Home » » ချီလီတိုက်စစ်မှုး ဆန်းချက်ဇ်အား ပေါင်(၃၇.၅)သန်းဖြင့် တရားဝင် ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေငြာလိုက်သည့် ဘာစီလိုနာ

ချီလီတိုက်စစ်မှုး ဆန်းချက်ဇ်အား ပေါင်(၃၇.၅)သန်းဖြင့် တရားဝင် ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေငြာလိုက်သည့် ဘာစီလိုနာ

Written By မောင်စေတနာ on Monday, July 25, 2011 | 9:00:00 AM

http://mutdfan.com/news_images/alexis_sanchez041409.jpg

ချီလီတိုက်စစ်မှုး ဆန်းချက်ဇ်အား ပေါင်(၃၇.၅)သန်းဖြင့် တရားဝင် ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေငြာလိုက်သည့် ဘာစီလိုနာ

ဘာစီလိုနာ အသင်းသည် အူဒီးနီးစ် အသင်း ချီလီတိုက်စစ်မှုး ဆန်းချက်ဇ်အား ပေါင(၃၇.၅)သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင်ပြန်ကြေငြာလိုက်သည်။

ဆန်းချက်ဇ်သည် လာမည့်တနင်္လာနေ့တွင် ဆေးစစ်မှု ခံယူရန်အတွက် လက်ရှိ လာလီဂါနှင့် ဥရောပ ချန်ပီယံ ဘာစီလိုနာ အသင်းသို့ သွားရောက် မည်ဖြစ်သည်။ ဆန်းချက်ဇ်သည် ဘာစီလိုနာ အသင်းဖြင့် (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုရန် သဘောတူညီမှု ရခဲ့ခြင်းဖြစ်သည်။ ဆန်းချက်ဇ်သည် ပြီးခဲ့သော ဘောလုံးရာသီက အူဒီးနီးစ်အတွက် (၃၁)ပွဲကစားကာ (၁၂)ဂိုး သွင်းယူပေးနိုင်ခဲ့သလို၊ စီးရီးအေ၏ တစ်နှစ်တာ အကောင်းဆုံး ဘောလုံး သမား ဆုကိုလည်း ရရှိခဲ့သည်။

http://t2.gstatic.com/images?q=tbn:ANd9GcQokrSxLoEbt_22m50ZnHosOM_anAtsr0ehwSmDQDpQ7eBNVUoXwg

ချီလီလက်ရွေးစင် အသင်းအတွက် ပွဲပေါင်း(၄၀) ကစားပေးထားသော ဆန်းချက်ဇ်သည် ၂၀၀၆ခုနှစ်က ချီလီကလပ် ကိုဘရီလောင် အသင်းမှ အူးဒီးနီးစ်သို့ ပြောင်းရွေ့ ကစားခဲ့သော ကစားသမားဖြစ်သည်။ ဆန်းချက်ဇ်အား ခေါ်ယူ နိုင်ခဲ့သည့် ဂွါဒီယိုလာက -

"သူဟာ အရမ်းငယ်ပါသေးတယ်၊ သူဟာတိုက်စစ်ပိုင်း သုံးနေရာလုံးမှာ ကစားနိုင်တဲ့သူပါ၊ ပြီးတော့ ကြံ့ခိုင်မှုအပြည့်နဲ့ ပွဲတစ်ပွဲရဲ့ အဖြေကို ပြောင်းလဲနိုင်သူပါ၊ သိပ်တော်တဲ့ လူငယ်လေးပါ"ဟုချီးကျူး သွားခဲ့သည်။

ဆန်းချက်ဇ်အား အင်္ဂလန် ကလပ် မန်စီးတီးက မြင့်မားသော ပြောင်းရွေ့ကြေးဖြင့် ကမ်းလှမ်းမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ သော်လည်း ဆန်းချက်ဇ်က ဘာစီလိုနာအတွက် မန်စီးတီး အသင်း၏ ကမ်းလှမ်းချက်များကို ငြင်းပယ်ခဲ့သည်။


Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။