![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBc9GpFM_38L-8-E1nXHQgF7vz9jD8TI-fM7RGRmrxTXziBSJNiDdrxAVKOk_VFanj0_fVUkXIB2QrYiagaGKOB8-wK57KZRK1kwoNgWtnUn2z2p50YxmdUfJb-aetaFMhVL6LUTeOiJ39/s400/singapore-city-of-lion.jpg)
စစ်ကိုင်းပြတ်ရွေ့တွင် တပ်ဆင်ထားသော GPS Station များမှ ရလဒ်များဖြင့် ငလျင်ဆိုင်ရာ တိုင်းတာ လေ့လာမှုများ ပြုလုပ်နိုင်ရန် စင်ကာပူ အခြေစိုက် EOS(Earth Observatory Singapore) မှ သင်တန်းများ ပို့ချရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ စုံစမ်း သိရှိရသည်။
''GPS Station တွေက ရရှိတဲ့ အချက်အလက်တွေကို Data ကောက်ဖို့ အတွက် EOS က သင်တန်းပေးမှာ ဖြစ်ပါတယ်။ လာမယ့် ဇူလိုင်လလောက်မှာ ပို့ချပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ငလျင်ကော်မတီက နှစ်ယောက်ရယ်၊ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက နှစ်ယောက်ရယ် သွားတက်ကြမှာ ဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ တာဝန်ရှိသူက ပြောပြခဲ့သည်။
စစ်ကိုင်းပြတ်ရွေ့တွင် အချိန်မရွေး ငလျင် လှုပ်ခတ်နိုင်သောကြောင့် GPS များမှ ရရှိသော အချက်အလက်များဖြင့် စောင့်ကြည့်တိုင်းတာမှုများ ပြုလုပ်သည့် နည်းတူ ငလျင်ဆိုင်ရာ လေ့လာမှုနှင့် သုတေသန ပြုလုပ်မှုများ စဉ်ဆက်မပြတ် ပြုလုပ်သင့်ကြောင်းကို ငလျင်ဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် EOS မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Source by :http://www.weeklyeleven.com/

0 comments:
Post a Comment