Home » » ဒုက္ခသည် လှဲလှယ်ရေး သဘောတူစာချူပ် တနင်္လာနေ့တွင် လက်မှတ်ရေးထိုးသွားမည်

ဒုက္ခသည် လှဲလှယ်ရေး သဘောတူစာချူပ် တနင်္လာနေ့တွင် လက်မှတ်ရေးထိုးသွားမည်

Written By မောင်စေတနာ on Sunday, July 24, 2011 | 1:32:00 PM



မလေးရှား – သြစတြေးလျ နှစ်နိုင်ငံ သဘောတူညီချက် အရ ဒုက္ခသည် လှဲလှယ်ဆောင်ရွက်မှုအား ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မလေးရှားနိုင်ငံ အစိုးရ ကိုယ်စားလှယ်အဖြစ် ပြည်ထဲရေးဝန်ကြီး Datuk Seri Hishamuddin Hussein နှင့် သြစတြေးလျ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး Chris Bowen တို့က နှစ်နိုင်ငံ သဘော တူညီချက်အရ ဒုက္ခသည် လှဲလှယ်ဆောင်ရွက်မှုအဖြစ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားသူ ဒုက္ခသည်များထဲမှ (၄၀၀၀) အား သြစတြေးလျနိုင်ငံတွင် ပြန်လည်နေရာချထားပေး ရန်နှင့် သြစတြေးလျနိုင်ငံသို့ လှေစီးပြီး ဝင်ရောက် လာကြသည့် မြန်မာ – မူဆလင် (ရိုဟင်ဂျာ အမည်ခံ) ဒုက္ခသည် (၈၀၀) အား မလေးရှားနိုင်ငံ တွင် ပြန်လည် နေရာချထားပေးမည့် သဘောတူ စာချူပ်အား လာမည့် တနင်္လာနေ့တွင် လက်မှတ်ရေး ထိုးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ – ပြန်ကြားရေးဌာန
ဇူလိုင် (၂၃) ရက်၊ ၂၀၁၁ ခုနှစ်။

Source by :http://aarnewsid.wordpress.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။