Home » » အာဆင်နယ်၊ စပါး ပစ်မှတ် ဂျူအန်မာတာ ချဲယ်လ်ဆီး အသင်းသို့ ပြောင်းရွေ့ရန် သဘောတူညီမှု ရရှိ

အာဆင်နယ်၊ စပါး ပစ်မှတ် ဂျူအန်မာတာ ချဲယ်လ်ဆီး အသင်းသို့ ပြောင်းရွေ့ရန် သဘောတူညီမှု ရရှိ

Written By မောင်စေတနာ on Monday, August 22, 2011 | 3:52:00 PM


အာဆင်နယ်၊ စပါး ပစ်မှတ် ဂျူအန်မာတာ ချဲယ်လ်ဆီး အသင်းသို့ ပြောင်းရွေ့ရန် သဘောတူညီမှု ရရှိ

စပိန်ကလပ် ဗလန်စီယာသည် အသင်း၏ လူငယ်ကစားသမား ဂျူအန်မာတာသည် လန်ဒန်ကလပ် ချဲယ်လ်ဆီး အသင်းသို့ ပြောင်းရွေ့ရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း အသင်းပိုင် ၀က်ဘ်ဆိုဒ်မှ ဖော်ပြသွားခဲ့သည်။

အသက်(၂၃)နှစ်အရွယ် မာတာသည် အပြောင်းအရွေ့၏ နောက်ဆုံးအဆင့်အဖြစ် ဆေးစစ်မှု ခံယူရန်သာ ကျန်ရှိတော့ကြောင်း www.fifa.com ကဖော်ပြသွားခဲ့သည်။

ဗလန်စီယာ အသင်းက -"ဗလန်စီယာ ကလပ်သည် ဂျူအန်မာတာ၏ အပြောင်းအရွေ့ အတွက် ချဲယ်လ်ဆီး အသင်းဖြင့် သဘောတူညီမှု ရရှိသွားပါပြီ၊ အပြောင်းအရွေ့အတွက် သဘောတူညီ သွားပြီဖြစ်သောကြောင့် ချဲယ်လ်ဆီးအသင်းတွင် ဆေးစစ်မှု ခံယူသွားပါမည်" ဟု အသင်းပိုင်ဝက်ဘ်ဆိုဒ်တွင် ဖော်ပြသွားခဲ့သည်။

ဂျူအန်မာတာအား လန်ဒန်ကလပ်များ ဖြစ်ကြသည့် စပါး၊ အာဆင်နယ်တို့ကလည်း ခေါ်ယူရန် အပြိုင်ကမ်းလှမ်းခဲ့ကြ သော်လည်း၊ ချဲယ်လ်ဆီးအသင်းသည် လန်ဒန်ပြိုင်ဖက်များအား နောက်ကောက်ချကာ မာတာအား ပေါင်(၂၃)သန်းဖြင့် သဘောတူညီမှုရခဲ့သည်။ မာတာသည် ၂၀၀၇ ခုနှစ်က ရီးရဲလ်မက်ဒရစ် အသင်းမှ ဗလန်စီယာ အသင်းသို့ ပြောင်းရွေ့ ကစားခဲ့သူဖြစ်ပြီး၊ စပိန် လက်ရွေးစင် အသင်းကြီးတွင် ပုံမှန်ပွဲထွက်ခွင့် ရသည်အထိ ခြေစွမ်းပြ ကစားနိုင်ခဲ့သည့် လူငယ်လေး ဖြစ်သည်။

တောင်အာဖရိက တွင်ကျင်းပသော ၂၀၁၀ကမ္ဘာ့ဖလား ချန်ပီယံဘွဲ့ကို ဆွတ်ခူးထားသော စပိန်အသင်း၏ အသင်းသား တစ်ဦးဖြစ်သလို၊ ယူ-၂၁ ယူရိုပီယံ ချန်ပီယံရှစ် ချန်ပီယံ စပိန်အသင်း၏ အဓိက ကစားသမား တစ်ဦးလည်း ဖြစ်သည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။