Home » , » နာဂျစ် အဗ္ဗဒူရာဇက် ဘယ်လဲ ဘာလဲ

နာဂျစ် အဗ္ဗဒူရာဇက် ဘယ်လဲ ဘာလဲ

Written By မောင်စေတနာ on Monday, September 19, 2011 | 8:57:00 AM



မလေးရှားဝန်ကြီးချုပ် (ဟောင်း) အာမက်ဘာဒါဝီ ၏ ညံ့ဖျင်းသော ဦးဆောင်မှု ကြောင့် မလေးရှား ၏ စီးပွားရေး လည်း ကျဆင်း နေခဲ့ရ သလို အာဏာရပါတီ ၏ ရေပန်းစား မှုသည် လည်း စတင်ပြိုလဲ လာခဲ့သည်။ ထိုအခိုက် မလေးရှား၏ ကြမ္မာသစ် ကို ဖန်တီး ပေး မည့်သူ တစ်ဦး မားမားမတ်မတ် ထွက်ပေါ်လာခဲ့သည်။ သူကား…….. နာဂျစ်အဗ္ဗဒူရာဇက်ဖြစ် သည်။

သူ သွားမဲ့လမ်းက ဘယ်လဲ သူကရော ဘာလဲ ဆိုတာ တင်ပြရသော် ….

မလေးရှားနိုင်ငံ၏ ဒုတိယမြောက် ၀န်ကြီးချုပ်Tun Abdul Razak ၏ သား တတိယမြောက် ၀န်ကြီးချုပ် Tun Hussein Onn. ၏ တူ ဖြစ်သူ နာဂျစ်အဗ္ဗဒူရာဇက် မှာ နိုင်ငံရေးလောကသို့ လူငယ်ဘ၀တည်းက ၀င်ဆန့် နိုင်ခဲ့သည်။ အသက် ၂၃နှစ် အရွယ်မှာပင် ပါလီမန် အမတ်ဖြစ် လာခဲ့သည်။ ယင်းနောက် တရှိန်ထိုး နာမည် ကျော်ကြား သော နိုင်ငံရေး သမားတစ်ဦးဖြစ် လာခဲ့သည်။

မလေးနိုင်ငံ၏ ဘဏ္ဍာရေး ၀န်ကြီး ၊ကာကွယ်ရေး ၀န်ကြီး အစရှိ သောဝန်ကြီး တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင် ခဲ့သဖြင့် နာဂျစ်အဗ္ဗဒူရာဇက် ၏ စွမ်းဆောင် ရည်ကို အမှတ်မပေးပဲ မနေနိုင်ချေ။ ၀န်ကြီးချုပ် ဘာဒါဝီ ရာထူးမှ နှုတ်ထွက်ခဲ့ပြီးနောက် အသက် ၅၅နှစ်ရှိ နာဂျစ်အဗ္ဗဒူရာဇက် မှာ မလေးရှား နိုင်ငံ၏ ခြောက်ဦမြောက် အဖြစ် ၀န်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ သည်။

သူဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူခဲ့စဉ် တရုတ် အိန္ဒိယ လူမျိုးများပေါ်ထားရှိသည့် အာဏာရပါတီ၏ မညီမျှသော မူဝါဒများ ကြောင့် လူမျိုးရေး တင်းမာ မှုများ ကနေ လူမျိုးရေး အဓိကရုဏ်း များသို့ ကူးပြောင်းမည့် ဟန်ရှိလာခဲ့သည် ။ထို့ပြင် လွတ်လပ်ရေး ရရှိခဲ့ချိန် မှစ၍ အာဏာ အား ဆက်လက်ချုပ်ကိုင်ထားခဲ့သော UMNO ပါတီ အပေါ် ပြည်သူများက ညီးငွေ့ လာနေသည် ။ ထိုအချိန်၌ နိုင်ငံရေး သမ္ဘာရှိလှသော နာဂျစ်ရာဇက် အနေဖြင့် မလေးလူမျိုး အများစု ဖြင့် ဖွဲ့စည်းထားသော UMNO ပါတီ၏ မူဝါဒများကို လိမ္မာ ပါးနပ်စွာ ပြောင်းလဲနိုင်ခဲ့ သည်။

