Home » » မလေးရှားမှ နိုင်ငံခြားသားလုပ်သားများအား ဘိုင်အိုမက်ထရစ်စနစ်ဖြင့် မှတ်ပုံတင်မည်

မလေးရှားမှ နိုင်ငံခြားသားလုပ်သားများအား ဘိုင်အိုမက်ထရစ်စနစ်ဖြင့် မှတ်ပုံတင်မည်

Written By မောင်စေတနာ on Friday, July 22, 2011 | 5:55:00 PM

http://www.thuriyanews.com/wp-content/uploads/2011/07/bb-250x250.jpg
DK-မလေးရှားနိုင်ငံတွင်းရှိ တရားမဝင် အလုပ်သမားများအား ဇီဝသွင်ပြင်မှတ်တမ်းတင်စနစ် (Biometric System) နှင့်မှတ်ပုံမတင်မီ တရားဝင်နိုင်ငံခြားအလုပ်သမားများ အားဦးစွာ ၄င်းစနစ်ဖြင့်မှတ်ပုံတင်လိုကြောင်း မလေးရှားအစိုးရအဖွဲ့မှ ပြောကြားလိုက်သည်။

အစိုးရ၏ တရားမဝင် နိုင်ငံခြားသားများ အားမှတ်ပုံတင်ခွင့်ပြုရန် ရည်ရွယ်ချက်အား မသမာသူများမှ အလျင်စလို အမြတ်ထုတ်ရန်ကြံစည်နေကြကြောင်း သတင်းများထွက် ပေါ်နေသည်ဟု မလေးရှား ဒုတိယဝန်ကြီးချုပ် မူဟီဒင်ယက်ဆင် (Muhyiddin Yassin) မှဆိုခဲ့သည်။

မသမာသူ အချို့မှ တရားမဝင် အလုပ်သမားများအား လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်ကို အခွင့်ကောင်းယူ၍ တရားဝင် လုပ်သားများကို တရားမဝင် အလုပ်သမားများ အနေနှင့် ပြန်လည်မှတ်ပုံ တင်ပေးပြီး ထိုမှအကျိုးအမြတ်ရယူရန် စီစဉ်နေကြကြောင်း သတင်းများရရှိခဲ့သောကြောင့် မလေးရှားအစိုးရအဖွဲ့အနေနှင့် တရားမဝင်လုပ်သားများအား မှတ်ပုံတင်ပေးမည့် အစီအစဉ်သတ်မှတ်ချိန်အား ရွှေ့ဆိုင်းရန်ဆုံးဖြတ်ခဲ့ပြီး တရားဝင်လုပ်သားများအားအရင် ဇီဝသွင်ပြင်စနစ်ဖြင့်မှတ်ပုံတင်ရန် လုပ်ဆောင်ခဲ့သည်ဟု မူဟီဒင်မှဆိုသည်။

အလုပ်ရှင်များမှ အလုပ်သမားများ၏ အသေးစိတ်အချက်အလက်များအား မှတ်ပုံတင်ရန်လိုအပ်ပြီး မှတ်ပုံတင်ရန် စတင်လက်ခံမည့်နေ့အား ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ ကြေငြာမည်ဖြစ်ပြီး ထိုလုပ်သားများသည် တရားဝင် လုပ်သားများဖြစ်သော်လည်း ဇီဝသွင်ပြင်မှတ်တမ်းတင်စနစ် အတွင်း၌ရှိနေပါက ထိုလုပ်သားများမှ လုပ်ငန်းခွင်နေရာရွှေ့ပြောင်းမှုများအား နီးကပ်စွာစောင့်ကြည့်နိုင်မည်ဟု ၄င်းမှဆိုသည်။

တရားမဝင်လုပ်သား ၂ သန်းကျော်အား လွတ်ငြိမ်းခွင့်ပြုပြီး တရားဝင်မှတ်ပုံတင်ခွင့်ပြုမည့် အစီအစဉ်အား ဇူလိုင်လ ၄ ရက်နေ့တွင်စတင်မည့်အစီအစဉ်အား အချိန်လိုအပ်ချက်အရ ရွှေ့ဆိုင်းခဲ့ကြောင်း စတားသတင်းစာ (The Star) တွင်ဖေါ်ပြခဲ့သည်။ ဇွန်လ ၂၃ ရက်နေ့တွင် မလေးရှားအစိုးရမှ တရားမဝင် လုပ်သားများအား ၂ ပတ်တာကာလတွင်း မှတ်ပုံတင်လျှင် လွတ်ငြိမ်းချမ်းသာခွင့်ပြုမည် ဖြစ်သည့်အစီအစဉ်အား ကြေငြာခဲ့သည်။

အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ နီပေါ၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဥဇဘက်ကစ္စတန်၊ တပ်ခ်မင်နစ္စတန်နှင့် ကာဇက်စတန်နိုင်ငံများ အပါအဝင်နိုင်ငံ ၁၅ နိုင်ငံမှ တရားမဝင်လုပ်သား များနှင့် လုပ်သား လိုအပ်ချက်ရှိနေသော လုပ်ငန်းကဏ္ဍများမှ တရားမဝင်လုပ်သားများကိုသာ မှတ်ပုံတင် လက်ခံမည်ဖြစ်သည်ဟု အစိုးရသတင်းရပ်ကွက် တခုမှဆိုခဲ့သည်။

တရားမဝင် လုပ်သားအများစုဖြစ်သည့် တရားမဝင် အင်ဒိုနီးရှားလုပ်သားများအား ဆောက်လုပ်ရေး (Construction Sector)၊ လယ်ယာနှင့်အခြားစိုက်ပျိုးရေးလုပ်ငန်းများ (Agriculture & Plantations Sectors) နှင့် ဝန်ဆောင်မှုလုပ်ငန်းများ (Service Sector) တွင်လုပ်ကိုင်နိုင်ရန် မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ပြီး၊ တရားမဝင်အင်ဒိုနီးရှားအမျိုးသမီးလုပ်သားများမှာမူ ကုန်ထုတ်လုပ်ငန်းများ (Manufacturing Sector) တွင် လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြသည်။ လုပ်သားလိုအပ်နေသည့် လုပ်ငန်းကဏ္ဍများမှ တရားမဝင်လုပ်သားများအား မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်သော်လည်း စိစစ်ပြီးမှသာခွင့်ပြုမည်ဖြစ်ကြောင်း ဒုဝန်ကြီးချုပ်မူဟီဒင်မှပြောခဲ့သည်။

သူရိယသတင်းဂျာနယ်


Source by :http://www.thuriyanews.com/
Share this article :

2 comments:

nyinyi said...

အလည်ရောက်ခဲ့ပါတယ်ဗျာ........

nyi nyi said...

လာဖတ်သွားပါတယ်အစ်ကို.....

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။