Home » , » ချဲလ်ဆီး အသင်း မလေးရှား XI အသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ With Highlight Video

ချဲလ်ဆီး အသင်း မလေးရှား XI အသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ With Highlight Video

Written By မောင်စေတနာ on Friday, July 22, 2011 | 8:03:00 PM

 ချဲလ်ဆီး အသင်း မလေးရှား XI အသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ With Highlight Video
ချဲလ်ဆီး အသင်း မလေးရှား XI အသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ With Highlight Video

ချဲလ်ဆီး အသင်း၏ ရာသီကြို ခြေစမ်းပွဲ အာရှခရီးစဉ် ပထမဆုံး ပွဲအဖြစ် မလေးရှား XI အသင်းနှင့် မလေးရှား နိုင်ငံတွင် ယှဉ်ပြိုင် ကစားခဲ့ကြရာ ချဲလ်ဆီး အသင်းမှ ပွဲချိန် မိနစ် ၇၈ တွင် တိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာ၏ ဖရီးကစ်မှ တစ်ဆင့် ကန်သွင်းချက်သည် ဂိုးတိုင် မှန်ကာ ပြန်ထွက်လာမှုမှ ဂိုးသမားဖြင့် ထိပြီး ဂိုးဝင်သွားခဲ့သောကြောင့် ချဲလ်ဆီး အသင်းသည် မလေးရှား အသင်း၏ လက်ဆောင် ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။



အိမ်ရှင် မလေးရှား အသင်းသည် ၄-၄-၂ ကစားကွက်ဖြင့် ချဲလ်ဆီး အသင်းအား ရင်ဆိုင် ကစားခဲ့ပြီး ကစားသမား မြောက်များစွာ လဲလှယ် ကစားခဲ့ကြသည်။ ချဲလ်ဆီး အသင်းသည် ၄-၃-၃ ပုံစံဖြင့်ပင် ကစားခဲ့ကြောင်း တွေ့ရသည်။ ချဲလ်ဆီး အသင်း၏ ပထမ ပွဲထွက် လူစာရင်းတွင် ယခင် ပို့စ်မောက် အသင်းဖြင့် ကစားခဲ့စဉ် ပင်နယ်တီ ကာကွယ်ခဲ့သော ဂိုးသမား ဟီလာရီယိုအား ပထမ ပွဲထွက် အဖြစ် အသုံးပြုခဲ့ပြီး ကွင်းလယ် ကစားသမား ဖရန့် လမ်းပတ်က အသင်းခေါင်းဆောင် အဖြစ် တာဝန် ယူခဲ့သည်။ တိုက်စစ် အတွဲ အဖြစ် ဖာနန်ဒို တောရက်စ်နှင့် ဆော်လမွန် ကာလူး အဖြစ် အတွဲသုံးခဲ့သည်။ ချဲလ်ဆီး အသင်းသည် ပထမပိုင်းတွင် အဓိက ကစားသမား များနှင့် အတူ လူငယ် ကစားသမား များဖြစ်သော စလိုဘိုဒမ် ရာကိုဗစ်၊ ရိုင်ရမ် ဘားထရတ်ထ် ၊ ဗန်အင်ဟု၊ မာအိခ်ျခရွမ် စသဖြင့် အတူတကွ ပွဲထွက် ကစားစေခဲ့သည်။



ပထမပိုင်း ပွဲအစ ၂ မိနစ် အတွင်း မလေးရှား အသင်း၏ ဂိုးဧရိယာ အစပ်မှ ဖာနန်ဒို တောရက်စ် ကန်ချက်အား မလေးရှား ဂိုးသမား ဖြစ်သူ Farizal Marlias အကောင်းဆုံးကာကွယ် နိုင်ခဲ့သည်။ ၁၇ မိနစ်တွင် တောရက်စ် ခင်းပေးမှုကြောင့် ညာတောင်ပံမှ ကာလူး လွတ်သွားပြီး ပြေးတက်လာသော လမ်းပတ်အား အလွတ်ခင်းပေးရာ လမ်းပတ် ကန်သွင်းမှု နောက်ကျ နေသောကြောင့် ဂိုးမဖြစ်မြောက်ခဲ့ပေ။ ၂၈ မိနစ်တွင် မလေးရှား ကစားသမား ဖြစ်သူ ဝမ်နော် (Wan Nor) ကန်သွင်းမှုအား ချဲလ်ဆီး ဂိုးသမား ဟီလာရီယို ကာကွယ် နိုင်ခဲ့ပြန်သည်။ ဝမ်နော် အလွတ် ကန်သွင်းနိုင်ပေမယ့် ဂိုးမပြင်သည့် အပြင် လူကြွံဘောပါ ဖြစ်နေခဲ့သည်။

