Home » , » အဝေးရောက် မြန်မာများ အတွက် www.nayzawlin1.org ထပ်မံဖွင့်မည်။

အဝေးရောက် မြန်မာများ အတွက် www.nayzawlin1.org ထပ်မံဖွင့်မည်။

Written By မောင်စေတနာ on Sunday, June 12, 2011 | 9:28:00 PM



မင်္ဂလာပါ ...
နေ့စဉ် ကျွန်တော်ရဲ့ ဝက်ဆိုက်လေးက ဝင်ရောက်လည်ပတ်သူများ တစ်နေ့ထက်တစ်နေ့ များလာနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်သူများ အဆင်ပြေအောင် နည်းပညာများ နှင့် ဝက်ဆိုက်လေးကို အဆင့်မြင့် တင်ရန် လိုအပ်နေပြီ ဖြစ်ပါတယ်။

ကျွန်တော့်ဆိုက်လေးရဲ့ ရည်ရွှယ်ချက် ၊ ရည်မှန်းချက် လေးက

(၁) နိုင်ငံခြားတွင် ရောက်ရှိနေသော
မြန်မာ နိုင်ငံသား များအတွက် သတင်း
ကဏ္ဍမှ မျှဝေ အသိပေး အကူအညီ ပေးနိုင်ရန်။

(၂) နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများ
တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်များ
ရရှိပြီး အချင်းချင်း ညီအစ်ကိုမောင်နှမ
များကဲ့သို့ ကူညီ စောင့်လျှောက်မှုများ
ရရှိစေရန်။

(၃) သုတ၊ ရသ၊ စာပေ အတွေ့အကြုံများ
နှင့် ထိုင်း ၊ မလေးရှား၊ စင်္ကာပူ ဒူဘိုင်းမှ
ထူးခြား သော သတင်းများကို အမြန်ဆုံး
သိရှိ မျှဝေ ပေးနိုင်စေရန်၊

(၄) ထိုင်း ၊ မလေးရှား ၊ စင်္ကာပူ ၊ဒူဘိုင်း
မှ အဝေးရောက် မြန်မာများ အတွက်
အကျိုးရှိသော သတင်းများနှင့် ရှောင်ရန်၊
ဆောင်ရန်များ ဗဟုသုတ ကောင်းနိုးရာရာ
များကို ပြန်လည် မျှဝေပေး နိုင်ရန်။

(၅) ဤဆိုက်လေးသည် ပုဂ္ဂိုလ်တစ်ဦး(သို့)
မည့်သည့် အဖွဲ့အစည်းများ လက်အောက်မှ
ပါဝင်ပက်သက်မှု မရှိပဲ သီးခြားတည်ရှိပြီး
ဘက်စုံ ထောင့်စုံ ရသစုံ ကဏ္ဍစုံဆိုက်လေး
တစ်ခု အဖြစ် ရပ်တည်နိုင်ရန်။

(၆) အဝေးရောက် မြန်မာများ အတွက်
ဘာသာရေး လူမှုရေး များနှင့် ကိုယ်တာ
ကိစ္စများ ပရဟိတ လုပ်ငန်းများတွင် ပါဝင်
ကူညီ ပေးနိုင်အတွက် ရည်ရွှယ်ပါသည်။

အထက်ဖော်ပြပါ ရည်ရွှယ်ချက် လမ်းစဉ်လေးနဲ့ ဆက်လက် ကြိုးစား လုပ်ဆောင်သွားမှာပါ။

အခု လက်ရှိ အသုံးပြုနေသော www.nayzawlin1.com နဲ့ အတူတူ ဆက်လက်၍ www.nayzawlin1.org လိပ်စာလေးနဲ့ ကိုယ်ပိုင် Domain, Web Hosting, Web Design လေးနဲ့ ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဆိုက်အသစ်လေး တစ်ခုကို 28.6.2011 ရက်နေ့တွင် ထပ်မံဖွင့်လှစ်ပြီး အဝေးရောက် မြန်မာများအတွက် အွန်လိုင်းကနေ သတင်းများ နှင့် သုတ ၊ ရသ လေးများကို ဆက်လက် မျှဝေသွားရန်အတွက် ကြိုးစားဆောင်ရွှက်လျက် ရှိနေပါတယ်။

