဝင်းဂါးက "အဲဒီမေးခွန်းကို အဖြေပေးဖို့အတွက် ခုချိန်ခဏလေးက အရမ်းစောလွန်းပါသေးတယ်.. ချန်ပီယံလိဂ်ကို ခြေစစ်ပွဲ ၀င်ခဲ့ရတာနဲ့ ကစားသမား အပြောင်းအရွှေ့ ရိုက်ခတ်မှုတွေကြောင့်သာ လတ်တလောမှာ ကျွန်တော်တို့ တာထွက် မကောင်းခဲ့တာပါ.. အဲဒီအတွက် စွမ်းအားတွေ ကျွန်တော်တို့ ဆုံးရှုံးခဲ့ရပါတယ်.. အမှန်ပြောရရင်တော့ မန်ယူနဲ့ ကျွန်တော်တို့ကြားက ကွာဟမှုကို စိုးရိမ်ပါတယ်.. ဒါကို မစိုးရိမ်ဘူးလို့ ပြောလိုက်ရင် လိမ်ညာမှု သက်သက်ပဲ ဖြစ်သွားမှာပါ.. ဒီအနေအထားမှာ ကျွန်တော်တို့ မျှော်လင့်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက သူတို့(မန်ယူအသင်း) အမှတ်တွေ ဆုံးရှုံးမယ့် အခြေအနေမှာ ကျွန်တော်တို့က အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြုလုပ်နိုင်ဖို့ပဲ ရှိပါတယ်..

သူတို့ အနေနဲ့ကလဲ ပွဲစဉ်အချို့မှာ ရမှတ်ဆုံးရှုံးပါလိမ့်မယ်.. ဒါပေမယ့် ကျွန်တော်ကတော့ သူတို့ထက် ကိုယ့်အသင်းအပေါ်မှာပဲ အာရုံစိုက်ပါတယ်.. အကယ်၍သာ သူတို့ အနေနဲ့ ပြီးပြည့်စုံတဲ့ ရာသီတစ်ခုကို စွမ်းဆောင်နိုင်မယ်ဆိုရင်တော့ သူတို့အတွက် ပြီးပြည့်စုံတဲ့ ရာသီတစ်ခု ဖြစ်လာမှာပါ.. ခုချိန်ထိတော့ အဲဒီလို ပြီးပြည့်စုံတဲ့ ရာသီတစ်ခုကို တည်ဆောက်ထားနိုင်တာ 2003-2004 ရာသီက ကျွန်တော့အာဆင်နယ် တစ်သင်းပဲ ရှိပါသေးတယ်။

ကျွန်တော်တို့ရဲ့ ပြိုင်ပွဲတွေအပေါ် အာရုံနှစ်ပြီး စုစုစည်းစည်းနဲ့ ချန်ပီယံ ပြေးလမ်းကြောင်းထဲကို ပြန်ဝင်လာပါ့မယ်.. ကျွန်တော့အသင်းသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပါတ်သက်လို့ အကောင်းမြင်ပဲ ရှိပါတယ်.. ဒီလို ဆိုးရွားချိန်တွေဟာ ခဏတာပါပဲ" ဟု ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။