Home » » စင်ကာပူသား တစ်ဦး ဖင်လန်တွင် လုပ်ပွဲဖန်တီးမှုဖြင့် ထောင်နှစ်နှစ်ကျ

စင်ကာပူသား တစ်ဦး ဖင်လန်တွင် လုပ်ပွဲဖန်တီးမှုဖြင့် ထောင်နှစ်နှစ်ကျ

Written By မောင်စေတနာ on Thursday, July 21, 2011 | 11:36:00 AM

http://mutdfan.com/news_images/Perumal_1950598c.jpg
စင်ကာပူသား တစ်ဦး ဖင်လန်တွင် လုပ်ပွဲဖန်တီးမှုဖြင့် ထောင်နှစ်နှစ်ကျ

စင်ကာပူသားတစ်ယောက်သည် ဖင်လန်နိုင်ငံမှ ဖင်လန်လိဂ်တွင် လုပ်ပွဲဖန်တီးခဲ့သည့်အတွက် ထောင်နှစ်နှစ် ကျခံလိုက်ရသည်။ အဆိုပါ လုပ်ပွဲဖန်တီးသူသည် အရှေ့တောင်အာရှတွင် အခြေစိုက်ကာ ရင်းနှီးမြုပ်နှံမှုများ ပြုလပ်ပြီး နိုင်ငံတကာပွဲစဉ်များကို လိမ်လည်ဖန်တီးကာ လုပ်ပွဲများ လုပ်ဆောင်နေခဲ့သူုလည်း ဖြစ်သည်။

ပြီးခဲ့သည့် အင်္ဂါနေ့တုန်းက ဟဲလ်ဆင်ကီးနှင့် ၀ဲလ်ဆင်ပီရူမဲလ်တို့ ကစားသည့်ပွဲတွင် ဖင်လန်ကစားသမား ၉ဦးအား ငွေများပေးကာ စည်းရုံးသိမ်သွင်းမှုများ ပြလုပ်ခဲ့ခြင်းက နောက်ဆုံးဥပမာဖြစ်ပြီး ထိုသို့သော လုပ်ရပ်မျိုးကို စင်ကာပူ၊ မလေးရှားနှင့် အာရှတ၀ှမ်းတို့တွင် အခြေချ လုပ်ဆောင်နေဖြင်းလည်း ဖြစ်သည်။

ဖီဖာမှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားရာတွင်တော့ ကမ္ဘာတ၀ှမ်းမှ ပွဲစဉ်များကို အခက်အခဲဖြစ်အောင် လုပ်ဆောင်မှု တစ်ခု ဖြစ်ပြီး ပါရူမဲလ်အသင်းမှ ကစားသမားများကို ငွေကြေးပေးခဲ့ခြင်းက သက်သေတစ်ခုဖြစ်သလို အာဖရိက၊ အရှေ့ဥရောပနှင့် အလယ်ဥရောပ အပြင် တောင်အမေရိကရှိ ဘောလုံးပွဲ ပွဲစဉ်များကိုပါ လျို့ဝှက်ပူးပေါင်းကြံစည်ကာ လုပ်ဆောင်ခဲ့တဲ့ အထောက်အထားတွေ ရရှိထားကြောင်း ပြောသွားခဲ့သည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။