Home » » မလေးရှား ပြည်သူများ၏ အချစ်တော် အနုပညာရှင် P.Ramlee

မလေးရှား ပြည်သူများ၏ အချစ်တော် အနုပညာရှင် P.Ramlee

Written By မောင်စေတနာ on Monday, July 25, 2011 | 2:51:00 PM

http://www.p-ramlee.com/p-ramlee/images2/ramlee8.jpg
P.Ramleeဆိုတာ မလေးပြည်သူတွေရဲ့ အချစ်တော်အနုပညာရှင်ကြီး တစ်ဦးပါ။ P.Ramleeဟာ ကျော်ကြားတဲ့ အဆိုတော်၊ မင်းသား၊ ဒါရိုက်တာ တစ်ဦးဖြစ်တဲ့အပြင် တေးရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများကိုပါ ပူးတွဲလုပ်ကိုင် ခဲ့သူဖြစ်ပါတယ်။

သူဟာ မလေးစာပေ၊ ရုပ်ရှင်၊ အနုပညာလောကကို တိုးတက်ဖွံ့ဖြိုး စေခဲ့တဲ့အတွက် မလေးဖျော်ဖြေရေးလုပ်ငန်းရဲ့ အမှတ်သညာတခုဆိုရင်မမှားပါ ဘူး။ တေးရေး၊ တေးဆို၊ သရုပ်ဆောင်နှင့် ဒါရိုက်တာတစ်ဦးဖြစ်သလိုပုံပန်းအား ဖြင့် မြန်မာ့အနုပညာရှင် တေးရေး၊ တေးဆို၊ သရုပ်ဆောင်၊ ဒါရိုက်တာဖြစ်သူ ၀င်ဦးနှင့်ဆင်တူလို့ P.Ramlee ကို မလေးဝင်းဦးလို့ တင်စားခေါ် ဝေါ်ချင်ပါတယ်။ ဒါပေမယ့် ၀င်းဦးထက်တော့ ဏ.ျွောူနနက အနုပညာလှုပ်ရှားမှု ၁၀ နှစ်စောပါတယ်။ ဏ.ျွောူနန က ၁၉၂၉ မှာ မွေးဖွားပြီး ၁၉၇၃ မှာ ကွယ်လွန်ခဲ့တာပါ။

P.Ramlee ကိုTeuku Nyak Puteh bin Teuku Karim ESifh Che Mah Hussein တို့က ၁၉၂၉ မတ်လ ၂၂ ရက်နေ့၊ ပီနန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ P.Ramlee ရဲ့ နာမည်အပြည့်အစုံကတော့ Teuku Zakaria bin Teuku Nyak Puteh ဖြစ်ပြီး ဖခင်ဖြစ်သူမှာ အင်ဒိုနီးရှားအာချေးပြည် နယ်မှ ဆင်းသက်လာသူတစ်ဦးဖြစ်ပါတယ်။

P.Ramlee ဟာ ငယ်စဉ်က Penang Free School အပါအ၀င် ကျောင်းသားအများအပြား တက်ရောက်သူခဲ့ပြီး ဂျပန်တို့ သိမ်းပိုက်စဉ်ကာလ အတွင်းမှာတော့ ဂျပန်ရေတပ် အကယ်ဒမီကျောင်းမှာ ပညာဆက်လက်ဆည်း ပူးခဲ့ပါတယ်။ သူဟာ ငယ်စဉ်က ကျောင်းသားဘ၀မှာ ဘောလုံး၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း စတဲ့ အားကစားတွေမှာလည်း ထူးချွန်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

၁၉၄၇ မှာတော့ P.Ramlee ဟာ ပီနန်ရေဒီယိုအဆိုပြိုင်ပွဲမှာ ပထမဆု ရခဲ့ရာကစလို့ သီချင်းများကို ဆက်တိုက်သီဆိုလာခဲ့ပါတယ်။ ၁၉၄၈မှာတော့ သူ့ရဲ့ပထမဆုံးဇာတ်ကား Cinta မှာ ဗီလိန်အဖြစ်စတင်သရုပ်ဆောင်ခဲ့ပါတယ်။ သူကိုယ်တိုင်ရေးတဲ့ “့ Azizah”သီချင်းကိုလည်း ၁၉၄၈မှာပဲစတင်သီဆိုခဲ့တာ ပါ။ သူဟာ အိန္ဒိယရုပ်ရှင်ဒါရိုက်တာ B.S Rahjans ရဲ့ ဖိတ်ခေါ်မှုနဲ့စင်ကာပူ၊ အခြေစိုက် Shaw Brothers ရုပ်ရှင်စတူဒီယိုက ရိုက်ကူးထုတ်လုပ်တဲ့ရုပ်ရှင် အများအပြားမှာ ၁၈ နှစ်ကျော် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

