Home » » ထိုင်းငွေကြေး အကျိုးသက်ရောက်မှုကြောင့် နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားအချို့ မြ၀တီ သောင်ရင်းမြစ်ကမ်းတွင် ရွေးယူခြင်းခံနေရ

ထိုင်းငွေကြေး အကျိုးသက်ရောက်မှုကြောင့် နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားအချို့ မြ၀တီ သောင်ရင်းမြစ်ကမ်းတွင် ရွေးယူခြင်းခံနေရ

Written By မောင်စေတနာ on Tuesday, September 6, 2011 | 5:43:00 AM


ထိုင်းငွေကြေး အကျိုးသက်ရောက်မှုကြောင့် ရွှေ့ပြောင်းလုပ်သား အချို့ နေရပ်ပြန်ကြရာ အကြောင်း အမျိုးမျိုးကြောင့် မြ၀တီသောင်ရင်း မြစ်ကမ်းတွင်ရွေးယူမှု ခံပြီးမှသာ ပြန်လာခွင့်ရနေကြောင်း မွန်ပြည်နယ် မော်လမြိုင်မြို့နယ်သို့ ပြန်လည် ရောက်ရှိနေကြသော ရွှေ့ပြောင်းလုပ်သား အချို့ထံမှ သိရှိရသည်။

“စက်ရုံမှာ လခကနည်းသလို အလုပ်ကလည်း ပင်ပန်း၊ ငွေဈေးကလည်း ကျနေတော့ မော်လမြိုင်ပဲ ပြန်ကြရအောင်ဆိုပြီး သူငယ်ချင်းသုံးယောက် စုပြီး တာဝန်ခံကို ပြောပါတယ်။ ကျန်တဲ့လုပ်ခတွေကို ပြန်ဖို့လမ်းစရိတ် ငွေလိုလို့ရှင်းပေးဖို့ပြောပါတယ်။အခု ရှင်းမပေးနိုင်ဘူး။ လကုန်မှ ကြိုယူတာတွေ နှိမ်ပြီးရမယ်လို့ ဆိုပါတယ်၊ စကားအပြန်အလှန် များကြပြီး ထွက်လာခဲ့ကြတယ်။ မကြာပါဘူး။

ဘယ်သူ ဖုန်းဆက်လိုက်လည်း မသိ၊ ထိုင်းရဲတွေလာဖမ်းပါရော၊ ရှိတာတွေသိမ်း၊ တစ်ညသိပ်ပြီး သောင်ရင်းမြစ် ကမ်းမှာလာသွန်ပါတယ်။ သူတို့ တင်ပေးတဲ့ ပဲ့ချိတ်စက်လှေနဲ့ သောင်ရင်း မြစ်ကိုဖြတ်ပြီး မြ၀တီဘက်ဂိတ်ကို ရောက်ပါတယ်။ အဲဒီဂိတ်ဝင်းကနေ အပြင်လည်း ပေးမထွက်ဘူး။ ဘတ်တစ်ထောင်နဲ့ လာရွေးမှ ထွက်ရမယ်ဆိုလို့ မော်လမြိုင်အိမ်ကို ဖုန်းဆက်ရပါတယ်။ အဖေက မြ၀တီ အသိတစ်ယောက်ကို အကူအညီတောင်းပြီး ငွေသုံးသောင်းလာပေးမှ ထွက်ပြီးပြန်လာရတာပါ”ဟု နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားက ဆိုသည်။

“ထိုင်းကနေ ပြန်လာတဲ့သူ သုံးမျိုးလောက် ရှိပါတယ်။ ပထမ တစ်မျိုးက တရားဝင်သွား၊ တရားဝင် ပြန်တာပဲ၊ ဘန်ကောက်နဲ့ မဲဆောက်က ကားခဘတ်ငါးရာပဲ ဆိုတော့ ပြဿနာမရှိပါဘူး။ ဒုတိယ နှစ်မျိုးက တရားမ၀င်သွားတဲ့သူတွေပဲ၊ တရားမ၀င်သွားတဲ့ထဲ နှစ်မျိုးကွဲသွားတယ်။ ငွေစုလို့ရတဲ့ သူတွေက မော်လမြိုင်၊ ရန်ကုန် အရောက် ဘယ်လောက်ဆိုပြီး ကယ်ရီနဲ့ ပြန်သူတွေပဲ။ ကျန်တစ်မျိုးက ငွေစုလို့လည်းမရ၊ စက်ရုံကလည်း ညစ်ပတ်ခံရပြီး ဒုက္ခရောက်သူတွေပါပဲ။

သူတို့က ထိုင်းရဲအဖမ်းခံ၊ ရှိတာလေးတွေ အရှာခံ၊ အသိမ်းခံပြီး၊ နောက်နေ့ သောင်ရင်းမြစ်မှာ လာသွန်တာခံရတာပဲ။ ထိုင်းရဲတွေရဲ့ စားကွက်အတိုင်း ဒီဘက်က ပွဲစားတွေနဲ့ချိတ်ပြီး အရောင်းစားခံရပါတယ်၊၊ လာသွန်တဲ့ သူတွေမှာ မွန်၊ ကရင်၊ ဗမာ၊ ကုလားဆိုပြီး အုပ်စုခွဲ၊ ပဲ့ချိတ်လိုက်တင်ပေးပြီး မြ၀တီဘက် ပို့တာပါပဲ။ မြ၀တီကမ်းဆိုက်တာ နဲ့ ၀င်းခြံတွေထဲမှာ ထားတယ်။ ပြည်မ ကအိမ်တွေကို ဖုန်းဆက်ခိုင်းပြီး လာရွေးခိုင်းတာပါပဲ။ ထွက်ပြေးရင် လ၀ကဥပဒေနဲ့ အရေးယူ ထောင်ချနိုင်တယ်လို့ ခြိမ်းခြောက်ကြတယ်”ဟုလေ့လာသူက ဆိုပါသည်။

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။