၂၀၀၈ စက်တင်ဘာ ၁၆ရက်နေ့တွင် နာဂျစ်ရာဇက် က လူမျိုးရေး ဟန်ချက်ညီ လူမျိုးရေး မူဝါဒအပေါ် အခြေခံ ထားသည့် စုစည်း ညီညွတ် သော မလေးရှား 1 Malaysia အစီအစဉ်ကို သူ စတင် ပွဲထုတ်ခဲ့သည်။ Facebook Twitter စသော ဆိုရှယ် မီဒီယာ များ ကို အသုံးချကာ ပြည်သူများထံ ယင်း အစီအစဉ် ကို ကျယ်ပြန့်စေခဲ့သည်။ အမျိုသား စွမ်းဆောင်မှု နှင့် ညီညွတ် ရေး ၀န်ကြီးအဖြစ် တရုတ် အမျိုးသား ဖြစ်သူ လူနည်းစုပါတီ အကြီးအကဲTan Sri Dr. Koh Tsu Koon အား ခန့်အပ်ခဲ့ကာ လက်တွေ့ခြေလှမ်း ကိုစနိုင်ခဲ့သည်။

လာဘ်လာဘအကျင့်ပျက်ခြစားမှု ထူပြောနေသော အုပ်ချုပ် ရေးယန္ဒရားကို ပြုပြင်ပြောင်းလဲ သည့်အနေဖြင့် ပြည်သူများ၏ အခြေခံ လွတ်လပ်ခွင့်ကို အာမခံထားပေးသော အပြောင်းအလဲ ကို သူ ဂတိဂ၀တ်ပေး ခဲ့သည်။ ဤသို့ဖြင့် လွန့်လူးနေသော မလေးရှားစီးပွားရေး နိုင်ငံရေးတို့ကို ပဲ့ကိုင်ပေးမည့် သူဖြစ်လာခဲ့သည်။ ပြုပြင်ပြောင်းလဲရေးသူ ဆိုခဲ့သည့် အတိုင်း ၀န်ကြီးချုပ် အဖြစ်စတာဝန်ယူသော နေ့မှာပင် ပိတ်ပင်ခံထားရသော အတိုက်အခံတို့ ၏ သတင်းစာ နှစ်စောင် အား ပြန်လည်ခွင့်ပြုပေးခဲ့သလို လုံခြုံရေး အက်ဥပဒေအရ ဖမ်းဆီးထား သော အတိုက်အခံ ၁၃ဦးအား လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့သည်။

ပြည်သူ့ ၀န်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင် ရည်မြင်မား စေရန် ထင်သာမြင်သာသော အစိုးရ ဖြစ်လာစေရန် နာဂျစ်ရာဇက် သည် အစိုးရ ပြုပြင်ပြောင်းလဲ ရေး အစီအစဉ်ကို အကောင်အထည်ဖေါ်သည်။ လူများပြီး ပွဲမစည် ဖြစ်နေသော မလေးရှားဝန်ကြီးများကို ပြန်လည်စိစစ်ခဲ့သည်။ ၀န်ကြီးဌာန နှစ်ခု ပိတ်သိမ်းကာ စွမ်းအင် ၀န်ကြီးဌာန ၊ နည်းပညာ နှင့် ရေအရင်းအမြစ် ၀န်ကြီးဌာန နှစ်ကို အသစ် ထူထောင်ခဲ့သည်။