P.Ramlee ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်ကားကတော့ ဆိုက်ကားသမားလို့အမည်ရတဲ့ “Penarik Becha}”ဖြစ်ပါတယ်။ သမိုင်းဝင်ဒ ရာမာဇာတ်ကားတွေကနေ ခေတ်ပေါ်ဟာသဇာတ်ကားတွေအထိ မလေးရုပ်ရှင် ဒါဇင်ပေါင်းများစွာကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာတော့ သူဟာ “ဂေါ်မစွံတဲ့လူပျိုကြီး”လို့အဓိပ္ပာယ်ရတဲ့ Bujang Lapok)ဟာသဇာတ် ကားမှာ ဟာသသရုပ်ဆောင်အဖြစ် ပထမဆုံးပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ခေတ်သစ်မလေးရုပ်ရှင်ကြည့် ပရိသတ်တွေကြားမှာ အခုအချိန်ထိ ရေပန်းစား ဆဲဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

သူ့ရဲ့ အနုပညာသက်တမ်းမှာ ဒါရိုက်တာလုပ်ပြီး သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားပေါင်း ၆၆ ကားရှိပါတယ်။ ၁၉၅၀နဲ့ ၁၉၆၀ ၀န်းကျင်မှာ ဇာတ်ကား များစွာအတွက် သရုပ်ဆောင်နဲ့ တေးရေးဆုများကို အာရှရုပ်ရှင်ပွဲတော်တွေမှာ ဆွတ်ခူးရရှိခဲ့ပါတယ်။ သူဟာ တေးသီချင်းပေါင်း ၃၆၀ကို သီဆိုခဲ့ပါတယ်။

အိမ်ထောင်ရေးP.Ramlee ဟာ အိမ်ထောင်ရေးမှာ အပြောင်းအလဲရှိခဲ့ပြီး သုံးကြိမ်လက်ထပ်ခဲ့သူပါ။ ပထမဆုံး ၁၉၅၀ မှဲာ Junaidah့  နဲ့ လက်ထပ်ခဲ့ပြီး ၄ နှစ်အကြာမှာ ကွဲကွာခဲ့ပါတယ်။ ဒုတိယ Noorizan Mohd နဲ့ ၁၉၅၅ မှာ လက်ထပ်ခဲ့ပြီး ၁၉၆၁ မှာကွာ ရှင်းခဲ့ပြန်တယ်။ နောက်ဆုံးမှာတော့ သူဟာ နာမည်ကြီးအ ဆိုတေ Saloma နဲ့ ၁၉၆၁ နိုဝင်ဘာမှာ လက်ထပ်ခဲ့ပြီး ကွယ်လွန်ချိန်အထိပေါင်းသင်းသွား ခဲ့ပါတယ်။

ကွယ်လွန်ပြီးနောက် ဂုဏ်ပြုခံရP.Ramlee ဟာ ၁၉၇၃ ခုနှစ် မေလ ၂၇ ရက်နေ့(အသက်၄၄နှစ် အရွယ်)မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ သူ့ကို ကွာလာလမ်ပ Jalan Ampang သုဿန်မှာ မြှုပ်နှံထားပါတယ်။

သူကွယ်လွန်ပြီး ၁၃နှစ်အကြာ ၁၉၈၆ မှာတော့ သူ့ရဲ့ မလေးရှားအနုပ ညာလုပ်ငန်းများကို ဂုဏ်ပြုတဲ့အနေနဲ့ P.Ramlee အောက်မေ့ဖွယ် (The P Ramlee Memorial or Pustaka Peringatan P Ramlee) အဆောက် အအုံအဖြစ် ကွာလာလမ်ပူ Setapak က သူကွယ်လွန်ချိန်အထိနေထိုင်ခဲ့သော နေရာကိုသတ်မှတ်လိုက်တဲ့အပြင် အစိုးရရဲ့အမျိုးသားယဉ်ကျေးမှုဆိုင်ရာအ ဆောက်အအုံစာရင်းမှာလည်း ထည့်သွင်းခံရပါတယ်။

P.Ramlee အောက်မေ့ဖွယ်အစီအစဉ်ကို အဲဒီတုန်းက လူငယ်/အားက စားနှင့်ယဉ်ကျေးမှုဝန်ကြီးအန္န၀ါအီဗရာဟင်က ၁၉၈၄ မှာ စတင်အကောင်အ ထည်ဖော်ခဲ့ပြီး ၁၉၈၆မတ်လမှာ တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီမှာ P.Ramlee ရဲ့ အမှတ်တရပစ္စည်းတွေကိုလည်း ပြသထားပါတယ်။

၁၉၉၀ မှာတော့ P.Ramlee ဟာ မလေးရှားရဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ ဖြစ်တဲ့ Tan Sri eJY Datuk Amar တို့ကို ပေးအပ်ချီးမြှင့်တာခံခဲ့ရပါတယ်။

Source by :https://linyonemagazine.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။