အခုလက်ရှိ အသုံးပြုနေသော www.nayzawlin1.com ဒိုမိန်းကို မမအိမ်လွမ်းသူ မိသားစု(ဒိန်းမတ်) နိုင်ငံမှလှူဒါန်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆိုက်လေးကို အသစ်ပြန်ပြင်ဖို့ တစ်နှစ်မပြည့်မချင်း ကျွန်တော်ဖျက်လို့ ပြောင်းလဲလို့ မရပါဘူး ... ဒီဆိုက်လေးကို ဒီအတိုင်းလေးပဲ ထားပေးထားမှာပါ။ ဒီဆိုက်လေးက လှူဒါန်းထားတဲ့ ပစ္စည်းဆိုတော့ အဲလိုမလုပ်ရဘူး ...

ကျွန်တော် ဘာဖြစ်လို့ ဒီဆိုက်ကို တည်ထောင်ထားတာလဲ ဆိုတော့ အဖြေက ရှင်းပါတယ်။ အခုလို အမိမြေနဲ့ ခွဲခွာပြီး အဝေးရောက်နေသော မြန်မာနိုင်ငံသားတွေရဲ့ ဘဝကို စာနာလို့ပါ။

ကျွန်တော်လည်း အတူတူပဲ အိမ်နဲ့ခွဲခွာပြီး အဝေးကို ရောက်နေတယ်လေ ... အခုလို အဝေးရောက်နေသော မြန်မာများအတွက် အဆင်ပြေအောင် ကူညီချင်ပါတယ်။ အားလုံးအဆင်ပြေဖို့ ဘယ်လိုကူညီရမလဲ ဆိုတာ ကျွန်တော် စဉ်းစားမိတာနဲ့ ကိုယ်ပိုင်ရေးနေတဲ့ ကျွန်တော့်ရဲ့ဆိုက်လေးကို ပရဟိတ ဖြစ်အောင် သတင်းလေးတွေ တင်ပေးဖြစ်တာပါ။ ဒီလိုနဲ့ အွန်လိုင်းကနေဝက်ဆိုက်တစ်ခု ဖွင့်ပြီး အများသိအောင် ဆောင်ရန် ၊ ရှောင်ရန် လေးတွေကို တင်ပေးပြီး ကူညီပေးခဲ့တာပါ။

ကျွန်တော်အရင်က ဒီဆိုက်ကို စဖွင့်တော့ ကိုယ်ပိုင်စာတွေပဲ ရေးမယ်လို့ စိတ်ကူးပြီး လုပ်ခဲ့တာပါ။ ဒါနဲ့ ကျွန်တော်ဆုံးဖြတ်ချက် ပြောင်းသွားတယ်။ လူဆိုတာ အသက်ရှင်နေတဲ့ အချိန်လေးမှာ သူများအတွက် အသုံးဝင်တဲ့ လူတစ်ယောက်ပဲ ဖြစ်စေရမယ် ဆိုတဲ့စိတ်လေးနဲ့ ဆိုက်လေးကို ပရဟိတ ပြောင်းလဲလုပ်ဆောင်ပြီး သတင်းများနဲ့ သတိပေးချက်လေးတွေ ကို တင်ပေးခဲ့ပါတယ်။

ကျွန်တော် သတင်းတွေတင်ပေးတဲ့နေရာလေးမှာ ထိုင်းသတင်း ၊ မလေးရှားသတင်း စင်္ကာပူသတင်းတွေ ကိုအဓိက တင်ပေးတာပါ။ ဘာကြောင့် ဒီနိုင်ငံတွေပဲ ရွှေးပြီး တင်ပေးတာလဲ ဆိုတော့ ဒုက္ခရောက် အဆင်မပြေတဲ့ နိုင်ငံတွေထဲမှာ ပထမ အခက်အခဲအများဆုံးနိုင်ငံက ထိုင်းနိုင်ငံ က ဖြစ်ပြီး ထိုင်းနိုင်ငံမှာက လူနည်းစုသာ အင်တာနက် သုံးနိုင်ကြပါတယ်။ နေ့စဉ် လက်လုပ် လက်စားတွေ များပြီး ပညာမတတ်တဲ့ သူတွေလည်း များပါတယ်။ တစ်ချို့က တောထဲမှာ လျှစ်စစ်မီးတောင် မရှိတဲ့နေရာတွေမှာ လည်းနေထိုင် လုပ်ကိုင်နေတာတွေ ရှိပါတယ်။

