မလေးရှား နှင့်သြစတြေးလျနှစ်နိုင်ငံအကြား ဒုက္ခသည် အပြန်အလှန်လွဲပြောင်ရေးသဘော တူညီချက် အား လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါ သဘောတူညီချက်အရ မလေးရှားက သြစတြေးလျသို့ ရောက်ရှိနေသည့် လှေစီးဒုက္ခ ၈၀၀ အားလက်ခံရ မည်ဖြစ်ကာ မလေရှားသို့ ရောက်ရှိနေသည့် ဒုက္ခသည် ၄၀၀၀အား သြစတြေး လျမှလက်ခံမည့်ဖြစ်သည်။
ယင်း သဘောတူညီချက်ကို မလေးရှားပြည်ထဲရေးဝန်ကြီး Hishammuddin Hussein နှင့်သြစတြေးလျ လူဝင်မှုဝန်ကြီး Chris Bowen တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ဒုက္ခသည်လွဲပြောင်းရေး သဘောတူညီချက်ကို ၄နှစ်အတွင်း အပြီး သတ်ဆောင်ရွက်မှာဖြစ်ကြောင်း သြစတြေးလျမှ ရင်းဂစ်သန်း ၉၄၀ အကုန်ကျခံ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သောမေလ ၇ရက်နေ့တွင် သြစတြေးလျ ၀န်ကြီးချုပ် Julia Gillard က ယင်းအစီစဉ်ကို ထုတ်ပြန်ကြေငြာခဲ့ပြီး နောက် သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့ခြင်း ဖြစ် သည်။ ဒုက္ခသည် ပထမအသုတ်ကို ယခုနှစ်တွင်း သြစတြေးလျသို့ ပို့ဆောင်မည် ဟု သိရသည်။
Source by :https://linyonemagazine.wordpress.com/

2 comments:
်မလေးရှား UNHC ကိုင်သမားတွေရော ဘယ်လိုနေထိုင်ရမလဲ အင်မတန်မှဆိုးရိန်ကြောင်ကြနေရပါတယ် သတင်းလေးတွေလေးတွေကိုစောင့်မျှော်နေရပါတယ် ဆရာတို့ရယ် အယ်ဒီအတွက်အမြန်ဆုံးတင်ပြပေးပါ။
သတင်းကောင်းပါပဲ..။ အစ်ကိုရေနည်းနညးနောက်ကျသွားတော့အစ်ကို့ကိုမမှီလိုက်ဘူးဗျာ..။
Post a Comment