Home » » တောင်းပန်တယ် (အောင်လ) သီချင်းလေး နားဆင်ကြမယ်

တောင်းပန်တယ် (အောင်လ) သီချင်းလေး နားဆင်ကြမယ်

Written By မောင်စေတနာ on Wednesday, June 8, 2011 | 6:24:00 PM

အခုတလော အွန်လိုင်းပေါ်မှာ ဒီသီချင်းလေးက နေရာယူလျှက် ရှိနေပါတယ်။ စာဖတ်သူ သီချင်းချစ်သူ မိတ်ဆွေများလည်း အောင်လ ရဲ့ တောင်းပန်ပါတယ် ဆိုတဲ့ သီချင်းလေးကို သိမယ် နှစ်သက်မယ်လို့ ထင်ပါတယ်။

အခု ရက်ပိုင်းအတွင်းပါ ဒီသီချင်းလေး က ကျွန်တော်နဲ့ တော်တော်လေး ရေစက်ရှိတယ် ပြောရမလား ... အရမ်းကို တိုက်ဆိုင်မှုတွေများ နေတယ်။

ဘာဖြစ်လို့လဲ ... ဆိုတော့ ကျွန်တော် အချိန်ရရင် Just Music Radio နားထောင်ဖြစ်တယ်။ ဒီသီချင်းလာတော့ နားထောင်ရတယ်။ ပြီးတော့ အဖြူရောင်သံစဉ် ရေဒီယို နားထောင် ပြန်တော့ လည်း ဒီသီချင်းလွင့်နေတာနဲ့ ဆုံပြန်ရော ....

ဟိုနေ့က သူငယ်ချင်းဆီ အလည် သွားတော့ သူတို့ဆီမှာ တစ်ခါ နားထောင်ရပြန်တယ်။ အခုလည်း အစ်မ တစ်ယောက်က သူချစ်တဲ့ ချစ်သူလေးနဲ့ အဆင်မပြေလို့ ဒီသီချင်းလေးကို တင်ပေးပါလို့ တောင်းဆိုလာပြန်တယ်။

အောင်လ သီဆိုထားတဲ့ တောင်းပန်ပါတယ် သီချင်းလေး ဖြစ်ပါတယ်။ အခု သီချင်းလေးကို တောင်းထားတဲ့ အစ်မ ဖြူစင် နဲ့ အတူတူ အားလုံးပဲ အလည် ရောက်လာသူ မိတ်ဆွေများ နားဆင်ခံစားပေးပါဦး။



Original Song





Karaoke Song



ဒီသီချင်းလေးကို Karaoke Song လေးပါထည့် ပေးထားပါတယ်။ သီချင်းဆိုတာ ဝါသနာပါတယ် ဆိုရင် ဒေါင်းသွားလို့လည်း ရပါတယ်။ သီချင်းလေးကို ကူညီပေးတာကတော့ ကျွန်တော်ရဲ့ မွေးစားဖေကြီး ကိုလှိုင်ဘွား သီချင်းအိမ် ဆိုက်လေးက ကူညီပေးတာ ဖြစ်ပါတယ်။

Photobucket
ဒီ အစီအစဉ်လေးနဲ့ ပက်သက်ပြီး အမှတ်တရ သီချင်းများ တောင်းဆို ချင်တယ် ဆိုရင် သီချင်း နာမည် အဆိုတော် နာမည် ရေးပြီး nayzawlin1@gmail.com nayzawlin1@blumail.org ကို မေးပို့ တောင်းဆို နိုင်ပါတယ် ဆိုတာ အသိပေးပါတယ် ခင်ဗျား ... ♥ ကျေးဇူးတင်ပါတယ်။




Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။