Home » , » တရားတော်နာ ဖိတ်ကြားခြင်း ...

တရားတော်နာ ဖိတ်ကြားခြင်း ...

Written By မောင်စေတနာ on Saturday, June 11, 2011 | 5:54:00 PM




အမေရိကန်နိုင်ငံရှိ ပြည်ပ သာသနာပြုခရီးစဉ်များ ကြွရောက်လာ လျှက်ရှိတဲ့ ပြည်တွင်း ပြည်ပ သာသနာပြုကျော် အဂ္ဂမဟာပဏ္ဍိတ ၊ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ ဘွဲ့တံတော်ရ အလိုတော်ပြည့် ကျောင်းတိုက်များ ၏ အဓိပတိ ဒေါက်တာ ဘဒ္ဒန္တအရိယ၀ံသ Dr. of Tripitaka((India) Ph.D ( Philosophy.Italy) သည် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ (Bay Area) ရှိ ဆရာတော်ကြီးရဲ့ တပည့်ဒကာ/ဒကာများ မိသားစု နှင့် သဒ္ဓါထက်သန်တဲ့ ဥပါသကာများ (Burmeseclassic) အဖွဲ့ရဲ့ဝိုင်းတော်သား များ၏ တောင်းပန် လျှောက်ထား ချက်များကြောင့် ဆန်ဖရန်စစ္စကို(Bay Area) ရှိ

ကျေးဇူးတော်ရှင် အလိုတော်ပြည့်ဆရာတော်ကြီးသည် အထူးတရားပွဲ နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကို ဇွန်လ-၁၁-ရက်-၂၀၁၁ (စနေနေ့)ညနေ့ ၆း၀၀-နာရီအချိန်တွင် မေတ္တာနန္ဒ၀ိဟာရကျောင်းတိုက် 4619 Central AVE, Fremont CA 94536 အဆိုပါကျောင်းတိုက်တွင် ဆရာတော်ကြီးကိုယ်တိုင်းကြွရောက်ပြီး၍ ပဌမည တရားတော်ကို ဟောကြမည့်ဖြစ်ပါသည်။

ဒုတိယနေ့ ညကို ဇွန်လ-၁၂-ရက်-၂၀၁၁(တနင်္ဂနွေ) နေ့လည် (၁း၀၀) နာရီအချိန်တွင် (Jefferson Union High School) 699 Serramonte Blvd,Daly City,CA 94015 --- အဆိုပါမြို့များတွင် အလိုတော်ပြည့် ဆရာတော်ကြီးသည် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ ကိုဟောကြားမည်ဖြစ်ပါသော ကြောင့် ပြည်တွင်း ပြည်ပရှိတပည့် ဒကာ/ဒကာမ များ အပေါင်းတို့အား အသိပေး ဖိတ်ကြား အပ်ပါသည်။

တရားပွဲဖြစ်မြောက်ရေး အတွက် ပါဝင်လှူဒါန်းတဲ့ကုသိုလ်ရှင်များ။

၁- ကိုမောင်ဝင်းဇနီးမဆွေဆွေလဲ့ မိသားစု - ဖိလစ်ပိုင်(Cassava)မုန့်အချို
၂- Omega Auto Shop မိသားစု - ဆနွင်းမကင်းနှင့်ရွှေချည်မုန့်
၃- ကိုနန္ဒ ဇနီး မဥမ္မာ မိသားစု - ဒံပေါက်
၎- ကိုမောင်မောင်သိန်း ဇနီး မစန္ဒာသန်း မိသားစု -
ကောင်းညှင်းငချိတ်ပေါင်း ပဲပြုတ်နှင့် ငါးလေးကြော်
၅- ကိုမျိုးသန့် မိသားစု - သောက်ရေသန့်
၆- မိခင်ကြီး ဒေါ်ကြင်လှ+မမြ၀င်း+ကိုကျော်ဝင်း
ကိုဇော်မင်း ဇနီး မခင်ခင်ထွေး နှင့် သူငယ်ချင်းများတစ်စု - မုန့်ဟင်းခါး
၇-ကိုအောင်မင်း ဇနီး မစန္ဒာ မိသားစု - ခေါက်ဆွဲသုတ်နှင့် အုန်းနို့ခေါက်ဆွဲ
၈-ဒေါ်မေကြည် မိသားစု - မုန်းဟင်းခါး
၉-ဦးသန်းထွန်း ဇနီး ဒေါ်ရူလွင် မိသားစု - ဖာလူဒါ
၁၀-ဦးကျော်စွာ ဇနီး ဒေါ်မြမြသွင် မိသားစု (Bay Area) ဥပါသကာများ - စမူဆာ
၁၁-ကိုဂျပ်စတင် ဇနီး မနီလာ မိသားစု - ကျောက်ကျော ဖျော်ရည်တို့ဖြင့် တရားပွဲလာရောက်သောဧည့်ပရိသတ် အပေါင်းတို့အား အာဟာရ ဒါန ပါဝင် လှူဒါန်းမည့်ဖြစ်ပါသည်။

အဆိုပါတရားပွဲနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက လည်းကောင်း ဖုန်းနံပတ် သို့ဆက်သွယ်နိုင်ပါတယ်။

မေတ္တာနန္ဒ၀ိဟာရကျောင်း
ဖုန်း = (510) 795 0405

ဦးကျော်စွာ
ဖုန်း = (415) 681 4114

မအိန္ဒြာ
ဖုန်း = (510) 896 5051

ကိုအောင်မြင့်ဦး
ဖုန်း = (510) 676 1222 လည်းကောင်း ဖုန်းနံပတ်သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းပြီး အလှူရှင်များ ဆက်သွယ်နိုင်ပါကြောင်း သိရှိရသည်။

For more information
Web.www.alodawpyei.org
Email:alodawpyei@myanmar.com.mm
Email:contact@alodawpyei.org
Email:alodawpyei@gmail.com
Skype account name: uzinblue
H/P:0949-337-997--//--0950-14-500

Source by :Burmeseclassic
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။