Home » » မဟာနန်းမှ သရီးဂျေ ( 3J ) ရှိုးပွဲ

မဟာနန်းမှ သရီးဂျေ ( 3J ) ရှိုးပွဲ

Written By မောင်စေတနာ on Wednesday, September 28, 2011 | 8:33:00 AM



မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ မဟာနန်း အဆင့်မြင့် စားသောက်ဆိုင်မှ Beer Promotion အထူးအစီအစဉ်အနေဖြင့် ဘီယာပရိုမိုးရှင်း ပွဲများကို ဘီယာကုမ္ပဏီကြီးများနှင့် ပူးပေါင်းတင်ဆက်ကာ Model များ၊ Dancer အဖွဲ့များ၊ မြန်မာအဆိုတော်များဖြင့် သီဆိုဖျော်ဖြေမှုများအား လစဉ် ပထမပတ် တနင်္ဂနွေနေ့များတွင် ၀င်ကြေးအခမဲ့ဖြင့် ကျင်းပပြုလုပ်ပေးလျက်ရှိပါသည်။

ယခု စက်တင်ဘာလတွင်လည်း မြန်မာပရိသတ်အသဲစွဲ သရီးဂျေ (3J) ရှိုးပွဲကို စက်တင်ဘာ ၂၅ ရက်နေ့ (တနင်္ဂနွေနေ့) မှာ နေ့လည် ၁၂း၀၀ နာရီကနေ ညနေ ၄ နာရီအထိ အဆိုတော် ဂျေမောင်မောင်၊ ဂျေညီမလေး၊ ဂျေညီညီ တို့ မောင်နှမ သုံးဦးတို့မှ မနားတမ်း သီဆိုဖျော်ဖြေခဲ့ကြသည်။

ဂျေညီမလေးမှ မဟာနန်း အဆင်မြင့် စားသောက်ဆိုင် ပရိသတ်များ၊ လူအုပ်များကြားထဲအထိ ရင်းရင်းနှီးနှီး ၀င်ရောက် သီဆိုဖျော်ဖြေခဲ့သည်။

ထို့ပြင် စက်တင်ဘာ ၂၆ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ စကင်ချမ်း၌ ညနေ ၈း၀၀ နာရီမှ ည ၁၀း၀၀ နာရီထိ သွားရောက် သီဆို ဖျော်ဖြေခဲ့ကြပြီး စက်တင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ကွာလာလမ်ပူလေဆိပ်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

ရှိုးပွဲအမှတ်တရ ဓါတ်ပုံများ





>







သတင်းနှင့် ဓါတ်ပုံ - လေပြည် (သတင်းကွန်ယက်)

Source by :http://newsnetworkmedia.blogspot.com/
Share this article :

1 comments:

မဒမ်ကိုး said...

ဟား အဲရက်ကမလာလိုက်တာနာတာပဲး(

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။