ပထမပိုင်း အတွင်း တိုက်စစ်မှူး တောရက်စ်၏ နောက်တန်းများအား လိမ်ခေါက် ကန်သွင်းချက်များ၊ ညာဘက် ဝန်းဘက်မှ ဘို့စ်ဆင်ဝါ ဖြတ်တင်ပေးမှုအား ဂိုးဧရိယာ အတွင်းရှိ ဘီနာယောင် တစ်ချက်ထိန်း မြေမကျဘောများ အနီးကပ် ကန်ခွင့် ရရှိခဲ့ပေမယ့် ဂိုးမဖြစ်မြောက်ခဲ့ကြပဲ သရေ ရလဒ် ဖြစ်ခဲ့သည်။



ဒုတိယပိုင်း ပြိုင်ပွဲ ပြန်လည် စတင်မှုတွင် အသင်းခေါင်းဆောင် တယ်ရီ ပါဝင်လာပြီး ဂိုးသမား ဟီလာရီယို အစား တန်ဘူး လဲလှယ် ကစားခဲ့သည်။ တိုက်စစ် အတွဲ အဖြစ် လူငယ် တိုက်စစ်မှူး ဒန်နီး စတာရိုက် အပါအဝင် ဒရော့ဘာနှင့် အနယ်ကာ အတွဲအား ထုတ်သုံးခဲ့သည်။ လူသစ် ၁၁ ရောက်ဖြင့် ဒုတိယပိုင်းအား ယှဉ်ပြိုင် ကစားခဲ့သလို အိမ်ရှင် မလေးရှား အသင်းသည်လဲ ကစားသမား အပြောင်းအလဲများစွာ လုပ်ခဲ့ကြသည်။ ၆၇ မိနစ်တွင် အိမ်ရှင် အသင်းအတွက် နောက်တန်း မရှိသော အပိုင် ကန်သွင်းမှု အဖြစ် အခွင့်အရေး ရရှိခဲ့သော်လဲ ကန်သွင်းချက် လွဲချော် သွားခဲ့သည်။ ဒုတိယပိုင်း အတွင်း စတာရိုက်၏ ကန်သွင်းချက် ဂိုးတိုင် ညာဘက်မှ ကပ်ထွက် သွားခဲ့မှုများ၊ ဒေါင့်ကန်များမှ တစ်ဆင့် အသင်းခေါင်းဆောင် တယ်ရီ၏ ခေါင်းတိုက်ချက်များ၊ စသဖြင့် ချဲလ်ဆီး အသင်း တိုက်စစ် ဆင်နိုင်ခဲ့ပေမယ့် ဂိုးမဖြစ်မြောက်ပဲ ဖြစ်နေခဲ့သည်။