နာဂျစ်အဗ္ဗဒူရာဇတ်၏ နောက်ကြောင်း သမိုင်းက လိမ္မာ ပါးနပ်လှသူ ပြုပြင်ပြောင်းလဲ ဖြစ်စဉ်ကို ခြေသွက်လက်သွက် တစ်ဦးဖြစ်စေခဲ့သည်။ သူသည် မလေးရှားက နာမည်ကျော် မလေးကောလိပ် Kuala Kansar တွင်ပညာသင်ယူခဲ့ပြီး ဗြိတိန် နိုင်ငံ Nottingham တက္ကသိုလ် ၌ စက်မှုစီးပွား ဘာသာရပ်ဖြင့် ဘွဲရရှိခဲ့သည်။ ၁၉၇၄ တွင်မလေးရား သို့ ပြန်လာခဲ့ ကာ Bank Negara ၊ ပီထရိုနက်စ် ရေနံကုမ္ပဏီ ၊ တို့တွင် တာဝန် ထမ်းဆောင် ခဲ့သည်။ ၀န်ကြီးချုပ်ဟောင်း အဗ္ဗဒူရာဇက် ဟူစိန်၏ အကြီးဆုံးသား ဖြစ်သည့်အလျောက် မလေးရှားနိုင်ငံရေး ရေစီးကြောင်းကို ကောင်းကောင်း ကျေညက်ခဲ့သည်။ ဤအချက်ပင် ၁၉၇၆ ပါလီမန်ရွေးကောက်ပွဲသို့ ၀င်ရောက်စေနိုင်ခဲ့သည်။

ဇာတိ Pahang ပြည်နယ် တွင် အရွေးခံလိုက်ရ၍ မလေးရှားသမိုင်းတွင် အသက်အငယ်ဆုံး အရွေးချယ်ခံ အမတ် တစ်ဦးဖြစ်လာခဲ့သည်။ ဖခင့်ခြေရာ အပြည့်နင်းနိုင်သည့် သားတစ်ဦး ဟဆိုရမည်ပင်။ အသက် ၂၅နှစ်အရွယ်မှာပင် စွမ်းအင်ဆက်သွယ်ရေးနှင့် စာတိုက် ၀န်ကြီးအဖြစ် မလေးရှားကက်ဘိနက်က တာဝန်ပေးခဲ့ သည်။ ထို့ပြင် ပညာရေးဝန်ကြီး ၊ ဘဏ္ဍာရေးဝန်ကြီး ၊ ယဉ်ကျေးမှု အားကစားနှင့် လူငယ်ရေးရာ ၀န်ကြီး ပညာရေးဝန်ကြီး စသဖြင့် တာဝန်ယူခဲ့သူ လည်းဖြစ်သည်။ ၁၉၅၇ ခုနှစ်မှ စ၍ နိုင်ငံတော်အာဏာအား ချုပ်ကိုင် ခဲ့သည် ညီညွတ်သော မလေးအမျိုးသား အစည်းအရုံး ( UMNO ) တွင် ပြိုင်ဘက်ကင်း ခေါင်းဆောင် အဖြစ်သူ ရပ်တည်ခဲ့သည်။ ဤသို့သော သမိုင်းကြောင်းက မလေးရှား အသွင်ကူးပြောင်းရေးကို ပဲ့ကိုင်မည့် ၀န်ကြီးချုပ် အဖြစ် သူ့အားတွန်းပို့ပေးခဲ့သည်။

နိုင်ငံရေး အကျင့်ပျက်ခြစားခြင်း၊ စီးပွားရေး ကျဆင်းခြင်း တို့ကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ခဲ့ သဖြင့် ၀န်ကြီးချုပ် အာမက်ဘာဒါဝီနေရာတွင် နာဂျစ်ရာဇက် က ၂၀၀၉ ခုနှစ် ဧပြီ ၃ရက်နေ့တွင် ဆက်ဆံခဲ့သည်။ အာမက်ဘာဒါဝီ၏ စွမ်းဆောင်ရည်နိမ့်ပါးမှု ကြောင့်ပင် UMNO သည် အတိုက်အခံများ၏ ထိရောက်သော ထိုးနှက်ခြင်းကို ခံခဲ့ရသည်။

