Home » » ယခုနှစ် ဘောလုံးရာသီဝက်တွင် အဂူရိုအား ခေါ်ယူရန် ရီရဲလ်မတ်ဒရစ်အသင်း က ချိတ်ဆက်မှုများရှိလာ

ယခုနှစ် ဘောလုံးရာသီဝက်တွင် အဂူရိုအား ခေါ်ယူရန် ရီရဲလ်မတ်ဒရစ်အသင်း က ချိတ်ဆက်မှုများရှိလာ

Written By မောင်စေတနာ on Sunday, September 18, 2011 | 10:00:00 PM


ယခုနှစ် ဘောလုံး ရာသီဝက်တွင် အဂူရိုအား ခေါ်ယူရန် ရီရဲလ်မတ်ဒရစ်အသင်း က ချိတ်ဆက်မှု့များ ရှိလာ

အသင်းသစ်သို့ ရောက်ရှိလာသည့် ကာလတို အတွင်းမှာပင် ခြေစွမ်းပြ ကစားနိုင်သည့် မန်စီးတီး ကစားသမားသစ် အဂူရိုအား ရီးရဲလ်မတ်ဒရစ်အသင်းက ယခုနှစ်ဘောလုံးရာသီဝက်တွင် ခေါ်ယူနိုင်ရန် ချိတ်ဆက်လာသည်ဟု သိရသည်။

သို့သော် မန်စီးတီးမန်နေဂျာက အဆိုပါ ကမ်းလှမ်းချက်ကို ချက်ချင်းပင် ပယ်ချလိုက်ပြီး အဂူရိုက Etihad Stadium အတွက်သာ သစ္စာရှိ ကစားသမား တစ်ယောက်ဖြစ်လိမ့်မည် ဖြစ်ကြောင်း တုန့်ပြန် ပြောဆိုခဲ့သည် ။

မန်စီးနီက “ရီးရဲလ်မတ်ဒရစ် ကို သူပြောင်းရွေ့သွားဖို့က လွယ်မယ်မထင်ပါနဲ့ ၊ သူ ကျွန်တော်တို့နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ၅ နှစ်ပါ ၊ ဖြစ်လာမယ်မထင်ပါဘူး။

နောက်ပြီး ကျွန်တော်တို့ ချန်ပီယံလိဂ် ၀င်လိုက်တာကိုက Great ပလေယာတွေကို ခေါ်ယူနိုင်လိုက်တာပါပဲ ၊ အခုလို အသင်းရဲ့ ကစားပုံ ကောင်းမွန်နေတဲ့ အပေါ်မှာလဲ ကျွန်တော်ကျေနပ်နေပါတယ်” ဟု မန်စီးနီက ပြောဆိုသွားသည် ။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။