မလေးရှားမှာက 50% ရာခိုင်နှုန်းသာ အင်တာနက် သုံးနိုင်ကြပြီး ကျန်တဲ့ 15% ရာခိုင်နှုန်းက စာပေတွေနဲ့ ထိတွေ့နေရတာပါ။ ကျန်တဲ့ 10% ရာခိုင်နှုန်းက အင်တာနက်ရော စာပေအပိုင်းတွေမှာ ထိတွေ့မှု မရှိပါဘူး အလုပ်လုပ်တဲ့နေရာတွေက မြန်မာဆိုင်တွေနဲ့ လှမ်းနေတာရယ် နေရာဂျောင်ကြနေရယ် နဲ့ ဒီလို ဖြစ်နေရတာပါ။ တစ်ချို့ဆို မလေးမှာ 3 နှစ်နေတာတောင် K L လိုနာမည်ကြီး နေရာတွေကိုတောင် မရောက်ဖူးတာတွေ များပါတယ်။ သူ့နေရာနဲ့သူ အဆင်မပြေတာတွေ များပါတယ်။ ပြီးတော့ အိုဗာစတေးတွေ များပြီး KL လိုနာမည်ကြီးနေရာတွေကို မလာရဲကြပါဘူး ... ကြွက်ကို (မလေးရှား ရဲ) ကြောက်တယ်တဲ့ ဒုတိယ အခက်အခဲ အများဆုံးက မလေးရှားပါ။

စင်္ကာပူမှာက အဆင်ပြေတဲ့သူ ပညာရှင်တွေ ပေါပါတယ်။ အခုဆိုက်ကိုဝင်တဲ့ လူဦးရေထဲမှာလည်း စင်္ကာပူက ထိပ်ဆုံးကပါပဲ။ ဘယ်ဆိုက်မှာ ကြည့်ကြည့် စလုံးက ဝင်တဲ့လူဦးရေ များပါတယ်။ လူတိုင်းနီးပါ အင်တာနက် သုံးနိုင်ကြတယ်လေ ။ မပြေတဲ့သူတွေ အနည်းစုပါ။ အဆင်ပြေတဲ့သူတွေလည်း များပါတယ်။ တတိယ အခက်အခဲများ တာက စင်္ကာပူ ဖြစ်ပါတယ်။

အခု ကျွန်တော်ပြောတဲ့ နိုင်ငံတွေက နိုင်ငံခြားမှာ အဆင်မပြေတဲ့ လူဦးရေ တော်တော်လေး များပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေက သတင်းတွေကို အဓိက တင်ပေးဖြစ်တာပါ။ ပြီးတော့ ကျွန်တော်တစ်ယောက်တည်း လုပ်ဆောင်နေရတယ် ဆိုတော့ အချိန်မပေးနိုင်တာလည်း ပါပါတယ်။

အခု ဝက်ဆိုက်လေး အသစ်ဖွင့်တဲ့ နေရာလေးမှာ ကျွန်တော် အားတစ်ခုတည်းနဲ့ တည်ဆောက်ဖို့ဆိုတာ အဆင်မပြေလှပါဘူး ။ အခုဆိုက်လေးက စီးပွားရေး အတွက်နဲ့ လုပ်ဆောင်မှာ မဟုတ်ပဲ အဝေးရောက်မြန်မာများအတွက် ဆောင်ရန် ၊ ဆောင်ရန် များကို အသိပေး တင်ပြပေးမဲ့ ပရဟိတ ဆိုက်လေး ဖြစ်ပါတယ်။

ဒါကြောင့် စာဖတ်သူ မိတ်ဆွေများထဲမှ စေတနာရှိသူများ ဝက်ဆိုက် အသစ်ဖွင့်လှစ်ရန် အတွက် အလှူငွေများကို နည်းများမဆို ပါဝင်လှူဒါန်း နိုင်ပါတယ်။

အခုလက်ရှိ ဝက်ဆိုက်လေးကို လုပ်ဆောင်သွားမဲ့ နေရာလေးမှာ အထွေထွေ ကုန်ကျမှု (RM, 500) မြန်မာငွေ 85000 ရှိပါတယ်။ တစ်ဦးတည်းလှူမဲ့ အလှူရှင်များ ကို လက်ခံမည် မဟုတ်ပဲ အားလုံး စုပေါင်း လှူဒါန်းနိုင်ပါတယ်။ မလေးရှားက လှူမဲ့ အလှူရှင်တွေ ထဲမှာ 10 ဦးထဲမှာ လက်ခံပြီး အခု စာရေးနေတဲ့ အချိန်လေးမှာ 4 ဦး ဝက်ဆိုက် အလှူရှင် ရရှိနေပြီ ဖြစ်ပါတယ်။

