Home » » လွတ်ငြိမ်းချမ်းသာခွင့် သြဂုတ် ၁ ရက် စရန် စီစဉ်

လွတ်ငြိမ်းချမ်းသာခွင့် သြဂုတ် ၁ ရက် စရန် စီစဉ်

Written By မောင်စေတနာ on Sunday, July 24, 2011 | 7:16:00 AM

http://www.thuriyanews.com/wp-content/uploads/2011/07/ccc-250x250.jpg
KHT- တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ အတွက် တရားဝင်မှတ်ပုံတင်နိုင်မည့် “6P” အစီအစဉ်ကို ပြည်ထဲရေး ၀န်ကြီးဌာနက သြဂုတ်လ ၁ ရက်နေ့တွင် စတင်အကောင်ထည်ဖော်မည် ဖြစ်သည်။

ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီ တရားဝင် နိုင်ငံခြား အလုပ်သမားများ ကိုယ်ရေး အချက်အလက် စစ်ဆေးခြင်းများကို လုပ်ဆောင်ရန် စီစဉ်နေသည့် အတွက် ဇူလိုင်လ ၁၁ ရက်နေ့တွင် စတင်ရန် စီစဉ်ထားသည့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်ဟု ပြည်ထဲရေး ၀န်ကြီး အထွေထွေ အတွင်းရေးမှူး Tan Sri Mahmood Adamက ဆိုသည်။

လူဝင်မှုကြီးကြပ်ရေး ဌာန၏ ကိုယ်ရေး အချက်အလက် စစ်ဆေးသည့် စနစ်ကြောင့် အလုပ်ရှင်များထံမှ ထွက်ပြေး သွားသည့် နိုင်ငံခြား အလုပ်သမားများကို ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း၊ ဖော်ထုတ်နိုင်ခြင်းမရှိသူများကို တရားဝင်လုပ်ခွင့် ပြုလုပ်ပေးမည် မဟုတ်ဘဲ ၎င်းတို့၏ အလုပ်ရှင်ထံ ပြန်လည် တာဝန်ထမ်းဆောင်ရန်လည်းကောင်း နေရင်းဒေသသို့ ပြန်လည် ထွက်ခွာရန် လည်ကောင်း အကြံပေးမည်ဟုလည်း Mahmood က ပြောသည်။

ပြည်ထဲရေးဝန်ကြီး Datuk Seri Hishammuddin Tun Hussein က လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ် တချို့ကို စိတ်တိုင်း မကျသဖြင့် တနလာင်္နေ့က တရားမ၀င် အလုပ်သမားများအတွက် အစီအစဉ်ကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မလေးရှားတွင် တရားဝင်အလုပ်သမား ၁.၈ သန်းအလုပ်လုပ်ကိုင်လျက်ရှိကြောင်းလည်း သိရသည်။ အင်ဒိုနီးရှားသံရုံးကလည်း လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ရွေ့ဆိုင်းသည့်အကြောင်းကို ကြီးမားသည့် ကြေညာဘုတ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တရားမ၀င်နိုင်ငံခြားသား ၇ သိန်းခန့်သည် အင်ဒိုနီးရှားနိုင်ငံသားများဖြစ်ကြောင်း အင်ဒိုနီးရှား သံရုံး လူမှုရေးနှင့် ယဉ်ကျေးမှု ဌာန အကြီးအကဲ Suryana Sastradiredja က ပြောသည်။

“မှတ်ပုံတင်ဖို့ အတွက် လိုအပ်တာတွေ ပြင်ဆင်ဖို့နဲ့ ကျနော်တို့ အလုပ်သမားတွေကို အချိန်ပိုမိုရစေဖို့ အတွက် ရွှေ့ဆိုင်း လိုက်တာကို ကြိုဆိုပါတယ်” ဟု သူက ပြောသည်။

သံရုံးက တရက်လျှင် နိုင်ငံကူးလတ်မှတ် ၁၂၀၀ ခန့် လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်း စတင်ပါက ၇၀၀၀ မှ ၉၀၀၀ အထိ တိုးမြှင့်နိုင်ဖွယ်ရှိသည်ဟုလည်း ဆိုသည်။

မှတ်ပုံတင်ခြင်းမရှိသေးသည့် တရားမ၀င်အလုပ်သမားများထံမှ ကိုယ်စားလှယ်များက မှတ်ပုံတင်ကြေး မလေးရှား ရင်းဂစ် ၃၀၀ မှ ၅၀၀ အတွင်း လိမ်လည် ကောက်ခံနေကြောင်း သိရသည်။ အင်ဒိုနီးရှား သံရုံးကလည်း အဆိုပါ ကိုယ်စားလှယ်များ၏ အမည် စာရင်းကို မလေးရှား အာဏာပိုင်များထံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေ့ဆိုင်းမှုသည် နီပေါနိုင်ငံ အလုပ်သမားများ အတွက် အဆင်မပြေကြောင်း နီပေါ အလုပ်သမားရေးရာ သံအရာရှိ Surya Prasad Bhandari က ဆိုသည်။

နီပေါနိုင်ငံ အလုပ်သမား အများစုမှာ တရားမ၀င် အလုပ်သမားများ မဟုတ်သည့် အတွက် ရွှေ့ဆိုင်းမှုသည် အဆင်မပြေ ကြောင်း၊ အလုပ်သစ် အခြေအနေကိုသာ စာရင်းပေး တင်သွင်းရန်သာ ဖြစ်ကြောင်း နီပေါ အလုပ်သမား Surya Prasad Bhandari က ဆိုသည်။

“သွားရောက်စာရင်းပေးတဲ့သူတွေက ကိုယ်စားလှယ်တွေ ကတိပေးထားတဲ့ အလုပ်မရဘဲ တခြားမှာ သွားလုပ်တဲ့သူတွေ ဖြစ်ပါတယ်” ဟု ပြောသည်။

ခန့်မှန်းခြေ နီပေါနိုင်ငံသား ၃ သိန်းခန့် ကုန်စည်ထုတ်လုပ်ရေး ကဏ္ဍတွင် အလုပ်လုပ်ကိုင်လျက်ရှိသည်။

သူရိယသတင်းဂျာနယ်

Source by :http://www.thuriyanews.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။