Home » » သစ်သီးများ တင်ဆောင်လာသည့် ကားပေါ်မှ မြန်မာ(၂၁) ဦး ဖမ်းမိ

သစ်သီးများ တင်ဆောင်လာသည့် ကားပေါ်မှ မြန်မာ(၂၁) ဦး ဖမ်းမိ

Written By မောင်စေတနာ on Sunday, June 12, 2011 | 3:09:00 PM

http://www.ghre.org/mm/shared_media/images/20110530a.jpg

ထိုင်းနိုင်ငံ တောင်ပိုင်း၊ ရနောင်းမြို့မှ ချွန်ဖွန်မြို့သို့ ထွက်ခွာလာသော သစ်သီးတင် ကားပေါ်တွင် ပုန်းအောင်း လိုက်ပါလာသည့် မြန်မာနိုင်ငံသား (၂၁)ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ထိုင်းရုပ်မြင်သံကြားလိုင်း အမှတ်(၃)မှ ယမန်နေ့က ထုတ်လွှင့်ခဲ့သည်။

ယမန်နေ့က ရနောင်းမြို့ စုတာဖွန် နယ်မြေ (၃)၊ နအုံ ကျေးရွာရှိ ထုံ့တာပွန် ဂိတ်အမှတ် ၂၅၂၁ တွင် နယ်ခြားစောင့် စစ်တပ်က သစ်သီးတင်ကား ဟိုင်းလတ်အမျိုးအစား အမှတ် ၉၇၀၁ အား စစ်ဆေးစဉ် မြန်မာ အလုပ်သမား အမျိုးသား (၁၄)ဦးနှင့် အမျိုးသမီး (၇)ဦးကို တွေ့ရှိ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြန်မာ အလုပ်သမားများကို ရနောင်းမြို့၊ ကမ်းနားလမ်းရှိ စုန်ပက် ဘုန်းတော်ကြီးကျောင်း အနောက်မှ တင်ဆောင်လာခြင်း ဖြစ်ပြီး ယာဉ်မောင်းသူမှာ ထိုင်းလူမျိုး အသက် (၃၃)နှစ် အရွယ်နှင့် ယာဉ်နောက်လိုက်မှာ အသက် (၂၂)နှစ် အရွယ်များ ဖြစ်သည်။

သယ်ယူ ပို့ဆောင်ပေးခအဖြစ် လူတစ်ဦးလျှင် ဘတ်ငွေ (၃၀၀) ရရှိကြောင်းနှင့် ယခုအကြိမ်သည် ခုနှစ်ကြိမ်မြောက် ဖြစ်ကြောင်း ယာဉ်မောင်းသူက ထွက်ဆိုသည်။ အဆိုပါ ယာဉ်မောင်းသူနှင့် ယာဉ်နောက်လိုက်အား တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

http://www.ghre.org/mm/shared_media/images/20110530b.jpg

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။