တရားမ၀င် ဆေးလိပ်ကြေငြာမှု ၂ခုဖြင့် တရားရုံး ရင်ဆိုင်နေရသော စင်ကာပူရှိ ဖီးလစ်မောရစ် ဆေးလိပ်ကုမ္ပဏီ က ၄င်းတွင်အပြစ်မရှိကြောင်း တရားရုံးတွင်ထွက်ဆိုခဲ့သည်။
စင်ကာပူ တည်ဆဲဥပဒေအရ လိုင်စင်ရှိသော ဆေးလိပ်များသာ ခင်းကျင်းရောင်းချခွင့်ရှိသဖြင့် ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပါ စင်ကာပူဒေါ်လာ ၁၀၀၀၀၀ ခန့် ဒဏ်ငွေ ပေးရဖွယ်ရှိ နေသည်။
၂၀၀၉ ခုနှစ် စက်တင်ဘာတွင် လိုင်စင်မရှိသော မာလ်ဘိုရို စီးကရက် ၅ပါကင်ကို ပြသရောင်းချခဲ့သည်ဟု စွပ်စွဲခံနေရသည်။ ဖော်မြူလာဝမ်း ကားပြိုင်ပွဲ ကာလအတွင်း ယာယီအားဖြင့်သာ ခင်းကျင်းခဲ့ သဖြင့် အငြင်းပွားစရာမရှိ ကြောင်း ဖီးလစ်မော်ရစ်ရှေ့နေ က ခုခံချေပထားသည်။
၂၀၀၉ နိုဝင်ဘာလ တွင်လည်း ပူရှိန်းစီးကရက် နမူနာ များခင်းကျင်းခဲ့ကြောင်း အခြားစွဲချက်တစ်ခုလည်း ရင်ဆိုင်နေရသည်။
Source by :https://linyonemagazine.wordpress.com/

0 comments:
Post a Comment