၂၀၀၈ ပါလီမန်ရွေးကောက်ပွဲ ရလာဒ်သည် နှစ်၅၀အတွင်း အဆိုးဝါး ဆုံးဖြစ်ခဲ့ရသည်။ တရုတ် ၊အိန္ဒိယ လူနည်းစု အရေးကို ဖြည့်ဆည်းပေးရန် ဆက်လက် ပျက်ကွက်ခဲ့ပါက UMNO သည် အနာဂတ်မဲ့ သွားနိုင် ပုံကို ရိပ်စားမိနိုင်ရန် နာဂျစ်ရာဇက်က ထောက်ပြခဲ့သည်။ “ တိုင်းပြည် စီးပွားရေး တိုးတက်မှု နဲ့ မြင့်မားတဲ့ ပညာရေးက မဲဆန္ဒရှင်သစ်တွေကို မွေးဖွားပေးခဲ့ပါပြီ။

ဆက်လက်ပြီး ဒီအခြေအနေကို တောင်းဆိုနေဆဲပါ လက်ရှိချိန်မှာတေ့ ပြည်သူတွေကို ဆန္ဒ ကို ဖြည့်ဆည်းနိုင်ဖို့ အခက်အခဲ ဖြစ်နေဆဲ ပါ တကယ်လို့ သာ ဒီအခြေအနေတွေ ကို မသိနားလည်း ခဲ့ရင် ဆူပွက်နေတဲ့ သူတို့တွေရဲ့ဒေါသ က အမုန်းမီးဖြစ်လာ လိမ့်မယ်။ အဆုံးမှာ ကျွန်ုပ်တို့ အားလုံး ကို ၀ါးမျို သွားလိမ့်မယ် ” ဟု ဆိုသော သူ့မိန့်ခွန်း က အာဏာရ အစိုးရ၏ အတိုက်အခံများအပေါ် ဖြိုခွင်းမှု လွတ်လပ်စွာ ပြောဆို ခွင့် အား ပိတ်ပင်မှု တို့ကို ရိုက်ခတ်သွားခဲ့သည်။

မလေးရှားဝန်ကြီးချုပ်၏ သူဖြတ်သန်းခဲ့သောလမ်းမှာ ပန်းခင်းသော နိုင်ငံရေး လမ်း မဟုတ် တာ ကတော့ သေချာသည်။ တစ်ခါတစ်ခါ မုန်တိုင်းဒဏ်ပင် ခံခဲ့ရ၏။ ရေငုပ်သင်္ဘော နှစ်စင်း ၊ ဆူခွိုင်း တိုက်လေယာဉ် များ ၊ Eurocopters ရဟတ်ယာဉ်များ နှင့် စစ်လက်နက်ပစ္စည်း ဆိုင်ရာ စာချုပ်များတွင် လာဘ်ယူခဲ့သည်ဟု အတိုက်အခံတို့က စွပ်စွဲထားသည် ။ မွန်ဂိုလီး ယား အမျိုးသမီး သေဆုံးခဲ့ရသော မလေးရှားစစ်တပ် ၏ တိုက်ခိုက်မှု အား နာဂျစ် ရာဇက်မှ အမိန့်ပေးခဲ့ ကြောင်းအတိုက်အခံတို့က စွပ်စွဲခံထားရသည်။

ဤ စွပ်စွဲချက်များက အတိတ်မျက်နှာစာလှခဲ့သော လက်ရှိ မလေးရှားဝန်ကြီးချုပ် နာဂျစ် အဗ္ဗဒူရာဇက် ကို ဟန်ချက် ပျက် စေ နိုင်မည်လား အာဏာရပါတီ၏ သမိုင်း အစဉ် အလာကို ပြန်လည် ထိန်းသိမ်းနိုင်ရေး ၊နှင့် အတိုက်အခံ တို့မေးငေါ့ ဝေဖန်မှုများကို ကျော်လွှား နိုင် မည်လား ဆိုသည့်မေးခွန်းများ ကို ၀န်ကြီးချုပ် နာဂျစ် အဗ္ဗဒူရာဇက် ၏ ပြည်သူများထံ ပေးထားသော ကတိက၀တ်များ အကောင်အထည်ပေါ်နိုင်စွမ်းကသာ အကောင်းဆုံး အဖြေ ပေးနိုင်မည် ဟု တင်ပြလိုက်ပါသည်။

Source by :https://linyonemagazine.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။