အလှူရှင်တွေထဲမှ မလေးရှားက မြန်မာတွေအတွက် တစ်ဦးကို RM 50 သတ်မှတ်ထားပါတယ်။ ကျွန်တော်ကတော့ ငွေအားရော လူအားပါ ပါဝင်မှာ တာဝန်ယူမှာ ဖြစ်ပါတယ်။ ဝက်ဆိုက် အလှူရှင်များကို မှတ်တမ်း တင်ထားပေး မှာဖြစ်ပါတယ်။

အခု လက်ရှိ လှူဒါန်းထားတဲ့ အလှူရှင်တွေကတော့

1 : မောင်ချမ်းငြိမ်းအောင် - RM, 100
2 : ကိုစိုးအောင်မင်း - RM, 50
3 : အဆွေးလူ (လင်းထက်အောင်) RM, 50
4 : ကိုဝေလွင်ဦး - RM, 50

စာဖတ်သူ မိတ်ဆွေများထဲမှ ဝက်ဆိုက်အလှူပါဝင်လိုပါက nayzawlin1@gmail.com ကို အသေးစိပ် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျား။ ဖုန်း 010 - 2148 677 ကိုလည်း နေ့စဉ် ညနေ 7 နာရီမှ ည 1 နာရီအတွင်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ကျေး ဇူး ထူး တင် ရှိ ပါ တယ် ခင် ဗျာ .....

admin@nayzawlin1.com

Share this article :

4 comments:

မင်းမင်း said...

ရည်ရွှယ်ချက်လေးကောင်းပါတယ်ဗျာ..လေးစားပါတယ်ကိုနေဇော်လင်းရယ်.မှန်ပါတယ်ဗျာ..ထိုင်း မလေးရှား စင်္ကာပူဆိုတာမြန်မာတွေတော်တော်များများရှိနေကြတဲ့နိုင်ငံတွေပါ..စကာင်္ပူကတော့ပြေလည်တဲ့လူတွေများကြပါတယ်..ထိုင်းတို့ မလေးရှားတို့ဆိုတာက ပုံမှန်ပါပဲ..အဖမ်းအဆီးလည်းတအားများပါတယ်..ကြွက်ကြောက်ရတာတာကတစ်မျိုး..ခုတ်မယ့်ကြောင်မှမရှိတာ သောင်းကျန်းမှာပေါ့အဲဒီကြွက်..ပြီးတော့ဟိုဟာကြောက်ရ ဒီဟာကြောက်ရနဲ့ရှိပါသေးတယ်..မလေးကလူတွေပိုသိမှာပါ..နောက်လာမယ့်ဆိုဒ်လေးကို..စောင့်မျှော်နေပါ့မယ်လို့..

ကျော်ကျော် said...

ကောင်းပါတယ်ခင်ဗျား

အခု ကျွန်တော်က ထိုင်းမှာဆိုတော့
ထိုင်းသတင်းတွေ တစ်နေရာတည်းမှာ
ရှိနေတော့ အဆင်ပြေပါတယ် ခင်ဗျာ

ဝက်ဆိုက်အသစ်ထပ်မယ်ဆိုတော့လည်း
ဝမ်းသာပါတယ် ဆက်လက် အားပေးနေမှာပါ

ကျေးဇူး ...

အဆွေးလူ said...

မိုက်တယ်...
အားပေးတယ်သားလေးရေ..
အရမ်းကောင်းတဲ့အစီအစဉ်လေးပဲ
ကြိုးစားကွာ
အောင်မြင်ပါစေ....

မင်းရဲ့ သူငယ်ချင်း...

ဆွေးကြီးးးး

thet tun said...

အကိုရဲ့ ရည်ရွယ်ချက်၊အကိုရဲ့ အတွေးတွေကအရမ်းကောင်းပါတယ်.....
အားပေးပါတယ် အကို
ကျေးဇူးလဲအများကြီးတင်ပါတယ်..

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။