ယနေ့ အနိုင်ဂိုး ဖြစ်စေမည့် ချဲလ်ဆီး အသင်းအတွက် တစ်လုံးတည်းသော ဂိုးအား ပွဲချိန် ၇၈ မိနစ်တွင် မလေးရှား အသင်း၏ ညာဘက် ဂိုးဧရိယာ အစပ်နားမှ ရရှိသော ပြစ်ဒဏ်ဘောလုံးအား တိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာ အလွတ်တည်ကန်ဘော ( ဖရီးကစ် ) ကန်သွင်းရာ အိမ်ရှင် မလေးရှား အသင်း ကာရံထားသော နောက်တန်းများအား ကျော်ပြီး ဂိုးသမား၏ ဘယ်ဒေါင့်ရှိ ဂိုးတိုင် အောက်ခြေသို့ ထိကာ ပြန်ထွက် လာသော ဘောလုံးသည် ဒိုက်ပစ်လိုက်သော ဂိုးသမား လက်ဖြင့် ပြန်ထိကာ ဂိုးစည်းကျော်သွားခဲ့သည်။ မလေးရှား ဂိုးသမားသည် ဘောလုံးအား သိသိသာသာ မကျော်ခင် ပြန်လည် ဖမ်းယူ နိုင်ခဲ့သော်လဲ စည်းကျပ် ဒိုင်မှ ဂိုးအဖြစ် သတ်မှတ်ခဲ့ပြီး ချဲလ်ဆီး အသင်းတို့ ဂိုးရရှိခဲ့ကြသည်။ ယင်းနောက် ကျန်ရှိနေသော ၁၀ မိနစ်ကျော်ကျော် အတွင်း တစ်ဘက်နှင့် တစ်ဘက် ဂိုးသွင်းယူ နိုင်ခဲ့ခြင်း မရှိပဲ ချဲလ်ဆီး အသင်းသည် အိမ်ရှင် မလေးရှား အသင်းအား ၁-၀ ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။



(မှတ်ချက်။ ။ Livescore များတွင် ဒရော့ဘာ ဂိုးအဖြစ် သတ်မှတ်သော်လဲ ချဲလ်ဆီး အသင်းပိုင် ဝက်ဆိုဒ်တွင် ၇၈ မိနစ် Mohd Izham Tarmizi Roslan ၏ဂိုး (အုမ်းဂိုး) (Mohd Izham Tarmizi Roslan own-goal 78) အဖြစ် ရေးသား ဖော်ပြပါရှိသည်)


နှစ်ဘက် အသင်း ပါဝင်ကစားခဲ့ကြသော ကစားသမား များ

Chelsea first half (4-3-3): Hilario; Jose Bosingwa, Branislav Ivanovic, Slobodan Rajkovic, Ryan Bertrand (Patrick van Aanholt 38); Frank Lampard (c), Josh McEachran, Florent Malouda; Yossi Benayoun, Fernando Torres, Salomon Kalou.
Unused sub Jamal Blackman
Chelsea second half (4-3-3): Ross Turnbull; Paulo Ferreira, John Terry (c), Nathaniel Chalobah, Ashley Cole; Billy Clifford, John Mikel Obi, Yury Zhirkov; Nicolas Anelka, Didier Drogba, Daniel Sturridge.

မလေးရှား အသင်း၏ လူစာရင်း

Malaysian XI (4-4-2): Mohd Farizal Marlias (Mohd Izham Tarmizi Roslan 71), Mohd Daudsu Jamaluddin (Mohd Fandi Othman 33), Norhafiz Zamani Misbah (c) (Mohammad Amer Saidin 77), Mohd Zubir Mohd Azmi (Mohd Affize Faisal Mamat 88), Subramaniam Sooryapparad, Mohd Irfan Fazail, Wan Zack Haikal Wan Nor (Wan Zaharul Nizam Wan Zakaria 38), Mohd Badri Mohd Radzi (Gary Steven Robbat 52), Shahrulnizam Mustapa (Abdul Shukor Jusoh 83), Joseph Kalang Tie (Syahrul Azwari Ibrahim 57); Mohd Amri Yahyah (Thamil Arasu 65), Hairudin Omar (Mohd Irfan Fazail 52).
ယနေ့ပွဲအား ပရိတ်သတ်ပေါင်း 84,980 တက်ရောက် ကြည့်ရှု အားပေးခဲ့သည်။

ဟိုက်လိုက် ဗွီဒီယိုဖိုင် ကြည့်ရန်




တိုက်ရိုက်ဝင်ကြည့်ချင်တယ် ဆိုရင် ဒီနေရာကို နှိပ်ပါ။

Source by :http://mutdfan.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။