Home » » မလေးရှား 6P စီမံချက် ယနေ့ နောက်ဆက်တွဲ ( အိုဗာစတေးသမားများအတွက် )

မလေးရှား 6P စီမံချက် ယနေ့ နောက်ဆက်တွဲ ( အိုဗာစတေးသမားများအတွက် )

Written By မောင်စေတနာ on Thursday, July 21, 2011 | 5:10:00 AM



မင်္ဂလာပါ

ယခင် အိုဗာစတေး သမားများအတွက် Bio - Matrix စနစ်ဖြင့် လက်ဗွေ နှိပ်ပြီး မှတ်တမ်းများ သိမ်းဆည်းထားမည်ဖြစ်သောကြောင့် တော်တော်များများမလေးရှားကို ပြန်လာလို့ မရမှာစိုးရိမ်ကြပါတယ် ။
အစပိုင်းကလည်း လက်ဗွေ နှိပ်ပြီး ပြန်ထွက်ရသောကြောင့် ပြန်လည်ဝင်ရောက်ရန် အဆင်မပြေမှာ ကိုမေးမြန်းထားတာရှိပါတယ် ။

ယနေ့ အစည်းဝေးပြီး သတ်မှတ်ချက်များအရ စီမံချက်ကာလ ( 6P - အိုဗာစတေးသမားများအတွက် ) အတွင်း လက်ဗွေ နှိပ် မှတ်ပုံတင်ပြီး မလေးရှားမှ ထွက်ခွာသော အလုပ်သမားအတွက် ထွက်ခွာပြီး ၃ လပြည့်ပြီး သည်နှင့် ပြန်လည်ဝင်ရောက်လုပ်ကိုင်ခွင် စတင်ခွင့်ပြုသွားမည်ဖြစ်သည် ။

လက်ဗွေ နှိပ် မှတ်ပုံတင်မထားသော အိုဗာစတေးသမားများ ဖမ်းဆီ ရရှိပါက ပစ်ဒဏ် နှင့်အတူ မလေးရှား နိုင်ငံသို့ မည်သို့မျှ ၀င်ရောက်ခွင်ပြုမည်မဟုတ်ကြောင်း အစည်းဝေးတွင် တာဝန်ရှိသူများမှ ရှင်းလင်းပြသွားပါသည် ။


ဥယျာဉ်မှူး

www.edinooyin.com



မဟာနန်းသတင်း

မဟာနန်းတွင် လျှောက်ထားသူများမှ သူဌေး မရှိ ၊ ငွေ ကြေးမတတ်နိုင်သူများ အတွက် စာသောက်ဆိုင် လုပ်သား လူ ၁၀၀၀ တိတိ ။

ကို အလုပ်ရှင်မှ စိုက်ထုတ် ပြီး ပါမစ်အတွက် အကုန်အကျခံပေးမည်ဖြစ်ကြောင်း သိရပါတယ် ။ အခြေခံ လစာ ( စားစရိတ်ငြိမ်း ရင်းဂစ် ၈၀၀ အနည်းဆုံး ဖြစ်ပြီး ပစ်စပို့အတွက် ကုန်ကျငွေ နှင့် မှတ်ပုံတင် ရန်ကုန်ကျငွေကို လျှောက်ထားသူများမှ ကုန်ခံရမည်ဖြစ်ပြီး ပါမစ်အတွက် ကုန်ကျစရိတ် ကို အလုပ်ရှင်မှ စိုက်ထုတ်ပေးမည်ဖြစ်ပါတယ် ။ လုပ်သား ၁၀၀၀ တိတိ ။ မဟာနန်းမှ ထိုကိစ္စအတွက် ထပ်မံဝန်ဆောင်ခကောက်ခံမည်မဟုတ် ကြောင်း ယနေ့ည သိရပါတယ် ။

ထို့အပြင် စက်ရုံ လုပ်သားခေါ်စာ ၁၈၀၀ ကျော် ။ဆောက်လုပ်ရေးလုပ်သား ခေါ်စာ ၁၀၀၀ ကျော် ။ အပြင် သူဌေးမရှိသူများအတွက် ခေါ်စာများစွာ ကို လက်ခံရရှိကြောင်း သိရပြီး ။
စီမံချက်ကာလ အတွင်း ထိုခေါ်စာများ နှင့် အလုပ်သမားများကို တွဲဘက်ပေးမည် ဖြစ်ကြောင်းသိရပါတယ် ။

ဧဒင်ဥယျာဉ်သတင်း
6P စီမံချက်ကာလအတွင်း အချက်လက် ရေးသွင်းရန် ကွန်ပျူတာ စာရိုက် ကျွမ်းကျင်သော မြန်မာလူငယ် များ ၊ ကျောင်းသားများ ၊ မည်သူမဆို အိုဗာစတေး သမားများကို ကူညီအချက်လက်ရေးသွင်းပေးရန် အတွက် လုပ်အားပေး ( Volunteer ) ဖြစ်စေ ။ အချိန်ပိုင်း လုပ်သားဖြစ်စေ မည်သူမဆို အချိန်ရှိသူအားလုံ ၀ိုင်းဝန်းပါရန် ဖိတ်ကြားပါသည် ။


ယနေ့မှ စတင်ပြီး အိုဗာစတေးသမားများအတွက် မည်သည့် ကုမဏီင်္ ၊ အဖွဲ့အစည်းမဆို လိုင်စင် ပြပြီး မိမိတို့ ရရှိထားသော အလုပ်ခေါ်စာများဖြင့် အလုပ်မရှိသူ ။ သူဌေးမရှိသူ အိုဗာစတေးသမားများ အကူအညီရရှိစေရန် ဘလော့ရေးတင်ပြီး ဖြစ်စေ ။ ကျွန်တော့်ထံ စာ ၊ FAX ၊ ဖုန်းဖြင့်ဖြစ်စေ အကြောင်းကြား ပါက အိုဗာစတေးသမား များ ရွေးချယ်နိုင်ရန် အားလုံး တင်ပေးမည် ။

မိမိတို့ လိုသော လုပ်သား မှန်သမျှ ငွေကြေးမတတ်နိုင်သူ အိုဗာစတေးသမားများ ရွေးချယ်ခွင့်ရရန် မည်သူမဆို မည်သည့် ကုမဏီမဆို အခြေခံလစာ ။ လုပ်ရမည့် အလုပ်အမျိုးအစား ။ လိုအပ်သော လူဦးရေ ပမာဏ အလိုက် ဧဒင်ဥယျာဉ်တွင် ကြော်ငြာ တင်နိုင်သည် ။

6P စီမံချက် အတွက် လိုင်စင်ရရှိသော မည်သည့်ကုမဏီမဆို အိုဗာစတေးသမားများ အကူအညီရရှိမည်ဆိုပါက ကြော်ငြာနိုင်သည် ။


KOMYO

ဥယျာဉ်မှူး

www.edinooyin.com


KOMYO


Source by :http://www.edinooyin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။