
သီချင်းအေးအေးလေး တစ်ပုဒ်လောက် ရေးပေးဖို့ ပြောပါတယ်။ စိတ်ထဲမှာကလည်း နေ့စဉ် တွေ့မြင်နေကျ ကျွန်တော်တို့ ပတ်ဝန်းကျင်၊ သွားရင်းလာရင်း တွေ့မြင်နေရတဲ့ ၀န်ထမ်း စုံတွဲလေးတွေနဲ့ ပတ်သက်တဲ့ အတွေးလေးတွေလည်း ရှိထားတဲ့အခါမှာ ရေးမယ်ဆိုပြီး ဟော်လိုဂစ်တာ ကိုင်လိုက်တယ်ဆိုရင်ပဲ လုပ်ငန်းခွင်တူတဲ့ ချစ်သူစုံတွဲတစ်တွဲမှာ ကောင်လေး တစ်ယောက်ကို အခြားမိန်းကလေးက တိုးတက်အောင် ပံ့ပိုးပေးလိုက်လို့ ပြောင်းသွားတဲ့အခြေအနေမှာ ကျန်ရစ်ခဲ့သူရဲ့အဖြစ် အပျက်လေးကို ကိုယ့်စိတ်ထဲမှာ ဇာတ်လမ်းလေးလုပ်ကြည့်ရင်းနဲ့ ဒီသီချင်းလေးဖြစ်လာတာပါ''လို့ ဆိုပါသည်။
''ဒီသီချင်းကို ''လမ်းမကြီးက ဟောင်းနေလည်း'' ဆိုတဲ့ အပိုဒ်က စာသားလေး စပြီးရတယ်။ နောက်မှ Verse ၊ Bridge အစရှိသည်ဖြင့် တစ်ခုပြီးတစ်ခု ရေးထားတာပါ။ နောက်တစ်ချက်က ဒီသီချင်းကို Slow Rock ပုံစံလေး ရေးထားတဲ့အတွက် စာသားပိုင်းတွေ၊ မြူးဇစ်ပိုင်းတွေမှာ အရမ်းကြီးဝေ့၀ိုက်တာမျိုးမလုပ်ဘဲ လွတ်လွတ်လပ်လပ်လေး ဖန်တီးပေးခဲ့တာပါ''လို့ ရဲလေးက အရင်ရေးသားတဲ့ သီချင်းပုံစံနဲ့မတူတဲ့ ''လမ်းမကြီးရဲ့ ဘေး'' သီချင်းပုံစံလေးနဲ့ပတ်သက် ပြီး ခုလိုပြောပြခဲ့ပြန်ပါတယ်။
ထို့နောက်မှာတော့ ခွေကြမ်းလေးကို ၀ိုင်းစုခိုင်သိန်း အသံသွင်းဖို့အတွက် ပေးအပ်ခဲ့ပြီးနောက် ဖြစ်ပျက်ခဲ့သည့် အမှတ်တရများကိုလည်း အဆိုတော်ဝိုင်းစုခိုင်သိန်းက ''ကိုရဲလေးက သီချင်းရပြီဆိုလို့ ခွေကြမ်းကို ညဘက်မှာသွားယူဖြစ်တယ်။ နောက်နေ့မှာ ရည်းစားနဲ့ပြတ်တာပဲ'' လို့ ဒီသီချင်းရဲ့ အမှတ်တရအစကို ၀ိုင်းစုက အခုလိုဖွင့်ပြန်ပါတယ်။
''ပြောရမယ်ဆိုရင် အဲဒီအချိန်တုန်းက အနှေးကိုဘယ်လိုဆိုရမယ် ဆိုတာနားမလည်သေးဘူး။ သီချင်းလေးရလာတော့ ဘယ်လို Mood ထည့်ရမယ် ဆိုတာလည်း နားမလည်ခဲ့ပါဘူး။ဒါပေမဲ့ အဲဒီခွေတုန်းက ကို ရွှေ (တေးရေးရွှေဂျော်ဂျော်)က Guide လုပ်ပေးတဲ့အတွက် ကိုရွှေကဘယ် လိုလေး Mood ထည့်၊ ဘယ်နေရာ မှာ ဘယ်လိုပုံစံဆိုရမယ်ဆိုပြီး သင် ပေးတဲ့အတိုင်းဆိုခဲ့တာပါ။ အခက်အခဲရယ်လို့ မရှိပေမယ့်လည်း အခုချိန်နားလည်နေပြီဆိုတော့ ဘယ်နေ ရာလေး အားမရတာတို့တွေတော့ဖြစ်ပါတယ်''လို့ ၀ိုင်းစုက ဆိုပါတယ်။
ဒီလိုအောင်မြင်တဲ့ တေးသီချင်း တစ်ပုဒ်ကိုရုပ်ကြွစေဖို့ ပုံဖော်ခဲ့တဲ့အထဲ မှာလည်း Lazy Club မှကိုနိုင်ဇော်က ''ရဲလေးက ဟစ်ဟော့ပ်တို R & B ရေးတာများတယ်။ ဒါပေမဲ့ဒီသီချင်း ကျတော့သူက Alter Rock ပုံစံရေး ထားတဲ့အတွက် ဘယ်လိုလှအောင်တီးမလဲ စဉ်းစားကြပြီး တီးတာပါ။
ထူးထူးခြားခြားအနေနဲ့ Wah Wah Instrument ကိုလှအောင် တီးထည့် ပေးထားခြင်းပါပဲ''လို့ သီချင်းရဲ့ အတီးထူးခြားမှုကို အခုလိုဆိုတဲ့အခါမှာ လမ်းမကြီးတစ်ခုမှာ အတူတွဲလျောက် အဖော်မပါဘဲ လှမ်းနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံရိပ်ဟာ ပိုမိုသက်ဝင်လာခဲ့ပါတော့တယ်။
မေသူကျော်
Source by :http://www.weeklyeleven.com/




.jpg?width=750)

0 comments:
Post a Comment